cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရာသီချိန်မဟုတ်ဘဲ ကြက်သွန်နီစျေးဆက်တိုက်တက်နေဟုဆို

. Fish Technical Guide
“လက်ပံ ပွင့်ရင်၊ ကြက်သွန်စျေးကျတယ်လို့ ပြောစမှတ်ရှိတယ်ဗျ။တကယ်လည်း နှစ်တိုင်းလိုလို လက်ပံတွေပွင့်ချိန်မှာ ကြက်သွန်စျေးကျတာမျိုးပဲကြုံဖူးတယ်၊ ဒီနှစ်တော့ပြောင်းပြန်ကြီးဖြစ်သွားတယ်၊ ပြီးခဲ့တဲ့လကစျေးကျ နေတာကနေ အခု ပြန်တက်လာတယ်” လို့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင် မြစ်သားမြို့နယ်ထဲက ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။
  • မန္တလေး ၊ ဖေဖော်ဝါရီ ၁၆

    အခုလဆန်းပိုင်းကစပြီးဆက်တိုက်မြင့်တက်လာတဲ့ ပြည်တွင်းကြက်သွန်နီစျေးနှုန်းက လက်ရှိမှာ တော့ တစ်ပိဿာလက်ကားပေါက်စျေး သုံးထောင်ကျပ်၀န်းကျင်အထိရောက်ရှိသွားပြီလို့ ရန်ကုန်/မန္တလေး ကုန်စည်ဒိုင်နဲ့ ပွဲ ရုံတွေဆီကနေ သိရပါတယ်။

    “ဖေဖော်ဝါရီ ၇ ရက် ၈ ရက်ပေါက်စျေး ၂၅၀၀ ၀န်းကျင်ရှိခဲ့တဲ့မြစ်သားရှယ်က၊ ဒီနေ့ ၃၀၀၀ ဖြစ် သွား တယ်။ ဒါက ဒိုင်စျေးပေါ့နော်၊ အပြင်မှာတော့ဒီထက်မကစျေးဖွင့်ရောင်းကြမှာပေါ့။ ကြက်သွန်လောက မှာ တော့ မြစ်သားဘက်ကထွက်တဲ့ကြက်သွန်နီက စျေးမာတယ်”လို့ မန္တလေးကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၇ ရက်နေ့က ရန်ကုန်နဲ့မန္တလေးကြက်သွန်နီလက်ကားစျေးကွက်ထဲမှာ မြစ် သားကြက်သွန်နီ(ရှယ်)တစ်ပိဿာကို ၂၅၀၀ ကျပ်စျေးရှိခဲ့ရာမှ ဖေဖော်ဝါရီ ၁၅ရက်နေ့မနက်ပိုင်းမှာ သုံး ထောင်ကျပ်နဲ့စျေးဖွင့် ခဲ့တာလို့ သိရပါတယ်။

    “လက်ပံ ပွင့်ရင်၊ ကြက်သွန်စျေးကျတယ်လို့ ပြောစမှတ်ရှိတယ်ဗျ။တကယ်လည်း နှစ်တိုင်းလိုလို လက်ပံတွေပွင့်ချိန်မှာ ကြက်သွန်စျေးကျတာမျိုးပဲကြုံဖူးတယ်၊ ဒီနှစ်တော့ပြောင်းပြန်ကြီးဖြစ်သွားတယ်၊ ပြီးခဲ့တဲ့လကစျေးကျ နေတာကနေ အခု ပြန်တက်လာတယ်” လို့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင် မြစ်သားမြို့နယ်ထဲက ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။

    ဒီနှစ်လက်ပံပွင့်တဲ့ရာသီမှာ ကြက်သွန်စျေးမြင့်တက်နေတာနဲ့ပတ်သက်လို့ ကုန်လှောင်လိုသူတွေ ဘက်က အ၀ယ်လိုက်လာလို့ စျေးကောင်းရနေတာဖြစ်တယ်လို့ သိရပါတယ်။

    “တစ်ပတ်အတွင်းမှာ ဆက်တိုက်ထိုးတက်သွားတာ၊ ကြက်သွန်က သင်္ကြန်(ဧပြီလ)ကာလမှာ လှောင်ကြတာများတယ်၊ ဒီနှစ်တော့ အခုကတည်းကကိုလှောင်နေကြပြီ”လို့ မန္တလေးစျေးချိုအနီးဖွင့် ထားတဲ့ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    ပြည်တွင်းကြက်သွန်နီ လက်ကားစျေးကွက်(ရန်ကုန်/မန္တလေး)ထဲမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၇ ရက် နေ့က ဆိပ်ဖြူ (ရှယ်)တစ်ပိဿာကို ၂၁၀၀ ကျပ်၊ မြစ်သား(ရှယ်) တစ်ပိဿာကို ၂၅၀၀ ကျပ်၊ တောင်တွင်း (ရှယ်) တစ်ပိဿာကို ၂၁၀၀ ကျပ် စျေးရှိခဲ့ရာမှ၊ ဒီကနေ့မနက်ပိုင်းမှာ ဆိပ်ဖြူ(ရှယ်)က ၂၄၀၀ ကျပ်၊ မြစ် သား(ရှယ်)က ၃၀၀၀ ကျပ်နဲ့ တောင်တွင်း(ရှယ်)က ၂၄၀၀ ကျပ် စျေးဖွင့်ရောင်းချနေကြတယ်လို့ သိရပါတယ်။

    လင်းလင်း

    Opinion Leaders မှ ကူးယူဖော်ပြအပ်ပါသည်။

    ----------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes12comments1
views1980