cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲစင်းငုံသီးနှံများ ဈေးနှုန်းကောင်းမွန်သည့်အတွက် အကျိုးအမြတ်ရရှိ📈

. All News
မိတ္ထီလာခရိုင်အတွင်း ပဲစင်းငုံသီးနှံ စိုက်ပျိုးရန် ၆၆,၃၆၇ ဧက လျာထားခဲ့ပြီး လျာထားဧက ထက် ၅.၅၆ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ အထွက်နှုန်းအနေဖြင့် ၃၆၉၁၁၄ တင်း ထွက်ရှိကြောင်း၊
  • မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံ သီးနှံကို အများဆုံး စိုက်ပျိုးပြီး မလှိုင်မြို့နယ်သည် ဒုတိယအများဆုံး စိုက်ပျိုးသောဒေသဖြစ် ကြောင်း၊ ပဲစင်းငုံသီးနှံသည် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး စိုက်ပျိုးမှုကုန်ကျစရိတ် သက်သာ၍ ဈေးကွက်အတွင်း ဝယ်လိုအားရှိသော သီးနှံဖြစ်သောကြောင့် တောင်သူများအတွက် အကျိုးအမြတ် များသော သီးနှံဖြစ်ကြောင်း သိရသည်။

    မိတ္ထီလာခရိုင်အတွင်း ပဲစင်းငုံသီးနှံ စိုက်ပျိုးရန် ၆၆,၃၆၇ ဧက လျာထားခဲ့ပြီး လျာထားဧက ထက် ၅.၅၆ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ အထွက်နှုန်းအနေဖြင့် ၃၆၉၁၁၄ တင်း ထွက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ဝါသီးနှံတွင် အကျိုးအမြတ်နည်းပါးခဲ့သော်လည်း ပဲစင်းငုံ သီးနှံစတင်ထွက်ပေါ် ချိန်တွင် တစ်တင်းလျှင် ၁၀၀,၀၀၀ ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ပြီး လက်ရှိအချိန်တွင် တစ်တင်းလျှင် ၁၂၃,၀၀၀ ကျပ်အထိ ဈေးကောင်းရရှိနေကြောင်း၊ ဒေသတွင်းတောင်သူများအနေဖြင့် အကျိုးအမြတ် အပေါ်မူတည်၍ စိုက်ပျိုးခြင်းမဟုတ်ဘဲ မိရိုးဖလာ စိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးကြရာ ယခုနှစ်တွင် ပဲစင်းငုံသီးနှံဈေးနှုန်းများ ကောင်းမွန်သည့်အတွက် လာမည့်နှစ်များတွင်လည်း စိုက်ပျိုးဧကများ ပိုမိုများပြားလာနိုင်ကြောင်း သိရှိရသည်။

    DOCA(မန္တလေး)

    Source: https://www.commerce.gov.mm/my

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes9comments0
views1567