cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ခွေးတောက်ရွက်၏ အသုံးဝင်ပုံနှင့်ဈေးနှုန်းများ🌱🌱

. Cultivation Methods
ခွေးတောက်ပင်ကို စီးပွားဖြစ် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းဖြတ်ပျိုးယူစိုက်ပျိုးခြင်းနည်းလမ်းများဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ သုံးလသားအရွယ်မှစ၍ အညွန့်များကိုစတင်ခူးဆွတ်နိုင်ပြီး အညွန့်ထွက်မှုကောင်းလျှင် (၃)ရက်လျှင် တစ်ကြိမ်ခူးဆွတ်နိုင်ပါသည်။ အညွန့်များထွက်စေရန် ခူးသည့်အချိန်၌ အောက်ခြေတွင်ရှိသော နှစ်တက်သုံးတက်လောက်ကို ချန်၍ညှပ်ပေးပါက အကိုင်းအခက်အများအပြားထွက်လာပြီး အညွန့်များများရမည်ဖြစ်ပါသည်။
  • ခွေးတောက်ရွက်ပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပါသည် ။ စိုက်ပျိုးပြီး (၃)လအကြာတွင် စတင်ခူးယူစားသုံးနိုင်ပြီး နှစ်ရှည်ဆယ်စုနှစ်တစ်စုထိခူးယူနိုင်သော အပင်အမျိုးအစားလည်းဖြစ်ပါသည်။ နှစ်ရင့်ခွေးတောက်ပင်များမှာ တစ်နှစ်တစ်ကြိမ်ဖူးပွင့်ကာ နွေရာသီတွင် အသီးသီးလေ့ရှိပြီး အသီးများရင့်ပြီးချိန်၌ ကွဲအက်၍ အတွင်းမှအလွန်သေးငယ်သောအစေ့များမှာ အစေ့အညှာတိုင်မှ ဂွမ်းနှင့် အတူလေထဲပါသွားလေ့ရှိကာ ဂွမ်းကျရာနေရာများ၌ အစေ့ငယ်ကျပြီး အပင်ပေါက်၍ မျိုးပွားလေ့ရှိပါသည်။

    အလေ့ကျအပင်ပေါက်များမှ မျိုးစေ့ယူလိုပါကလည်း နှစ်ရင့်ခွေးတောက်ပင်များအသီးသီးချိန်၌ ရင့်ချိန်တွင်ခူး၍ အစေ့ထုတ်ယူ၍ စိုက်ပျိုးနိုင်ပါသည်။ ခွေးတောက်ပင်ကို စီးပွားဖြစ် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းဖြတ်ပျိုးယူစိုက်ပျိုးခြင်းနည်းလမ်းများဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ သုံးလသားအရွယ်မှစ၍ အညွန့်များကိုစတင်ခူးဆွတ်နိုင်ပြီး အညွန့်ထွက်မှုကောင်းလျှင် (၃)ရက်လျှင် တစ်ကြိမ်ခူးဆွတ်နိုင်ပါသည်။ အညွန့်များထွက်စေရန် ခူးသည့်အချိန်၌ အောက်ခြေတွင်ရှိသော နှစ်တက်သုံးတက်လောက်ကို ချန်၍ညှပ်ပေးပါက အကိုင်းအခက်အများအပြားထွက်လာပြီး အညွန့်များများရမည်ဖြစ်ပါသည်။

    ခွေးတောက်ရွက်မှာ ခါးသက်သက်အရသာရှိပြီး ဆေးဖက်ဝင်အရွက်ဖြစ်ကာ တို့စရာအဖြစ်သော်လည်းကောင်း၊ ဟင်းချိုအဖြစ်နှင့် ကြော်စား၍သော်လည်းကောင်း စားသုံးကြပါသည်။ ခွေးတောက်ရွက်ကို ဘဲဥနှင့်ကြော်စားပါက ခွန်အားကိုတိုးပွားစေပါသည်။ ခွေးတောက်ရွက်ကို ကြက်သား၊ ကြက်ရိုးနဲ့ ဟင်းချို ချက်သောက်ပါကလည်း ကိုယ်ခန္ဓာဝမ်းတွင်းအဆိပ်အတောက်များကို ပြေစေသောအစွမ်းရှိပြီး ထန်းရည်၊ အရက်၊ ဘီယာကြောင့် ခေါင်းအုံ၊ ခေါင်းကိုက်ခြင်းများကိုလည်း အမြန်ဆုံးသက်သာစေပါ သည်။ သွေးစုနာနှင့် အနာစိမ်းများပေါက်လျှင် ခွေးတောက်ရွက်ကိုမီးကင်ကပ်ပါက နုလျှင်ပိန်၍ ရင့်လျှင်ပြည်ပေါက်ကာ ပျောက်သွားပါသည်။ ခွေးတောက်ရွက်ကို ဟင်းခါးချက်၍သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေထိုးလေအောင့်နှင့် ဆီးချုပ်ရောဂါများကို ပျောက်ကင်းစေပါသည်။ ရေယုန်နာကိုလည်း ခွေးတောက်ရွက်ကြိတ်ရေကိုဆွတ်ပေးခြင်းဖြင့် ပျောက်ကင်းစေပြီး အရွက်ကိုကြိတ်၍ အုံစည်းပေးခြင်းဖြင့်လည်း အဖုအကြိတ်များကို ပျောက်ကင်းစေပါသည်။ ခွေးတောက်ရွက်အရည်နှင့် သနပ်ခါးသွေးကာ လိမ်းပေးခြင်းဖြင့် ဒူး၊ ခါးနှင့် လက်တို့ နာကျင်ကိုက်ခဲ့ခြင်းဝေဒနာကို သက်သာ ပျောက်ကင်းစေပါသည်။

    ကိုဗစ်ကာလအတွင်း လူနာများမှာ အရေးပေါ် အောက်စီဂျင်လိုအပ်လာပါကလည်း ရေနွေးပူထည့်ထားသည့်ဖန်ခွက်အတွင်း ခွေးတောက်ရွက်အချို့ထည့်စိမ်ပြီး အငွေ့အားရှူရှိုက်စေခြင်းဖြင့် အောက်စီဂျင်ရရှိစေမည်ဖြစ်ကြောင်း Facebook စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိခြင်းတို့ကြောင့် ဈေးကွက်အတွင်း၌ ခွေးတောက်ရွက်တစ်စည်းလျှင် ပုံမှန်ရှိရင်းဈေးနှုန်းထက် ၃ ဆခန့်မြင့်တက်သွားပါသည်။ ယခုပြည်မြို့ရှိ ဈေးကွက်တွင် ခွေးတောက်ရွက်တစ်စည်းလျှင် အစည်းအကြီး/ အသေးပေါ်မူတည်၍ ကျပ် (၁၀၀) မှ ကျပ် (၂၀၀)အထိရှိကြောင်းသိရှိရပါသည်။

    DOCA(ပဲခူး)

    https://www.doca.gov.mm/my/node/7921

    -----------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes12comments0
views1918