cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြေပဲစိုက်တောင်သူဦးကြီးတို့ရဲ့ စိတ်ကူးကို ရိုက်ချိုးပစ်နိုင်တဲ့ ရွက်ပြောက်ရောဂါ

. Diseases
မြေပဲပင် ၁၅ ရက်ကနေ ၁၂၀ ရက်သားအတွင်း ကျရောက်တတ်တဲ့ ရောဂါတစ်မျိုးကတော့ မြေပဲ ရွက်ပြောက်ရောဂါဖြစ်ပါတယ်။ မြေပဲရွက်ပြောက်ရောဂါကို တောင်သူတွေက ရောဂါကျချိန်လိုက်ပြီး နာမည်ပေးတာတွေ ရှိပါသေးတယ်။ မြေပဲပင်စိုက်ပြီး ၁၅ ရက်သားနောက်ပိုင်းမှာ ကျရောက်ပါက ရွက်ပြောက်စော ဟု ခေါ်ကြပါတယ်။
  • ပြည်တွင်းစားသုံးမှုဖူလုံဖို့နဲ့ ပြည်ပနိုင်ငံများအထိ ဝင်ငွေခြေဆန့်လိုကြတဲ့ တောင်သူများအတွက် မြေပဲဟာ စိတ်ကူးယဉ်စရာ အကောင်းဆုံး သီးနှံဖြစ်ပါတယ်။ အထွက်နှုန်းကောင်းဖို့ တောင်သူများရဲ့ စိတ်ကူးကို ရိုက်ချိုးပစ်နိုင်တာကတော့ ရောဂါဘဲ ဖြစ်ပါတယ်။ မြေပဲပင် ၁၅ ရက်ကနေ ၁၂၀ ရက်သားအတွင်း ကျရောက်တတ်တဲ့ ရောဂါတစ်မျိုးကတော့ မြေပဲ ရွက်ပြောက်ရောဂါဖြစ်ပါတယ်။ မြေပဲရွက်ပြောက်ရောဂါကို တောင်သူတွေက ရောဂါကျချိန်လိုက်ပြီး နာမည်ပေးတာတွေ ရှိပါသေးတယ်။ မြေပဲပင်စိုက်ပြီး ၁၅ ရက်သားနောက်ပိုင်းမှာ ကျရောက်ပါက ရွက်ပြောက်စော ဟု ခေါ်ကြပါတယ်။ လက္ခဏာအနေနဲ့ အပင်ရဲ့ အရွက်တွေမှာ အညိုရောင်၊ အနက်ရောင် အစက်အပြောက်တွေ စတင်ဖြစ်ပေါ်လာမှာဘဲ ဖြစ်ပါတယ်။ အပြောက်တွေက အလည်မှာ ဖြစ်ပေါ်နေပြီး ဘေးပတ်လည်မှာ စက်ဝိုင်းပုံနီးပါး အဝါရောင် အရစ်လေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အပင်သက်တမ်း ၃၅ ရက်သား ရောက်ပြီဆိုရင် ရွက်ပြောက်နှောင်း ဟု ပြောင်းလဲခေါ်ဝေါ်လာကြပါတယ်။ ညိုနက်ရောင်အပြောက်တွေဟာ စက်ဝိုင်းပုံ အတိအကျ မရှိတော့သလို ဘေးပတ်လည်က အဝါရောင်အရစ်လေးတွေကလည်း စက်ဝိုင်းပုံ အတိအကျ မရှိတော့ပါဘူး။ မညီမညာနဲ့ အစက်အပြောက်တွေဟာ တဖြည်းဖြည်းကြီးမားလာပါတယ်။ ဒီလိုကြီးမားလာတဲ့ အစက်အပြောက်တွေဟာ တစ်ခုနဲ့ တစ်ခု ပေါင်းစပ်သွားပြီး အရွက်တစ်ခုလုံး ခြောက်သွားပါတယ်။ အရွက်တွေ ခြောက်သွားတဲ့အတွက် အပင်က အာဟာရ မရနိုင်တော့ဘဲ အထွက်နှုန်းများကို များစွာ ယုတ်လျော့စေပါတယ်။ မြေပဲခင်းတွေကို အဓိက ဒုက္ခပေးနိုင်ဆုံးကတော့ ရွက်ပြောက်နှောင်းရောဂါဘဲ ဖြစ်ပါတယ်။ ဘတ်တီးရီးယားပါဝင်တဲ့ မှိုတစ်မျိုးကနေ ကူးစက်တတ်တဲ့ ရောဂါဖြစ်တဲ့အတွက် လေနှင့်အတူကူးစက်တတ်တဲ့ လေဆောင်ရောဂါအဖြစ် တောင်သူများ သိကြတဲ့ ရောဂါပါ။ ရောဂါလက္ခဏာတွေ့တဲ့အပင်ကို မဖျက်ဆီးနိုင်ခဲ့ဘူးဆိုရင် အထွက်နှုန်းကို ၄၀ ရာခိုင်နှုန်းအထိ ထိခိုက်ဆုံးရှုံးစေတဲ့ ရောဂါဆုံးတစ်ခုဖြစ်ပါတယ်။ မြေပဲပင် ရွက်ပြောက်ရောဂါကို ဘယ်လိုကာကွယ် ကြမလဲဆိုတဲ့ တောင်သူများခင်ဗျာ အောက်ပါပုံကို နှိပ်ပြီး အပြည့်အစုံကြည့်ရှုလေ့လာလို့ ရပါတယ်ခင်ဗျာ။


    Video ကြည့်ပြီး ကြိုက်နှစ်သက်ပါက Like and Subscribe လေး လုပ်ပေးခဲ့ကြပါအုံးခင်ဗျာ။

    https://youtube.com/watch?v=1QYNX3qeL20&si=bpVtLtZ0y3-wKA0I



  • article
  • article
likes12comments0
views1623