cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ကုလားပဲ ဝယ်လိုအားနည်းပြီး စျေးကျနေ

. Market News
“ကုလားပဲက ပြည်တွင်းစားတာ များတယ်။ နိုင်ငံခြားလဲ သွားဖို့လဲ မရှိဘူး၊ ပြည်တွင်းစားသုံမှုရှိလို့ တော်သေးတာ ၊ အသစ်ဝင်ပေမဲ့ လုပ်ငန်းသုံးသမားပဲ အဝယ်ရှိတာ။“ဟု အောင်လံ ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောထားပါသည်။
  • ပြည်တွင်းကုလား အသစ်များ စျေးကွက်သို့ ဝင်ရောက်နေပြီး အဝယ်နည်း၍ စျေးများ ဆက်တိုက် ကျဆင်းနေကြောင်း ပဲကုန်သည်များထံမှသိရသည်။

    ယခင် အိန္ဒိယနိုင်ငံမှ ပဲစျေးတက်နေခြင်းကြောင့် လိုက်လံမြင့်တက်နေခြင်းဖြစ်ပြီး လက်ရှိ ကုလားပဲ အသစ်‌များ ဈေးကွက်ထဲဝင်ရောက်နေသော်လည်း အဝယ်အေးနေခြင်း ကြောင့် ဈေး ကျဆင်းသွားခြင်း ဖြစ်ကြောင်း ကုန်သည်တချို့က သုံးသပ်ကြသည်။

    “ကုလားပဲစျေးက ဖေဖော်ဝါရီလ လယ်ပိုင်းကနေ ကျလာတာ ။ အခုရက်ပိုင်းမှာတော့ မဆိုးသလောက်လေး တက်ရိပ်ပြတယ်။ ဒါပေမဲ့ ပြီးခဲ့လနဲ့ ယှဉ်ရင်တော့တော်တော်ကျတယ်။ ကုလားပဲ အသစ်တွေကလဲ ဝင်နေတော့ စျေးက ဆက်တိုက်ကျလာတာ။ “ ဟု မန္တလေးမြို့မှ ပဲ ကုန်သည်တစ်ဦးကပြောသည်။

    ပြီးခဲ့သည့် လ ပထမအပတ်က ကုလားပဲ ပိဿာ ၂၀ တစ်အိတ် လျှင် အောင်လံစျေး ၉၉၀၀၀ ရှိ ခဲ့ ရာ မှ လက်ရှိ ကုလားပဲ ပိဿာ ၂၀ တစ်အိတ်လျှင် ၈၇၀၀၀ မှ ၈၈၀၀၀ ထိသာရှိတော့ ကြောင်း သိရသည်။ တစ်လအတွင်း ကုလားပဲ တစ်အိတ်ကို ငွေကျပ် ၁၀၀၀၀ ကျော် ဈေးကျဆင်းသွားသည်။

    ကုလားပဲမှာ ပြည်တွင်းစားသုံးမူ များစွာရှိနေခြင်းကြောင့်သာ စျေးအများကြီးကျဆင်းသွားခြင်း မရှိကြောင်း သိရသည်။

    “ကုလားပဲက ပြည်တွင်းစားတာ များတယ်။ နိုင်ငံခြားလဲ သွားဖို့လဲ မရှိဘူး၊ ပြည်တွင်းစားသုံမှုရှိလို့ တော်သေးတာ ၊ အသစ်ဝင်ပေမဲ့ လုပ်ငန်းသုံးသမားပဲ အဝယ်ရှိတာ။“ဟု အောင်လံ ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောထားပါသည်။

    ဖေဖော်ဝါရီလ ပထမပတ်က မန္တလေး ကုန်စည်ဒိုင်တွင် ကုလားပဲ(929) ၅၆ဒဿမ ၂၅ပိဿလျှင် ၂၃၅၀၀၀ မှ၂၃၆၀၀၀ ၊ကုလားပဲ (TW) လျှင် ၂၃၅၀၀၀ ကျပ် ရှိကြောင်း သိရသည်။

    လက်ရှိ မန္တလေးစျေးကွက်တွင် ဝမ်းတွင်း၊ သဲတော၊ စစ်ကိုင်း၊ မုံရွာဘက်မှ ကုလားပဲအသစ်များ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    တောင်သူအများစု အနေဖြင့် ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြင့် စိုက်ပျိုးကြပြီး နှစ်စဉ် ကုလားပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဧကပေါင်း တစ်သိန်းကျော်ထိ စိုက်ပျိုးကြကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက် ဧက ၁၁ သန်းကျော်ရှိပြီး ကုလားပဲ ၈ ရာခိုင်နှုန်း၊ ပဲတီစိမ်း ၂၆ ရာခိုင် နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာ ခိုင်နှုန်း၊ စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

    ဆောင်းကုလားပဲများကို အောက်တိုဘာလတွင် မိုးရေအစိုဓာတ်ဖြင့် လည်းကောင်း၊ ရေစက်များဖြင့် ရေတင်၍လည်းကောင်း ယာမြေများ၌ စိုက်ပျိုးကြကြောင်း၊ V2 မျိုးနှင့် ရိုးရိုးကုလားပဲလုံး အသေးမျိုးများကို စိုက်ပျိုးကြသည့်အနက် V2 ကုလားပဲမျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive Content for Htwet Toe

    ---------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views1272