cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အိမ်တွင်းတစ်ပိုင်တစ်နိုင် နံနံပင်စိုက်ပျိုးနည်း

. Cultivation Methods
နံနံ ပင်သည် ဆောင်းရာသီ တွင် အထူး ဖြစ်ထွန်း ပြီး ကျန်ရာသီ များတွင် ရှားပါးကာ ဈေးကြီးပေးရသည်။ နံနံစေ့ မစိုက်ခင် မြန်မြန် အပင် ပေါက်ရန် ရေတွင် (၂၄)နာရီကြာ စိမ်ရသည်။ အစေ့ကို ရေမစိမ်မီ ဂုံနီ အိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန် အသာအယာလှိမ့်ပါ။
  • အိုးလေးတွေနဲ့ ရက်တိုတိုအတွင်း ခူးဆွတ်နိုင်တဲ့ နံနံပင်လေးတွေ ကိုယ်တိုင်အိမ်မှာ စိုက်စားကြပါစို့။ ဒီလိုလေး စိုက်စားခြင်းဖြင့် ပတ်ဝန်းကျင် စိမ်းစိမ်းစိုစိုနဲ့ စိတ်ကျေနပ်မှု ရရှိသလို စျေးထဲမှာ ၃-၄ ပင်ပါတစ်စည်းကို ၃၀၀ကျပ် ပေးဝယ်ရတာလည်း ချွေတာရာ ရောက်ပါတယ်နော်။

    မြန်မာပြည်တွင် အထင်ရှားဆုံး ဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင် ဖြစ်ပြီး အစေ့ကိုလည်း ဟင်းခပ်မဆလာတွင် သုံးနိုင်သည်။မြန်မာဟင်းများတွင် သာမက မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ အသုတ်စုံ တို့တွင်လည်း တွဲဖက် အသုံးပြုသည်။ နံနံပင်ကို တို့စရာ အဖြစ်လည်း စားသုံးကြသည်။

    နံနံ ပင်သည် ဆောင်းရာသီ တွင် အထူး ဖြစ်ထွန်း ပြီး ကျန်ရာသီ များတွင် ရှားပါးကာ ဈေးကြီးပေးရသည်။ နံနံစေ့ မစိုက်ခင် မြန်မြန် အပင် ပေါက်ရန် ရေတွင် (၂၄)နာရီကြာ စိမ်ရသည်။ အစေ့ကို ရေမစိမ်မီ ဂုံနီ အိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန် အသာအယာလှိမ့်ပါ။ ထို့နောက် ရေတွင် ၂၄ နာရီကြာ စိမ်ရာ၌ ရေနှစ်ကြိမ် လဲပေးပါ။ ပြီးလျှင်ဆယ်ယူ၍ စစ်ထားပါ။ ပြီးနေ မြေဆွေးထဲ ပါးပါးဖြူး၍ စိုက်ပေးပါ။ အပင်များ ပေါက်ပြီး ၄၅ ရက်သားမှ စတင်၍ နုတ်ယူ စားသုံးနိုင်သည်။

    References - https://www.podgardening.co.nz/coriander.html

    ----------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
  • article
  • article
  • article
  • article
  • article
likes9comments0
views2070