cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မန်ကျည်းသီးအကြောင်းသိကောင်းစရာ 🌳🌳

. Health Articles
အထူးသဖြင့် မြေပြန့်အပူပိုင်းဒေသမှာရှိတဲ့အိမ်တွေမှာဆိုရင် မန်ကျည်းသီးဟာ နေ့စဉ်ဟင်းချက်ရာမှာ အမြဲတမ်းနီးပါးပါလေ့ရှိပါတယ်။

မန်ကျည်းသီးကို ဟင်းချက်ရာမှာလည်းထည့်သုံးသလို၊ ဖျော်ရည်အနေနဲ့လည်း ဖျော်သောက်ကြပါတယ်။ ဒါ့အပြင် အချဉ်ရည်လုပ်တဲ့နေရာမှာလည်းသုံးပါတယ်။
  • မန်ကျည်းသီးဟာ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေနဲ့ အရမ်းကိုရင်းနှီးပြီး နေ့တိုင်းနီးပါးထိတွေ့နေတဲ့ အသီး ဖြစ်ပါတယ်။

    အထူးသဖြင့် မြေပြန့်အပူပိုင်းဒေသမှာရှိတဲ့အိမ်တွေမှာဆိုရင် မန်ကျည်းသီးဟာ နေ့စဉ်ဟင်းချက်ရာမှာ အမြဲတမ်းနီးပါးပါလေ့ရှိပါတယ်။

    မန်ကျည်းသီးကို ဟင်းချက်ရာမှာလည်းထည့်သုံးသလို၊ ဖျော်ရည်အနေနဲ့လည်း ဖျော်သောက်ကြပါတယ်။ ဒါ့အပြင် အချဉ်ရည်လုပ်တဲ့နေရာမှာလည်းသုံးပါတယ်။

    ဒါ့အပြင် မန်ကျည်းရွက်ကိုလည်း သုပ်စားတာ၊ဟင်းချက်စားတာ၊တွေလည်းလုပ်ကြပါတယ်။

    မန်ကျည်းသီးကို အင်္ဂလိပ်လို Tamarind လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Tamarindus indica Linn ပါ။မျိုးရင်းကတော့ Caesalpiniaceae ဖြစ်ပါတယ်။

    မန်းကျည်းပင်ဟာ မြန်မာနိုင်ငံမှာ သဘာဝအလျောက်ပေါက်ရောက်သော အပင်ကြီးမျိုးဖြစ်ပါ တယ်။ မန်းကျည်းသီးရဲ့ပုံစံကတော့ ရှည်မျောမျောနဲ့အနည်းငယ်ကွေးတဲ့ပုံစံပါ။

    သူ့အစေ့က လေးထောင့်ပုံစံရှိပြီး နီညိုရောင်ရှိပါတယ်။

    မန်ကျည်းသီးမှာ ဓါတုဒြပ်ပေါင်းအနေနဲ့ Tartaric acid,citric acid,potassium,inverted sugar နဲ့ Pectin တို့ပါဝင်ပါတယ်။

    ဒီလိုဓါတ်တွေပါတဲ့အတွက် မန်ကျည်းသီးမှာ အဏုဇီဝပိုးမွှားတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိ(Antimicobial action)၊အိုမင်းမှုကိုကာကွယ်လျှော့ချနိုင်သောအစွမ်းသတ္တိ(Antioxidant property)၊သွေးတွင်းအဆီများကိုကျစေနိုင်သောအစွမ်းသတ္တိ(Anticholestolamic action)တွေရှိပါတယ်။

    ဒါ့အပြင် မန်ကျည်းသီးမှာ ဝမ်းပျော့စေတဲ့အမျှင်ဓါတ်နဲ့အစာခြေစနစ်ကိုအထောက်အကူပြုတဲ့ တခြားဓါတ်တွေ များစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကိုကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနှုန်းကိုလည်း လျော့နည်းစေပါတယ်။

    ဒါကြောင့်ဝမ်းချုပ်တတ်တဲ့သူတွေဆို မန်းကျည်းဖျော်ရည်မကြာမကြာသောက်ပေးသင့်ပါတယ်။

    မန်ကျည်းသီးအနှစ်နဲ့အစေ့ကိုသန်ချဆေး၊အဖျားကျဆေး၊ဝမ်းနုတ်ဆေး၊အစာကြေဆေး စတဲ့တိုင်းရင်းဆေးတွေ ဖော်စပ်ရာမှာထည့်သုံးလေ့ရှိပါတယ်။

    မန်ကျည်းသီးဟာ ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်းအသုံးဝင်ပါသေးတယ်။

    အသားရေခြောက်သွေ့တာ၊ အရေးအကြောင်းတွေဖြစ်တာတွေအတွက် မန်ကျည်းသီးကိုခပ်ပျစ်ပျစ်လေး ဖျော်ပြီးပျားရည်နဲ့ရောကာ မျက်နှာအနှံခပ်ပါးပါးလိမ်း ပေါင်းတင်ထားပြီးနောက် ရေနွေးနွေးလေးနဲ့မျက်နှာသစ် ပေးတာလုပ်နိုင်သလို ဝက်ခြံပေါက်တာအတွက်လည်း မန်းကျည်းရည်နဲ့အဆီထုတ်ထားတဲ့ဒိန်ချည်နဲ့ရောကာ ခဏလိမ်းထားပြီးနောက် ရေနွေးနွေးလေးနဲ့မျက်နှာသစ်ပေးတာလုပ်နိုင်ပါတယ်။

    Source: https://content.ondoctor.com.mm

    -----------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
  • article
likes10comments1
views1782