cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရေထုတ် ငါးကန်ဖော်ခြင်းနှင့် ဆောင်ရွက်ရမည့် အချိန်ကာလ၊ ကောင်းကျိုး ဆိုးကျိုးများအကြောင်း🐋🐋

. Fish Articles
ရေထုတ်ရမည့် ရာသီ

မိုးရေကိုမှီခို၍ ဆောင်ရွက်ရသည့် ငါးကန်များသည် ဆောင်းရာသီအကုန်တွင် ရေထုတ်သင့်ပါသည်။

ရေထုတ်ရမည့် အချိန်

မနက်ခင်းအချိန်သည် အကောင်းဆုံးအချိန် ဖြစ်ပါသည်။
  • ရေထုတ်ခြင်းဖြင့် ငါးကန်ဖော်နည်းသည် အသုံးများသည့် နည်းလမ်းတစ်ခုဖြစ်ပြီး ယင်းသို့ ဆောင်ရွက် ရာတွင် နည်းစနစ်များ၊ သတိထားရမည့်အချက်များ၊ ရေထုတ်ရမည့် အချိန်ကာလနှင့် ကောင်းကျိုး ဆိုးကျိုးများကို အောက်ပါအတိုင်း ထုတ်နုတ်ဖော်ပြလိုပါသည်။

    ငါးကန် အောက်ခြေ အနေအထား

    ငါးကန်၏ အောက်ခြေသည် လျှောစောက်အနေအထားဖြစ်နေရပါမယ်။ သို့မှသာ ရေထုတ်ပေါက်မှ တဆင့် ရေထုတ်ရာတွင် အဆင်ပြေလွယ်ကူမှာ ဖြစ်ပါသည်။

    ရေထုတ်ရမည့် ရာသီ

    မိုးရေကိုမှီခို၍ ဆောင်ရွက်ရသည့် ငါးကန်များသည် ဆောင်းရာသီအကုန်တွင် ရေထုတ်သင့်ပါသည်။

    ရေထုတ်ရမည့် အချိန်

    မနက်ခင်းအချိန်သည် အကောင်းဆုံးအချိန် ဖြစ်ပါသည်။

    ကန်ဖော်ချိန်နှင့် အသုံးပြုသည့်ပစ္စည်းများ

    ငါးကန်ရေ မထုတ်မီအချိန်တွင် ကန်ဖော်ရာ၌ အသုံးပြုမည့် ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး ကိစ္စများကို ကြိုတင်ပြင်ဆင်ထားရန်နှင့် ကန်ဖော်ရာတွင် ကန်အတွင်း ငါးများမထိခိုက်စေရန် စနစ်တကျ ကိုင်တွယ် ဆောင်ရွက်ရန် လိုအပ်ပါသည်။

    ရေထုတ်ပြီးနောက် ငါးကန် ပြင်ဆင်ခြင်း

    ရေထုတ်၍ ဖော်ပြီးကန်တွင် ကန်အောက်ခြေရှိ ရွှံ့မြေများ အက်ကွဲသည်အထိ ရက်အနည်းငယ် အခြောက်ခံထားရန် လိုအပ်ပါတယ်။ ယင်းနောက် ကန်အောက်ခြေရှိ အဆိုပါ ရွှံ့မြေများကို ဖယ်ရှားပြီး စိုက်ပျိုးပင် များတွင်ထည့်သွင်း အသုံးပြုနိုင်ပါသည်။ အကယ်၍ ကန်အောက်ခြေရှိ ရွှံ့မြေထုသည် ၅ စင်တီမီတာ သာရှိပါက ဖယ်ရှားမပစ်ဘဲ ဆက်လက်ထားရှိသင့်ပါသည်။

    ရေထုတ် ကန်ဖော်ခြင်း၏ ကောင်းကျိုးများ

    ကန်၏အောက်ခြေအား အခြောက်ခံခြင်းဖြင့် ကန်အတွင်းရှိ ငါးများကိုစားသောက်သည့် အသား စား အကောင်များအား နှိမ်နှင်းပြီးဖြစ်ခြင်း၊

    ကန်အောက်ခြေတွင် အာဟာရဓါတ်များစုပုံနေပြီး ယင်းအခြေအနေသည် ငါးမွေးမြူခြင်း အတွက် ကနဦးထုတ်လုပ်မှုတိုးတက်စေရန် အထောက်အကူပြုခြင်း၊

    ငါးကန် စီမီခန့်ခွဲရာတွင် လွယ်ကူခြင်း၊ ငါးကန်အောက်ခြေရှိ မလိုအပ်သော ရွံ့မြေများသည် သီးနှံစိုက်ခင်းများအတွက် အာဟာရအဖြစ် အသုံးပြုနိုင်ခြင်း၊

    ရေထုတ် ကန်ဖော်ခြင်း၏ ဆိုးကျိုး

    ကန်အတွင်းရှိ ငါးများအား တစ်ကြိမ်တည်း တပြိုင်နက် ဖမ်းယူရသဖြင့် ဈေးကွက်လိုအပ်ချက် အကန့်အသတ်နှင့် မကြာခဏကြုံတွေ့ရခြင်း (အပြိုင်ဖော်ကြသည့် ကာလဖြစ်၍ အကျဈေးဖြင့် ရောင်းချရနိုင်ခြင်း)၊

    တစ်ကြိမ်တည်း တပြိုင်နက်ဖော်လိုက်သည့် အတွက် လိုအပ်သောအချိန်တွင် အလွယ်တကူ မရရှိနိုင်ခြင်း၊

    Source: http://hdl.handle.net/1834/32420 (Publisher-Malawi-Germany Fisheries and Aquaculture Development (MAGFAD)) မှ ထုတ်နုတ် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

    ------------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes
5
comments
0
views
1240