cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

“အပြုံးပန်းတွေဝေဆာဖို့ ငုံးမွေးမြူရေးဖြင့် မိသားစုဝင်ငွေရှာကြစို့”

. Cultivation Methods
ငုံးဆိုသည်မှာ ရစ်ငှက်မျိုးနွယ်ဝင် မြေကြီးပေါ်တွင် အသိုက်ပြုလုပ်နေထိုင်တတ်သော ငှက်အမျိုးအစားဖြစ်ပြီး ခန္ဓာ ကိုယ်အရွယ်အစားသေးကာ ခြေတံတိုသည်။ ငုံး၏သိပ္ပံအမည်မှာ Coturnix coturnix ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ငုံးမျိုး စိတ်ပေါင်း (၁၃၀) ကျော်ရှိပြီး
  • ယနေ့ကမ္ဘာကြီးသည် နည်းပညာများအဖက်ဖက်မှ တိုးတက်လာသည်နှင့်အမျှ မွေးမြူထုတ်လုပ်ရေး နည်းစနစ်များ သည်လည်း တိုးတက်လျက်ရှိပါသည်။ တိုးတက်လာသော မွေးမြူရေးလုပ်ငန်းများတွင် ငုံးမွေးမြူရေး လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ငုံးမွေးမြူရေးလုပ်ငန်းကို မြန်မာနိုင်ငံအနှံ့အပြားတွင် တစ်ကမ္ဘာလုံးငုံးမွေးမြူရေး၏ (၀.၈၇%) ခန့် လုပ်ကိုင်နေကြပြီး စီးပွားဖြစ်မွေးမြူနေသူများလည်းရှိပါသည်။ ငုံးမွေးမြူရေးလုပ်ငန်းသည် နေရာကျဉ်းကျဉ်းနှင့် အကောင်ရေများများ မွေးမြူနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ကနဦးအရင်းအနှီးနှင့် လုပ်အားမှာလည်း အနည်းငယ် မျှသာလိုအပ်ပါသည်။ ငုံးမွေးမြူခြင်းသည် ကာလတိုအတွင်း အကျိုးအမြတ်မြန်ဆန်စွာရရှိပြီး စနစ်တကျမွေးမြူပါက ကူးစက်ရောဂါဖြစ်ပွားမှုလည်းနည်းပါးသဖြင့် မိသားစုဝင်ငွေအတွက် တွက်ချေကိုက်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ 

    ငုံးမျိုးများ 

    ငုံးဆိုသည်မှာ ရစ်ငှက်မျိုးနွယ်ဝင် မြေကြီးပေါ်တွင် အသိုက်ပြုလုပ်နေထိုင်တတ်သော ငှက်အမျိုးအစားဖြစ်ပြီး ခန္ဓာ ကိုယ်အရွယ်အစားသေးကာ ခြေတံတိုသည်။ ငုံး၏သိပ္ပံအမည်မှာ Coturnix coturnix ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ငုံးမျိုး စိတ်ပေါင်း (၁၃၀) ကျော်ရှိပြီး ၄င်းတို့၏အရွယ်အစားနှင့် အသွင်အပြင်ကိုလိုက်ကာ အနည်းငယ်မျှသာ ကွာခြားပါသည်။ ကမ္ဘာပေါ်တွင် တွေ့ရသော ငုံးမျိုးစိတ်များမှာ Common quail (Coturnix coturnix)၊ Japanese quail (Coturnix japonica)၊ Blue-breasted quail (Coturnix chinensis) နှင့် Rain quail (Coturnix coromandelica) တို့ဖြစ်ကြပါသည်။ ၄င်းတို့အနက် စီးပွားဖြစ်မွေးမြူရာတွင် မွေးမြူမှုအများဆုံးငုံးမှာ Japanese quail ဖြစ်ပြီး တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဥစားရန်အတွက် အဓိက မွေးမြူကြပြီး ဥရောပနှင့်အမေရိကနိုင်ငံများတွင် အသားအတွက် အဓိကထား မွေးမြူကြပါသည်။ မြန်မာနိုင်ငံတွင်မူ Common quail (Coturnix coturnix) နှင့် Japanese quail (Coturnix japonica) တို့ကို ဥနှင့်အသားအတွက် စီးပွားဖြစ် အများဆုံးမွေးမြူကြပါသည်။ 

    ငုံးတို့၏ ထင်ရှားသည့်သွင်ပြင်လက္ခဏာများ 

    ငုံးထီးများ၏ ထင်ရှားသည့်သွင်ပြင်လက္ခဏာမှာ နှုတ်သီးအနည်းငယ်ရှည်ထွက်နေပြီး လည်ပင်းမှာ အနီရောင် သန်းကာ ကျောဘက်တွင် အမည်းပြောက်များရှိပါသည်။ ငုံးမများသည် ငုံးထီးများထက် အရောင်ပိုဖျော့၍ လည်ပင်းတွင် ဘယက်ကဲ့သို့ အပြောက်များပါသည်။ ငုံးထီးများသည် ငုံးမများထက် မြည်တွန်သံပိုကျယ်သည်။ 

