cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဓာတ်မြေသြဇာတန်ချိန် ၂ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၅၀၀၀ ကို ပြည်ပမှ တင်သွင်းမည်

. All News
လာမည့်မိုးစပါးစီမံကိန်းမှာလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေနှင့် နေပြည်တော်အပါအဝင်တိုင်း ဒေသကြီးနှင့်ပြည်နယ် ၁၀ ခုရှိ ၇ဒသမ ၄ သိန်းကျော်မှာ ယူရီယားဓာတ်မြေဇာတန်ချိန် ၃၇၀၀ ကျော်နှင့် ကွန်ပေါင်းဓာမြေဇာတန်ချိန် ၃၇၀၀၀ ကျော်စုစုပေါင်း တန်ချိန် ၇၄၀၀၀ ကျော် လိုအပ်ကြောင်းခန့်မှန်းထားပြီး ယင်းလိုအပ်ချက်မှာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေနှင့်ဆောင်ရွက်သည့် စီမံကိန်းများအတွက်လိုအပ်သည့် သွင်းအားစုများဖြစ်သလို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေနှင့်အကြုံမဝင်သည့် လုပ်ငန်းများအတွက်လည်း တောင်သူများသက်သာစွာဝယ်ယူနိုင်ရန်စီစဉ်ဆောင် ရွက်ထားကြောင်း သိရသည်။
  • ယူရီးယားမြေသြဇာ ဝယ်ယူဖြည့်တင်းရောင်းချရေး ဦးဆောင်ကော်မတီ အနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွင်းလိုအပ်မည့် ဓာတ်မြေသြဇာတန်ချိန် ၂ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၅၀၀၀ ကို ပြည်ပမှ တင်သွင်းပြီး တောင်သူများထံ ဈေးနှုန်းသက်သာစွာဖြင့်ရာသီချိန်အမီဖြန့်ဖြူး ရောင်းပေးသွား မည်ဖြစ် ကြောင်းသိရသည်။

    ၂၀၂၃-၂၀၂၄ခုနှစ် ဘဏ္ဍာနှစ်အတွက် ဓာတ်မြေသြဇာတန်ချိန် ၂ သန်းနှင့် ပိုးသက်ဆေးတန်ချိန် ၃၇၀၀၀အတွက် သွင်းကုန်လိုင်စင် ရရှိရေးကို စီစစ်ထောက်ခံပေးထားကြောင်း ကော်မတီမှ သိရသည်။

    ဆောင်းရာသီ ဆီထွက်သီးနှံ စီမံကိန်းမှ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၂ ခုမှ စိုက်ဧက ၁ဒသမ ၂သိန်း မှာ ယူရီယားဓာတ်မြေဇာတန်ချိန် ၄၉၀၀နှင့်ကွန်ပေါင်းဓာမြေဇာတန်ချိန် ၂၁၀၀၀ ၊နွေစပါးစီမံကိန်း မှာ နေပြည်တော်အပါအဝင် တိုင်းဒေသပြီးနှင့်ပြည်နယ် ၆ခုမှ စိုက်ဧက ၇ ဒသမ ၂ သိန်းမှာ ယူရီယားဓာတ်မြေဇာတန်ချိန် ၃၆၀၀၀ ကျော်နှင့်ကွန်ပေါင်းဓာမြေဇာတန်ချိန် ၃၆၀၀၀ ကျော်ကိုသုံး စွဲသွားရန် လျာထားဆောင်ရွက်လျက်ရှိသည်။

    ထို့ပြင် လာမည့်မိုးစပါးစီမံကိန်းမှာလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေနှင့် နေပြည်တော်အပါအဝင်တိုင်း ဒေသကြီးနှင့်ပြည်နယ် ၁၀ ခုရှိ ၇ဒသမ ၄ သိန်းကျော်မှာ ယူရီယားဓာတ်မြေဇာတန်ချိန် ၃၇၀၀ ကျော်နှင့် ကွန်ပေါင်းဓာမြေဇာတန်ချိန် ၃၇၀၀၀ ကျော်စုစုပေါင်း တန်ချိန် ၇၄၀၀၀ ကျော် လိုအပ်ကြောင်းခန့်မှန်းထားပြီး ယင်းလိုအပ်ချက်မှာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေနှင့်ဆောင်ရွက်သည့် စီမံကိန်းများအတွက်လိုအပ်သည့် သွင်းအားစုများဖြစ်သလို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေနှင့်အကြုံမဝင်သည့် လုပ်ငန်းများအတွက်လည်း တောင်သူများသက်သာစွာဝယ်ယူနိုင်ရန်စီစဉ်ဆောင် ရွက်ထားကြောင်း သိရသည်။

    လာမည့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် သွင်းအားစုလိုအပ်ချက်ကို ရာဘာတင်ပို့ပြီးရရှိသည့် ပို့ကုန်ရငွေများနှင့် အသုံးပြုတင်သွင်းနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလားတူအခြားနည်း လမ်းများဖြင့်လည်းတင်သွင်းနိုင်ရေး ဆောင်ရွက်နေကြောင်း တောင်သူများသို့ ပြန်လည်ရောင်းချပေးမည့် ရည်ညွှန်းဈေးနှုန်းများကိုလည်း ထုတ်ပြန်ပေးလျက်ရှိကြောင်းသိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြအပ်ပါသည်။

    -------------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
10
comments
0
views
1323