cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အုန်းရည်သောက်သုံးခြင်း၏ အကျိုးကျေးဇူးများ

. Health Articles
ကိုယ်အလေးချိန်ကျစေပါတယ်

အုန်းရည်မှာ ဗိုက်တာမင်စီ၊ အမျှင်ဓါတ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်ကဲ့သို့သော သတ္တုဓါတ်တွေပါဝင်လို့ ကိုယ်အလေးချိန်ကို ကျစေပါတယ်။
  • အခုလို ရာသီဥတု ပူလာချိန်မှာ ကျွန်တော်တို့တွေဟာ ကိုယ့်ကိုကိုယ် အေးမြစေမယ့်နည်းလမ်း တွေရှာကြရပါ တယ်။ အဲလိုအချိန်မှာ အချိုရည်ရှာမရချိန် အုန်းရည်သောက်လိုက်မယ်ဆိုရင်တော့ တကယ်ကို အေးမြပြီးကောင်းကျိုး တွေရရှိစေမှာပါ။

    ၁။ ကိုယ်အလေးချိန်ကျစေပါတယ်

    အုန်းရည်မှာ ဗိုက်တာမင်စီ၊ အမျှင်ဓါတ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်ကဲ့သို့သော သတ္တုဓါတ်တွေပါဝင်လို့ ကိုယ်အလေးချိန်ကို ကျစေပါတယ်။

    ၂။ ကိုယ်လက်လှုပ်ရှား အားကစားသမားတွေအတွက် သောက်သုံးရန်သင့်ပါတယ်

    အုန်းရည်ဟာ အချိန်ကြာမြင့်စွာ လှုပ်ရှားနေရတဲ့ အားကစားသမားများအတွက် ခန္ဓာကိုယ် ချွေးထွက်ခြင်းမှ ကုန်ဆုံးသွားတဲ့ ဓါတ်တွေကို ပြန်လည်ဖြည့်ဆည်းပေးပါတယ်။

    ၃။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကောင်းစေပါတယ်

    အုန်းရည်တွင် ခန္ဓာကိုယ်ဓါတ်တိုးစွမ်းအား antioxidants ဓါတ်များပါဝင်တဲ့အတွက် ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တွေကို တိုက်ခိုက်လာတဲ့ ရောဂါပိုးမွှားတွေကို ပြန်လည်တိုက်ထုတ်နိုင်တဲ့စွမ်းအားရှိလို့ ခုခံအားစနစ်ကို ကောင်းစေပါတယ်။

    ၄။ သွေးတွင်းသကြားဓါတ်ကို ညှိပေးပြီး သွေးဖိအားကိုလည်းကျစေပါတယ်။

    အုန်းရည်တွင် ပါဝင်သည့် မဂ္ဂနီစီယမ်ဓါတ်သည် သွေးတွင်းသကြားဓါတ်ကို လျော့ကျစေပြီး အင်းစူလင်တုံ့ ပြန်မှုကိုလည်းကောင်းစေတာကြောင့် ဆီးချိုသမားများအတွက် သောက်သုံးရန် အလွန်သင့်လျော်ပါတယ်။ တချိန်တည်း မှာဘဲ အုန်းရည်တွင်ပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်သည် သွေးဖိအားကို ညှိပေးပြီး ခန္ဓာကိုယ်ထဲတွင် သွေးခဲများဖြစ်ပေါ် ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

    ၅။ ကျောက်ကပ်အတွက် ကောင်းပါတယ်

    အုန်ရည်သောက်သုံးခြင်းဖြင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။ ကျွန်တော်တို့သိကြတဲ့အတိုင်း ခန္ဓာကိုယ်မျာရှိတဲ့ ကယ်လ်ဆီဓါတ်များဟာ အဆိုင်အခဲအဖြစ်ပြောင်းပြီး ကျွန်တော်တို့ရဲ့ ဆီးလမ်းကြောင်းမှာ ပိတ်ဆို့ နေကာ ခွဲထုတ်ရတဲ့အထိဖြစ်တက်ပါတယ်။ ဒါတွေကိုကြိုတင်ကာကွယ်ဖို့ အုန်းရည်သောက်သုံးသင့်ပါကြောင်း တိုက်တွန်း လိုက်ရပါတယ်ခင်ဗျာ။

    Source: https://www.healthshots.com/.../5-reasons-why-you-must.../

    ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes16comments2
views2193