cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်းစားသုံးမှုမရှိသည့် တစ်သျှူးငှက်ပျော တန်ချိန် ၄ သိန်းကျော် တရုတ်သို့ တင်ပို့

. All News
တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်က မိုးမောက်၊ မံစီ၊ ရွှေကူနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ငါးအိုးမြို့နယ်တို့မှာ အများဆုံးစိုက်ပျိုးကြပြီး တရုတ်ဈေးကွက်ထံ အဓိကတင်ပို့ရောင်းချလျက်ရှိပါတယ်။
  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇန်နဝါရီလကုန်အထိ ကံပိုင်တည်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်တွေကနေ တရုတ်နိုင်ငံထံ တစ်သျှူးငှက်ပျောတန်ချိန် ၄၀၂,၁၉၁ နီးပါး တင်ပို့ထားကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

    ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ကုန်တင်ယာဉ်အစီးရေ ၁၂,၁၀၃ စီးနဲ့ ငှက်ပျောတန်ချိန် ၄၉၁,၉၅၄ တန် တင်ပို့နိုင်ခဲ့ပါတယ်။

    အဲ့ဒါကြောင့် ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ကုန်တင်ယာဉ် ၁၂၃၄၈ စီးနဲ့ တန်ချိန် ၄ သိန်းကျော် တင်ပို့ထားပြီးဖြစ်လို့ ယခင်နှစ်ထက် တင်ပို့မှု ပိုများလာနိုင်တယ်လို့ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ပြောပါတယ်။

    မြန်မာနိုင်ငံမှာ တစ်သျှူးငှက်ပျောကို ပြည်တွင်းစားသုံးမှုမရှိဘဲ ပြည်ပကို တင်ပို့ရောင်းချဖို့အတွက်သာ ရည်ရွယ်စိုက်ပျိုးကြပါတယ်။

    လက်ရှိမှာ တရုတ်နိုင်ငံကို တစ်သျှူးငှက်ပျောတင်ပို့ဖို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ၃၂ ခုရှိနေပြီး ဧက ၅၀,၀၀၀ ကျော် စိုက်ပျိုးထားပါတယ်။

    တစ်သျှူးငှက်ပျောက နိုဝင်ဘာလကနေ မတ်လအထိ အသီးသီးတာကြောင့် အဆိုပါလပိုင်းအတွင်းမှာပဲ အဓိကတင်ပို့လျက်ရှိတာပါ။

    ကိုဗစ်မတိုင်မီ ကချင်ပြည်နယ်မှာ တစ်သျှူးငှက်ပျောစိုက်ဧက ၇၀,၀၀၀ စိုက်ပျိုးခဲ့ပြီး ယခုအခါမှာ ဧက ၅၀၀၀၀ သာ ကျန်ရှိတော့ကာ တစ်ဧကကို အမေရိကန်ဒေါ်လာ ၆,၀၀၀ ရရှိတယ်လို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

    တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်က မိုးမောက်၊ မံစီ၊ ရွှေကူနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ငါးအိုးမြို့နယ်တို့မှာ အများဆုံးစိုက်ပျိုးကြပြီး တရုတ်ဈေးကွက်ထံ အဓိကတင်ပို့ရောင်းချလျက်ရှိပါတယ်။

    BETV Business မှ ကူးယူဖော်ပြအပ်ပါသည်။

    -------------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes11comments0
views1579