cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးကန်သန့်ရှင်းရေးအတွက်အချက်(၅)ချက်

. Fish Articles
(၁) အစာပမာဏ ကို လိုအပ်သည့်ပမာဏအတိုင်းသာတွက်ချက်၍ ကျွေးပေးခြင်း၊
(၂) အကျိုးပြုပိုး (Probiotics) ကိုကန်ရေထဲသို့ ကြိုတင်ထည့်ခြင်း၊
(၃) ကပ်ပါးပိုးမရှိအောင် လုပ်ဆောင်ခြင်း၊
(၄) သင့်တော်သောအချိန်၌ အစာကျွေးခြင်း၊
(၅) ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကိုထိန်းထားခြင်း
  • ငါးကန်သန့်ရှင်းရေးအတွက်လုပ်ဆောင်သင့်သည့်အချက်များ

    ငါးမွေးမြူရေးလုပ်ငန်းမှာ ငါးကန်သန့်ရှင်းအောင် ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးသော အချက်တွေထဲတွင် ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ငါးမွေးမြူရေးလုပ်ကိုင်သူတိုင်း သိသင့်သော ဆောင်ရန်နှင့်ရှောင်ရန်အချက်များကို မျှဝေပေးလိုက်ပါတယ်။

    (၁) အစာပမာဏ ကို လိုအပ်သည့်ပမာဏအတိုင်းသာတွက်ချက်၍ ကျွေးပေးခြင်း

    အစာကျွေးတဲ့အခါမှာ ငါးကန်ထဲမှာရှိတဲ့ ငါးအရေအတွက်နှင့် ငါးအလေးချိန်ပေါ်မှုတည်ပြီး လိုအပ်တဲ့ အစာပမာဏတိုင်းသာ တွက်ချက်ပြီး ကျွေးပေးဖို့လိုပါတယ်။ ဒါ့အပြင် ကန်ထဲတွင် အစာအကြွင်းအကျန်မရှိအောင်လည်း ဂရုစိုက်ရပါမယ်။ အစာအကြွင်းအကျန်များမယ်ဆိုရင် အပင်မျှော(Phytoplankton) ပေါက်ပွားမှုများလာခြင်း၊ အစာအကြွင်းအကျန်များ ပုပ်ပွပျက်စီးပြီး အမိုးနီးယား (Ammonia) ထွက်ခြင်းနှင့် ညအချိန်တွင်ငါးကန်ရေမှာပျော်ဝင်နေသောအောက်စီဂျင် (Dissolved Oxygen)သည် လုံလောက်သော ပမာဏတွင်မရှိတော့သောကြောင့် Oxygenကျခြင်း စသည်တို့ကိုဖြစ်ပေါ်စေနိုင်ပြီး ကန်ထဲရှိ ငါးများ သေဆုံးတာမျိုး ဖြစ်တတ်ပါတယ်။

    (၂) အကျိုးပြုပိုး (Probiotics) ကိုကန်ရေထဲသို့ ကြိုတင်ထည့်ခြင်း

    ကန်ရေကို အကျိုးပြုပိုး(Probiotic)တွေ ကြိုတင်ထည့်မှ လိုအပ်တဲ့ အကျိုးပြု ဘက်တီးရီးယား (Beneficial Bacteria)တွေကို ပိုမိုပေါက်ပွားစေမှာဖြစ်ပြီး အမိုးနီးယားနှင့်နိုက်ထရိတ်ဓာတ်တက်ခြင်း (Ammonia and Nitrite Toxicity) ကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အကျိုးပြုပိုး (Probiotic) သည် ရောဂါဖြစ်စေသော ဘက်တီးရီးယား (Pathogenic Bacteria) ရဲ့ပမာဏကို ကြိုတင်လျော့ချပေးနိုင်တဲ့အတွက် နှစ်လကိုတစ်ခါ ကန်ထဲမှာ အသုံးပြုသင့်ပါတယ်။ လုပ်ဆောင်ရမည့်နည်းလမ်းကတော့ မုန့်လုပ်ထန်းလျက်အမဲ သို့မဟုတ် သကြား (Probiotics Plus Sugar Source) ကို ရေပမာဏ အသင့်အတင့်ထဲသို့ ရောထည့်မွှေပြီး မနက်ခင်းနေထွက်ပြီးနောက် ၅နာရီအကြာတွင် ကန်ထဲသို့ ထည့်ပေးရပါမယ်။

