cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အယ်လ်နီညိုအခြေအနေတွင် ငါးမွေးမြူသူများ အရန်ကန်ထားရှိရန် တိုက်တွန်းထား

. Weather News
အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုတွေ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိလို့ မွေးမြူရေးကဏ္ဍကို ထိခိုက်မှုမရှိစေရေးအတွက် ငါး/ဦးစီး၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မိုး/ဇလ တို့က ကြိုတင်အသိပေးလျက်ရှိပါတယ်။
  • ယခုလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေမှာ နိုင်ငံအတွင်းက ငါး၊ ပုစွန် မွေးမြူရေးတောင်သူတွေအနေနဲ့ မိမိတို့ရဲ့ ငါးမွေးကန်တွေမှာ အရန်ကန်တွေ ထားရှိကြဖို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တိုက်တွန်းလာပါတယ်။

    အဆိုပါ အရန်ကန်တွေမှာလည်း ရေသိုလှောင်ထားရှိပြီး ရေလှယ်တဲ့ စနစ်ကို အထူးဂရုပြု ဆောင်ရွက်ကြဖို့လည်း အကြံပြုထားပါတယ်။

    အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုတွေ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိလို့ မွေးမြူရေးကဏ္ဍကို ထိခိုက်မှုမရှိစေရေးအတွက် ငါး/ဦးစီး၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မိုး/ဇလ တို့က ကြိုတင်အသိပေးလျက်ရှိပါတယ်။

    ငါး၊ ပုစွန် စတဲ့ ရေထွက်ကုန်တွေကို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးမှာ အဓိက မွေးမြူထုတ်လုပ်နေပြီး ငါးကန်အများစုကို နွေရာသီမှာ ကန်ဖော်လေ့ရှိပါတယ်။

    မြန်မာနိုင်ငံမှာ ရေချိုငါး၊ ပုစွန်၊ ဂဏန်း ဧက ၄၆၀၀၀၀ ကျော် မွေးမြူထားပြီး ငါးကို အများဆုံးမွေးမြူကာ ဂဏန်းကို ဧက ၂၀၀၀ ကျော်မှာ မွေးမြူထားပါတယ်။

    “ဒီနှစ်နွေရာသီမှာ အယ်လ်နီညိုဖြစ်စဉ်လည်းရှိနေတော့ ငါးမွေးတောင်သူတွေ ပိုမိုဂရုစိုက်နေကြပါတယ်။ ဖြစ်သွားရင် ဆုံးရှုံးမှုတန်ဖိုးကြီးမားတယ်ဆိုတာ သူတို့ သိနေကြပါတယ်”လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောပါတယ်။

    ရေချိုမွေးမြူရေးကဏ္ဍမှာ ငါးမြစ်ချင်းကို အများဆုံးမွေးမြူလျက်ရှိပြီး တစ်ဧကမှာ သားပေါက်ကောင်ရ ၇၀၀ ကနေ ၁၀၀၀ အထိ ကန်ကျယ်စနစ်နဲ့ မွေးမြူလျက်ရှိပါတယ်။

    ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၇၅ သန်းရရှိထားကြောင်း စီးပွား/ကူးသန်းရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

    BETV Business မှ ကူးယူဖော်ပြအပ်ပါသည်။

    ---------

    အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes11comments0
views1763