cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

“ငါးရောဂါဘာကြောင့်ဝင်ရသလဲ။ ဘယ်လိုကာကွယ်ရမလဲ”

. Fish Articles
မည်သည့်အကြောင်းကြောင့်ပဲဖြစ်စေ ကန်ထဲသို့ ဒုတ္ထာ(Copper Sulphate) သုံးမည်ဆိုပါ ကရေရဲ့ Alkalinity (အဖန်နှုန်းခေါ် ထုံးဓာတ်) ကိုမဖြစ်မနေဉီးစွာစစ်ဆေးသင့်ပါသည်။ Total Alkalinityနှင့် Bicarbonate Alkalinity ကွာဟမှု များနေချိန်တွင် ဒုတ္ထာ(Copper Sulphate) လုံးဝ လုံးဝ မသုံးသင့်ပါ။

ရောဂါပိုးတွေဟာ နေရာတိုင်းမှာနဂိုကတည်းကရှိနေပြီးသားပါ။
  • ငါးကန်တစ်ကန်မှာငါးသေဆုံးတဲ့အခါ ကျွန်တော်တို့ပထမဆုံးတွေးမိတဲ့အချက်ဟာ ငါးရောဂါပါ။ ဒီနေ့မှာ တော့ကိုယ့်ကန်ထဲက ငါးတွေသေဆုံးတိုင်း ငါးရောဂါကြောင့်ပါလို့တစ်ထစ်ချသတ်မှတ် လို့ရ သလား။ ငါးရောဂါဘာကြောင့်ဝင်ရသလဲ။ ဘယ်လိုကာကွယ်ရမလဲ ဆိုတာကိုပြောပြပေးပါမယ် ခင်ဗျ။

    "ငါး/ပုစွန် မွေးမြူတယ်ဆိုတာ ရေကိုမွေးရတာပါ"

    ရေသတ္တဝါမွေးမြူရေးပညာရှင်ဆရာကြီးတွေ အမြဲပြောကြတဲ့စကားတစ်ခွန်းရှိပါတယ် "ငါး/ပုစွန် မွေးမြူ တယ်ဆိုတာ ရေကိုမွေးရတာပါ"တဲ့။ ပညာရှင်ကြီးတွေပြောသလိုပါပဲ ရေသတ္တဝါမွေးမြူရေး ဖြစ်တဲ့ ငါး/ပုစွန် မွေးမြူရေးမှာ ရေကအရေးပါဆုံးဖြစ်ပါတယ်။

    လတ်တလောမှာရာသီဥတုအခြေနေအရရော၊ ဘက်တီးရီးယားပိုးကြောင့်ရော ငါးသေမှုတွေများပြား လာတာ တွေ့ရပါတယ်။ မိမိကန်မှာငါးတွေသေလာရင် လုပ်ငန်းရှင်အများစုဟာ ဒုတ္ထာ(Copper Sulphate) ကိုအသုံး ပြုကြပါတယ်။ Copper Sulphate ဟာ toxic chemical တစ်ခုဖြစ်တဲ့အတွက် ငါးကန်ရေအရည်သွေး ကောင်းနေမှသာ အသုံးပြုသင့်ပါတယ်။ ဥပမာ- မိမိငါးကန်ရေရဲ့ အဖန်နှုန်း Alkalinity မှာလိုအပ်တဲ့ Bicarbonate ပမာဏမရှိနေတဲ့အချိန်မှာ ငါးသေလို့ဆိုပြီးကန်ထဲကိုဒုတ္ထာ (Copper Sulphate) သုံးမိရင်ငါးသေပမာဏ (၂) ဆကျော် (၃) ဆနီးပါးတိုးသွားတတ်ပါတယ်။ မည်သည့်အကြောင်းကြောင့်ပဲဖြစ်စေ ကန်ထဲသို့ ဒုတ္ထာ(Copper Sulphate) သုံးမည်ဆိုပါ ကရေရဲ့ Alkalinity (အဖန်နှုန်းခေါ် ထုံးဓာတ်) ကိုမဖြစ်မနေဉီးစွာစစ်ဆေးသင့်ပါသည်။ Total Alkalinityနှင့် Bicarbonate Alkalinity ကွာဟမှု များနေချိန်တွင် ဒုတ္ထာ(Copper Sulphate) လုံးဝ လုံးဝ မသုံးသင့်ပါ။