    (၃) ကပ်ပါးပိုးမရှိအောင် လုပ်ဆောင်ခြင်း

    ကပ်ပါးပိုးတွေ ကန်ရေမှာရှိနေရင် (သို့မဟုတ်) ငါးမှာ ချိပ်ပိုးကပ်နေတာတွေ့ရင် ရေလဲလှယ်ပေးခြင်း (Water Exchange) လုပ်ရပါမယ်။ ပြီးရင် ဆားကြမ်းကို ဆာလာအိတ်ထဲထည့်ပြီး ကန်ထဲမှာ ဝါးလုံးထောက်ချိတ်ဆွဲထားပေးရပါမယ်။ ဒါမှ ကပ်ပါးပိုးရှိတဲ့ ငါးတွေက အဲ့ဒီ ဆားအိတ်နှင့် လာပွတ်ပြီး ကပ်ပါးကိုခွာချခြင်း လုပ်ဆောင်မှာဖြစ်ပါတယ်။ ကပ်ပါးပြင်းထန်မယ်ဆိုရင်တော့ Ivermectin, Copper Sulphate (ဒုတ္ထာ)သုံးပေးလို့ရပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေဖြင့် ကပ်ပါးပိုးမရှိရအောင် ငါးကန်အသစ် စပြင်တဲ့အချိန်ထဲက ရေတစ်လီတာမှာ ကလိုရင်း ၂၀မီလီဂရမ် (Chlorine 20mg per litre) သို့မဟုတ် ၁ဧကအတွက် မဖောက်ထုံး ၆၀၀ ကီလိုဂရမ် (Calcium Oxide 600kg/acre)ဖြင့်ငါးကန်အသစ်သို့ ရေနှင့် ငါးမထည့်ခင် ကြိုတင်ပြီး ပိုးသတ်ခြင်း(Disinfection)လုပ်ထားလို့ရပါတယ်။

    (၄) သင့်တော်သောအချိန်၌ အစာကျွေးခြင်း

    နေထွက်ပြီး ၃နာရီကျော်မှ ကန်ရေအပူချိန်သည် ငါးများ တက်ကြွလန်းဆန်းသော အခြေအနေကိုရောက်မှာဖြစ်ပါတယ်။ အဲ့ဒီအချိန်သည် ငါးရဲ့ အစာစားချင်စိတ်ကို လှုံဆော်ပေးပြီး အစာကျွေးမယ်ဆိုရင် ကျွေးသမျှ အစာကုန်မှာဖြစ်ပါတယ်။

    သတိထားရမည့်အချက်တွေကတော့ ရေအပူချိန်(၂၅)ဒီဂရီအောက်မှာ အစာကျွေးမယ်ဆိုရင် ငါးက အစာစားချင်စိတ်သိပ်မရှိတဲ့အတွက် ကျွေးသမျှ အစာကို အကုန်စားခြင်း(Active Feeding) မရှိဘဲ အစာကျန်ခြင်း နှင့် လှိုင်းပုတ်၍ကမ်းနားက ဒိုက်တွေထဲတွင် အစာတွေကပ်ကျန်ပြီး အလေ့အလွင့်ဖြစ်ကာ ကန်ရေကို ညစ်ညမ်းစေမှာဖြစ်ပါတယ်။

    နောက်အချက်ကတော့ အစာကိုအချိန်မှန်မှန် ကျွေးဖို့လိုအပ်ပါတယ်။ ဥပမာ အစာကို မနက်၉နာရီမှာ ပုံမှန်ကျွေးနေကျဆိုရင် ငါးကပုံမှန်အစာစားချိန်ကိုသိတဲ့အတွက် ကိုးနာရီထိုးခါနီးမှာ လာစောင့်နေပါတယ်။ ကျွေးနေကျအချိန် ၉နာရီမှာမကျွေးပဲ အချိန်ပြောင်းကျွေးမယ်ဆိုရင် ငါးအစုံက မသိတဲ့အတွက် လာမစားကြဘူး။ အစာကျန်ပြီးကမ်းကပ်ကာအလေအလွင့်ဖြစ်မယ်၊ ရေထဲမှာ ငါးမစားသေးတဲ့အစာတွေက အချိန်အကြာကြီးမျှောနေပြီး အစာထဲမှာပါတဲ့ ဗီတာမင်(Water Soluble Vitamin)များဆုံးရှုံးနိုင်ပါသည်။ အဆိုပါ Vitaminများသည် ငါးရဲ့ကိုယ်ခံအား(Immunity)ကို ကောင်းစေသောကြောင့် ၄င်းဗီတာမင်(Vitamin) တွေအလကားဆုံးရှုံးသွားမှုမရှိအောင် အစာကို အချိန်မှန်မှန်စနစ်တကျကျွေးရပါမည်။

    (၅) ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကိုထိန်းထားခြင်း

    ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ အဲ့ဒါမှ ရောဂါဖြစ်စေသောဘက်တီးရီးယား (Pathogenic Bacteria) ပေါက်ပွားမှုနည်းပါမည်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။

    Source: https://www.deheus.com.mm/art.../insights/fish_lake_cleaning

    -----------------

    မွေးမြူရေးဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes7comments0
views1767