cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဆားပေါက်ပြဿနာ ဖြေရှင်းဖို့ရာ အဖြေရှာ 🤔🤔

. Land Preparation
ရေသွင်းနည်းစနစ် မမှန်ကန်ခြင်းဖြင့် မြေအောက်ရေ မြင့်တက်လာပြီး အောက်မှ ဆားများ မျက်နှာပြင်ရောက်ရှိလာခြင်း၊
  • မြေဆီလွှာတွင် အငန်ဓာတ် လွန်ကဲစွာ ဖြစ်ပေါ်လာခြင်းကို ဆားပေါက်ခြင်းဟု ခေါ်ဆိုသည်။

    ဆားပေါက်မှု၏ အကြောင်းအရင်း

    မြေဆီလွှာတစ်ခုတွင် ဆား(သို့) ဆပ်ပြာပေါက်ခြင်း၏ အရင်းခံဇစ်မြစ်မှာ

    • မူလ မြေဆီလွှာအတွင်းတွင် ဆိုဒီယမ် ပါဝင်မှု များခြင်း ၊ မိုးရေချိန် နည်းပါးခြင်း ၊ အပူချိန် မြင့်မားခြင်းတို့ကြောင့် မြေအောက်မှ ဆားများ မြေမျက်နှာပြင်ပေါ် စုပုံလာပြီး ဆားပေါက်ခြင်း၊

    • ရေသွင်းနည်းစနစ် မမှန်ကန်ခြင်းဖြင့် မြေအောက်ရေ မြင့်တက်လာပြီး အောက်မှ ဆားများ မျက်နှာပြင်ရောက်ရှိလာခြင်း၊

    • သွင်းရေ အရည်သွေး ညံ့ဖျင်းခြင်း၊

    • ပင်လယ်ရေငန်ဝင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။

    ဆားပေါက်ခြင်း လက္ခဏာများ

    •ဆားပေါက်မြေတွင် စိုက်ပျိုးထားသော အပင်သည် ဆိုဒီယမ် ၊ ကလိုရင်းတို့ကြောင့် အပင်အဆိပ်သင့်ခြင်း၊

    • အပင်မှ ရေစုပ်ယူမှု ကို ဟန့်တားစေခြင်း၊

    • ပိုတက်ဆီယမ် ၊ ကယ်ဆီယမ် အစရှိသော အာဟာရများ စုပ်ယူမှုကို ဟန့်တားသဖြင့် အပင်များ ကြီးထွားမှုကို နှေးစေပြီး အထွက်နှုန်းကိုလည်း ကျဆင်းစေသည်။

    • အရွက်ထိပ်ဖျားများ ခြောက်လာ၍ အကွက်လိုက်သေခြင်း အစရှိသည်တို့ ဖြစ်တတ်သည်။

    ဆားပေါက်မြေဆီလွှာ ပြုပြင်နည်း

    • ဆားငန်ခံ သီးနှံများနှင့် အလှည့်ကျ စိုက်ပျိုးခြင်း

    • ဆားငန်ခံသော မျိုးများအား ရွေးချယ်စိုက်ပျိုးခြင်း

    • စိုက်ချိန်ပြောင်းလဲခြင်း

    • ဆားပေါက်နေသော မြေဆီလွှာကို မိုးရေဖြင့် ဆေးကြောခြင်း

    • ဆားငန်ရေဝင်ရောက်မှု တားဆီးခြင်း ၊ တာပတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး

    • သီးနှံပင်လိုအပ်သော အဓိက အာဟာရများဖြစ်သော နိုက်ထရိုဂျင် ၊ ပိုတက်ဆီယမ် ၊ ဖော့စဖိတ် အစရှိသည်တို့ကို လုံလောက်စွာ ကျွေးပေးခြင်း၊

    • သဘာ၀ မြေသြဇာနှင့် မြေဆွေးများ ထည့်ပေးခြင်း

    • ပိုတက် မြေသြဇာကို အပင် ဖုံးတုံးလုံးတုံးအချိန်တွင် ကျွေးပေးခြင်း

    • ပိုတက် မြေသြဇာကို ရွက်ဖျန်းအသွင် ဖြည့်တင်းပေးလိုက်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။

    Reference -စပါးစိုက်မြေဆီလွှာ(ဒေါ်စန်းစန်းမြင့်)

    ----------------------------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
  • article
  • article
likes12comments0
views2826