    ရောဂါပိုးတွေဟာ နေရာတိုင်းမှာနဂိုကတည်းကရှိနေပြီးသားပါ။

    ပထမဆုံးအနေနဲ့ကျွန်တော်တို့အမြဲအမှတ်ရမယ့်အရာကတော့ ရောဂါပိုးတွေဟာ နေရာတိုင်းမှာနဂိုကတည်း ကရှိနေပြီးသားဆိုတာပါပဲ။ မွေးမြူရေးကန်တွေသာမကမြစ်၊ ချောင်း၊ အင်းအိုင်စတဲ့ပတ်ဝန်းကျင်တွေမှာပါ ရောဂါပိုးတွေဟာသဘာဝအတိုင်း ရှိနေကြပြီးသားဖြစ်ပါတယ်။

    ဒါဆိုရင် သူ့ဘာသူ သဘာဝမှာနေနေတဲ့ရောဂါပိုးတွေဟာ ဘယ်လိုအခြေအနေမျိုးမှာ ကျမတို့မွေးမြူထား တဲ့ ငါးတွေဆီကိုရောက်လာနိုင်ပါသလဲ။

    (၁)ဆိုးရွားတဲ့ရေအရည်အသွေး

    (၂)နဂိုရှိရင်စွဲရောဂါပိုး

    (၃) လက်ခံကောင် (ငါး)

    ဒီအချက်သုံးချက်လုံးထိပ်တိုက်ဆုံတွေ့ တဲ့ အခြေအနေမျိုးမှာမှသာ ရောဂါကူးစက်မှုစတင်ဖြစ်ပွားနိုင်ပါတယ်။ ဥပမာအားဖြင့်ရာသီဥတုနဲ့ ရေအရည်အသွေးကျဆင်းမှုကြောင့် ငါးတွေရဲ့ကိုယ်ခံအားကျဆင်း တဲ့အခြေ အနေမျိုးမှာ ငါးရောဂါဟာကျွန်တော်တို့မွေးမြူထားတဲ့ ငါးတွေဆီကိုအလွယ်တကူဝင်ရောက်နိုင်သွားပြီး ငါးသေ တဲ့ပြဿနာတွေကြုံရတဲ့ ဖြစ်စဉ်မျိုး ကိုဆိုလိုတာဖြစ်ပါတယ်။ ရာသီဥတုကောင်းမွန်ချိန်၊ ရေအရည်အသွေး ကောင်းမွန်နေချိန်တွေမှာတော့ ရောဂါဖြစ်ပွားဖို့ခက်ပါတယ်။ ဒါ့ကြောင့်မွေးမြူရေးကန်တစ်ကန်မှာ ငါးရောဂါ မဖြစ်ပွားအောင် ကာကွယ်ဖို့ဆိုရင် -

    (၁)ရေအရည်အသွေးကောင်းမွန်နေအောင်ဂရုစိုက်ဖို့လိုပါမယ်။ ကောင်းမွန်တဲ့ရေအရည်အသွေး ရှိတဲ့ကန်ရေဟာအကျိုးပြုဘက်တီးရီယားတွေပေါက်ဖွားဖို့အားပေးတဲ့အတွက် မကောင်းတဲ့ရောဂါ ပိုးတွေကို အလိုလိုနည်းပါးသွားစေပါတယ်။

    (၂)ကိုယ်ခံအားမြင့်စေဖို့ကိုယ်မွေးမြူတဲ့မျိုးစိပ်အလိုက် လိုအပ်တဲ့အစာအဟာရပြည့်မှီတဲ့ အစာမျိုး ကျွေးရပါမယ်။

    (၃)ရာသီဥတုအလိုက်ရေအရည်အသွေးပြောင်းလဲမှုကိုစောင့်ကြည့်နိုင်ဖို့ ရေအရည်အသွေး ပုံမှန် စစ်ဆေးပေးဖို့လဲမဖြစ်မနေလိုအပ်ပါတယ်ခင်ဗျာ။

    Source: https://www.deheus.com.mm

    ----------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes9comments0
views1548