    မွေးမြူနည်း 

    ငုံးမွေးမြူရာတွင် ပထမဆုံးအနေဖြင့် မျိုးရွေးချယ်ရပါမည်။ မျိုးရွေးချယ်ရာ၌ ကြီးထွားနှုန်းကောင်းမွန်သော၊ ဥအု နှုန်းကောင်းမွန်သော၊ ပတ်ဝန်းကျင်ရေမြေရာသီဥတုနှင့် ကိုက်ညီသောမျိုးများကို ရွေးချယ်မွေးမြူသင့်ပါသည်။ ငုံးများသည် အသက်(၆)ပတ်သားအရွယ်တွင် ဥအုခြင်းစတင်ပြီး တစ်နေ့ (၁)လုံးအုလေ့ရှိပါသည်။ ငုံးများသည် အသက် (၄) ပတ်သား အရွယ်ထိ အနွေးဓါတ်ပေးရန်လိုအပ်သောကြောင့် (၁) ပတ်သားအရွယ်ငုံးများကို ရွေးချယ်မွေးမြူမည်ဆိုပါက အနွေးဓါတ် ပေးကာ ပြုစုစောင့်ရှောက်ရပါမည်။ ဥထုတ်လုပ်မှု စောလျင်စွာရလိုပါက အသက် (၄)ပတ်သားအရွယ်ငုံးများကို ရွေးချယ် မွေးမြူသင့်ပါသည်။ ထို့ကြောင့် ငုံးတစ်ကောင်သည် (၂) လမှ (၈) လအထိ ဥအုနှုန်းကောင်းမွန်ပြီး နောက်ပိုင်းတွင် ဥနှုန်းကျ ဆင်းသွားလေ့ရှိပါသည်။ ဥအုနှုန်းကျဆင်းသွားသော ငုံးများကိုလည်း အသားစားရန်အတွက် ပြန်လည်ရောင်းချနိုင်ပါသည်။ မျိုးငုံးမွေးမြူမည်ဆိုပါက အထီးအမအချိုး (၁း၅) ခန့်ထားရှိသင့်ပါသည်။ မျိုးငုံးများကို စက်နှင့်သားဖောက်ပါက (၁၈)ရက်အကြာတွင် အကောင် ပေါက်လာနိုင်ပါသည်။ 

    ခြံတည်ဆောက်ပုံ 

    လှောင်အိမ်ကို ဒေသတွက် သစ်၊ ဝါးတို့ဖြင့်လည်းကောင်း၊ သံဇကာကို အသုံးပြု၍လည်းကောင်း တည်ဆောက်နိုင် ပါသည်။ အလျား (၄)ပေ၊ အနံ (၃)ပေ၊ အမြင့် (၂)ပေရှိ လှောင်အိမ်တွင် ငုံးကောင်ရေ (၅၀) မွေးမြူနိုင်ပါသည်။ ခြံကို လေဝင် လေထွက် ကောင်းမွန်သောနေရာတွင် ရွေးချယ်ပြီးမွေးမြူရပါမည်။ ဥအုနေသာငုံးမများအား တစ်ရက်လျှင် အလင်းရောင် (၁၆)နာရီရရှိအောင် ဆောင်ရွက်ထားပေးသင့်ပါသည်။ 

    အစာကျွေးမှုစနစ် 

    ငုံးများကို အစာကျွေးမွေးရာ၌ စနစ်တကျရောစပ်ကျွေးမွေးပါက အာဟာရဖြစ်ထွန်းပြီး ဥအုနှုန်းမြင့်မားလာပါမည်။ ပြောင်း၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ်နှင့် ငါးမှုန့်တိုသည် ငုံးများအတွက် အာဟာရဓါတ်ကြွယ်ဝသော အဓိကအစာများဖြစ်သည်။ သတ္ထုဓါတ်များနှင့် ဗီတာမင်ဓါတ်များကလည်း မပါမဖြစ် အရေးပါလှပါသည်။ ငုံးအစာတွင် ပရိုတင်းဓါတ် (၂၂%)၊ အဆီဓါတ် (၃%)၊ အမျှင်ဓါတ် (၅%) အချိုးညီညီပါဝင်ရပါမည်။ ငုံးမွေးမြူရာတွင် ရေသည် အစာကိုကြေညက်စေပြီး ခန္ဓာကိုယ်အပူချိန် ကို ထိန်းညှိရာတွင် အထောက်အကူပြုသောကြောင့် (၂၄)နာရီရေအမြဲရရှိရန် လိုအပ်ပါသည်။ 

    ငုံးတစ်ကောင်၏ တစ်ရက်မျမ်းမျှအစာစားနှုန်း 

    (၄)ပတ်သား - ၁၅ ဂရမ် (၀.၉ ကျပ်သား) 

    (၅)ပတ်သား - ၁၅ ဂရမ် (၀.၉ ကျပ်သား)  

    (၆) ပတ်သား - ၁၈ ဂရမ် (၁.၁ ကျပ်သား) 

    (၇) ပတ်သား - ၂၁ ဂရမ် (၁.၂ ကျပ်သား) 

    (၈) ပတ်သား - ၂၄ ဂရမ် (၁.၄ ကျပ်သား) 

    ကျန်းမာရေးစောင့်ရှောက်မှု 

    ငုံးများကိုမွေးမြူရာတွင် ပုံမှန်သန်ချဆေးပေးရန် လိုအပ်ပါသည်။ ငုံးများတွင် ချေးဖြူရောဂါ၊ လည်လိမ်ရောဂါ၊ သွေးဝမ်းကျရောဂါ၊ မားရက်ရောဂါများ ဖြစ်ပွားတတ်သဖြင့် ကြိုတင်ကာကွယ်ထားရန်လိုအပ်ပါသည်။ ဝမ်းရောဂါ ဖြစ်ပွား ပါက ရုတ်တရက်သေဆုံးနိုင်သဖြင့် အစာနှင့်ရေတွင် ဆေးထည့်သွင်းခြင်းဖြင့် ကြိုတင်ကာကွယ်ထားရန် လိုအပ်ပါသည်။ 

    Source - လူငယ်သုတေသီများ (မွေးသု) 


  • article
likes13comments0
views1751