cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အာလူးတွင် ဆိုးဆိုးရွားရွား တိုက်ခိုက်သော နီမတုပ်ရောဂါ❗️🔔

. Diseases
နီမတုပ်များသည် သဲဆန်သော မြေနှင့် ပူနွေးနေသော အခြေအနေကို နှစ်သက်သည်။

မြေနှင့် ရေတို့မှ တဆင့်လည်း ကူးစက်နိုင်သည်။
  • အာလူးစိုက်ခင်းတွင် အတန်းလိုက် (သို့) စက်ဝန်းအလိုက် အပင်ညိုးနေခြင်း၊ ပုနေခြင်း (သို့) အဝါရောင်အပင်များကို ကွင်းထဲတွင် တွေ့နိုင်သည်။

    နီမတုပ်များသည် သဲဆန်သော မြေနှင့် ပူနွေးနေသော အခြေအနေကို နှစ်သက်သည်။

    မြေနှင့် ရေတို့မှ တဆင့်လည်း ကူးစက်နိုင်သည်။

    မျိုးစေ့ဆောင်ရောဂါ အနေဖြင့်လည်း ပျံ့နှံ့နိုင်သည်။

    ဘတ်စုံကာကွယ်ရေးနည်းလမ်း

    ဖြစ်နိုင်သမျှ သီးလှည့်စိုက်ပျိုးပါ။ အာလူးကို ၆ နှစ် ၁ကြိမ် စိုက်ပျိုးပါက ခံနိုင်ရည် မရှိသော အာလူးမျိုးများကို စိုက်ပျိုးလျှင်ပင် ပြဿနာ မရှိနိုင်ပါ။

    သန့်စင်ထားခြင်း မရှိသော စက်နှင့် မြေဆီလွှာများမှ တဆင့် မိမိစိုက်ခင်းထဲသို့ နီမတုပ်များ ပါမလာစေရန် ကာကွယ်ရမည်။

    ခံနိုင်ရည်ရှိသည့် မျိုးများကို စိုက်ပျိုးရမည်။

    အလေ့ကျပေါက်ရောက်သည့် အာလူးပင်များကို ရှင်းလင်းပါ။

    နီမတုပ်ကျရောက်မှုကို ထိန်းချုပ်လိုလျှင်-

    ကပ်စေးနှဲပင်တစ်မျိုးကို အဓိက သီးနှံအနေဖြင့် စိုက်ပါ။

    ခံနိုင်ရည်နည်းသည့်မျိုးကို ထောင်ချောက်သီးနှံအဖြစ် စိုက်ပျိုးပါ။

    ဓာတုပိုးသတ်ဆေးများဖြင့် မြေဆီလွှာကို ပိုးသန့်ပါ။

    Source: Fresh Studio Myanmar EAT/VEG

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes14comments0
views1535