cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

လယ် ၁၀ ဧက အထက်ပိုင် တောင်သူများကိုချေးငွေများ ထုတ်ချေးပေးသွားမည်

. Cultivation Methods
ဖေဖော်ဝါရီလအတွင်း ချေးငွေများထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် က သိရသည်။

ချေးငွေထုတ်ချေးရန် အတွက် ရန်ကုန် ၊ ပဲခူး ၊ နေပြည်တော် ၊ဧရာဝတီတိုင်းမှ တောင်သူဦးရေ ၁ သိန်းကို ကနဦးစိစစ်ရွေးချယ်ထားပြီးဖြစ်သည်။
  • ၂၀၂၄ခုနှစ်နွေစပါးစိုက်ရာသီမှာ လယ်ဧက ၁၀ ဧကအထက်ရှိသည့် တောင်သူတွေကိုချေးငွေထုတ်ချေးခြင်းအား ဖေဖော်ဝါရီလအတွင်း ချေးငွေများထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် က သိရသည်။

    ချေးငွေထုတ်ချေးရန် အတွက် ရန်ကုန် ၊ ပဲခူး ၊ နေပြည်တော် ၊ဧရာဝတီတိုင်းမှ တောင်သူဦးရေ ၁ သိန်းကို ကနဦးစိစစ်ရွေးချယ်ထားပြီးဖြစ်သည်။

    " လာမယ့်အပတ်ထဲမှာ ထုတ်ချေးဖို့စီစဉ်ထားပါတယ်၊အခုလ ၁၅ ရက်အတွင်း ထုတ်ချေးပေးမှာပါ ၊ အဓိက တောင်သူတွေ စိုက်ပျိုးစရိတ်အတွက် စိတ်မပူရအောင် ကာလတိုထုတ်ချေးပေးတဲ့သဘောပါ " ဟု ၄င်းကပြောသည်။

    ချေးငွေထုတ်ချေးရန် ရွေးချယ်ခံရသည့် တောင်သူတွေအနေဖြင့် လယ်တစ်ဧကို ငွေကျပ် ၄ သိန်း ထုတ်ချေးပေးမှာဖြစ်ပြီး ချေးငွေကာလက စပါးသီးနှံတစ်ရာသီ (၄)လမှ (၅)လ အထိ ဖြစ်ပြီး အတိုးနှုန်းက (၁) နှစ်ကို (၁၀)ရာခိုင်နှုန်း ပေးရမည်ဖြစ်သည်။

    ယင်း ချေးငွေကို MRF နှင့် ပုဂ္ဂလိကဘဏ်တွေပူးပေါင်းပြီးဆောင်ရွက်ခြင်းဖြစ်ပြီး ချေးငွေကို ပုဂ္ဂလိက ဘဏ်တွေကနေ ထုတ်ချေးပေးမှာဖြစ်သည်။

    MRF က ချေးငွေ ရယူလိုသည့် တောင်သူတွေကို ချေးငွေလျှောက်ထားခြင်းကို ၂၀၂၃ ဒီဇင်ဘာလ ၂၀ ရက်ကစပြီး ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

    ချေးငွေရယူလိုသည့် တောင်သူများအနေဖြင့် လျှောက်ထားသူအမည်၊ အဘအမည်၊ နိုင်ငံသားကတ်အမှတ်၊ ပုံစံ (၇)အရ - အမည်ပေါက်( တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်၊ကျေးရွာအုပ်စု/ကျေးရွာ၊ကွင်း/ ဦးပိုင်)၊ ဧရိယာဧက စုစုပေါင်း၊ ဖွံ့ဖြိုးရေးချေးငွေရယူလိုသော ဧက၊ ဖွံ့ဖြိုးရေးချေးငွေလျှောက်ထားလိုသည့် စပါးရာသီ - ၂၀၂၃ ခုနှစ် နွေစပါး / ၂၀၂၄ ခုနှစ် မိုးစပါး၊ ဖွံ့ဖြိုးရေးချေးငွေရယူလိုသည့် (လ/ခုနှစ်)၊လျှောက်ထားသူ၏ နေရပ်လိပ်စာအပြည့်အစုံအပါအဝင် ဆက်သွယ်ရန် ဖုန်းနံပါတ်၊လျှောက်ထားသူလက်မှတ် တွေ ကိုဖြည့်သွင်းပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကို Email နဲ့ဖြစ်စေ Viber Phone No (09400067240) ဖြစ်စေ၊ တခြားနည်းလမ်းအရဖြစ်စေ ပေးပို့လျှောက်ထားရန် အသိပေးပြီး ရွေးချယ်ခဲ့တာဖြစ်သည်။

    လက်ရှိမှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နွေစပါးစိုက်ပျိုးနိုင်သည့်ဒေသများတွင် နွေစပါးကို စိုက်ပျိုးနေကြပြီ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဧပြီ၊မေ လများတွင် စတင်စိုက်ပျိုးလေ့ရှိကြောင်းသိရသည်။

    AMIAမှ ကူးယူဖော်ပြအပ်ပါသည်။

    -------------------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes14comments0
views1457