cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

သဘာဝမြေသြဇာအသုံးပြုခြင်း၏ အကျိုး ✅

. Plant Nutrition
စိုက်ပျိုးရေး နည်းလမ်းကောင်းတွေကို နောက်တစ်ကြိမ် တင်ဆက်မှုတွေကနေ ဆက်လက်ဝေမျှပေးသွားမှာ ဖြစ်လို့ ထွက်တိုး ယူကျူချန်နယ်ကို like and Subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။ ပုံကို နှိပ်၍လည်း video ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
  • ဦးကြီးတို့ရဲ့ စိုက်ခင်း ကောင်းမွန်စွာကြီးထွားပြီး အထွက်တိုးစေဖို့အတွက်ဆိုရင် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

    သာမန်အားဖြင့် စိုက်ခင်းထဲက ပင်ကြွင်းပင်ကျန်တွေကို အမှိုက်အနေနဲ့ စွန့်ပစ်သလို မီးရှို့ဖျက်ဆီးနေကြတာကို တွေ့နေရပါတယ်။ တကယ်တော့ အဲ့ဒီပင်ကြွင်းပင်ကျန်တွေကို ပြန်လည်အသုံးပြုပေးနိုင်မယ်ဆိုရင် အမှိုက်ထဲက ရွှေအဖြစ် စိုက်ခင်းတွေကို သဘာဝမြေသြဇာဖြင့် ပြန်လည်အသက်သွင်း အားဖြည့်ပေးနိုင်မှာဘဲ ဖြစ်ပါတယ်။

    နောက်တစ်ချက်ကတော့ သူဟာ ဓာတုမြေသြဇာတွေထက် ကုန်ကျစရိတ်သက်သာပါတယ်။ ဓာတ်ကြွင်းအာနိသင်တွေ မရှိတာကြောင့်လည်း ခူးဆွတ်ချိန်စောင့်ရတာမျိုးမရှိဘဲ စျေးကွက်အမှီ တင်သွင်း ရောင်းချနိုင်ပါတယ်။

    တခြားမြေသြဇာတွေနဲ့ သဘာဝမြေသြဇာများကို တွဲဖက်အသုံးပြုခြင်းဖြင့် မြေကြီးထဲမှာ အကျိုးသက်ရှိတွေရဲ့ လုပ်ဆောင်ချက်တွေကို အားပေးနိုင်တဲ့အတွက်ကြောင့် မြေဆီသြဇာကောင်းတဲ့မြေကို ပိုင်ဆိုင်နိုင်လာလိမ့်ပါမယ်။

    သဘာဝမြေသြဇာဆိုတာနဲ့ နွားချေး၊ ကြက်ချေးတို့ကို ပြေးမြင်မိလိမ့်ပါမယ်။ သို့ပေမယ့် သူတို့ထက် အပင်ကို အာဟာရဓာတ် ထိရောက်စွာ ဆုံးဖြည့်စွမ်းပေးနိုင်တဲ့၊ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ သဘာဝမြေသြဇာတွေလည်း ရှိပါတယ်။

    စိုက်ပျိုးရေး နည်းလမ်းကောင်းတွေကို နောက်တစ်ကြိမ် တင်ဆက်မှုတွေကနေ ဆက်လက်ဝေမျှပေးသွားမှာ ဖြစ်လို့ ထွက်တိုး ယူကျူချန်နယ်ကို like and Subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။ ပုံကို နှိပ်၍လည်း video ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။


likes10comments0
views2225