cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငါးစားခြင်းရဲ့ ကောင်းကျိုးများ 🧏‍♀️🧏‍♀️

. Health Articles
ငါးစားသုံးခြင်းဖြင့် ညညအိပ်မပျော်ခြင်းကို လျော့ချပေးနိုင်ပါတယ်။ ဆယ်လ်မွန်ငါးကို တစ်ပတ် ၃ ကြိမ်စားခြင်းဖြင့် ကောင်းကောင်းအိပ်ပျော်စေရန် အကူအညီပေးပါတယ်။
  • ငါးတွင် ပရိုတင်း၊ ဗိုက်တာမင်ဒီနဲ့ အိုမီဓါ-၃ (Omega-3)ဓါတ်ပါလို့ ခန္ဓာကိုယ်နဲ့ ဦးနောက်ဖွံဖြိုးရေးအတွက် လွန်စွာအထောက်အကူပြုတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

    ၁။ ခန္ဓာကိုယ်က အဓိကလိုအပ်တဲ့ အာဟာဓါတ်တွေပါဝင်ပါတယ်

    ကျွန်တော်တို့မှာ ချို့တဲ့နေတဲ့ ဓါတ်တွေ ငါးတွင်ပါဝင်နေတာတွေ့ရပါတယ်။ ပရိုတင်း၊ အိုင်အိုဒင်း၊ ဗိုက်တာမင်နဲ့ သတ္တုဓါတ်တွေပါဝင်နေပြီး အဆီပေါတဲ့ ငါတွေမှာ အဆီကိုအခြေခံထားတဲ့ အာဟာရဓါတ်တွေ ပါဝင်နေတက်ပါတယ်။ လူတွေလိုအပ်တဲ့ အဆီကို ပျော်စေတဲ့ ဗိုက်တာမင်ဒီဓါတ်တွေနဲ့ အိုမီဂါ-၃ ဓါတ်တွေဟာ အဆီပေါတဲ့ငါးတွေမှာ များစွာ ပါဝင်ပါတယ်။ ဒီဓါတ်တွေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးရေးနဲ့ ဦးနှောက်ဖွံ့ဖြိုးရေးအတွက် လွန်စွာ အထောက် အကူဖြစ်သည့်အတွက် တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်စားသင့်ပါတယ်။

    ၂။ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်

    ငါးစားသုံးခြင်းဟာ ရုတ်တရက် နှလုံးခုန်နှုန်း ရပ်တန့်ခြင်းမှ ကာကွယ်ပေးပါတယ်.

    ၃။ ခန္ဓာကိုယ်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ အာဟာရဓါတ်များပါဝင်ပါတယ်

    ငါးတွင်ပါဝင်တဲ့ အိုမီဂါ-၃ ဓါတ်သည် ဦးနှောက်နှင့်မျက်လုံးကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ ကိုယ်ဝန် ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေအတွက် အိုမီဂါ-၃ ဓါတ်ဟာလည်း အရေးကြီးတဲ့အတွက် ငါးကို စားသုံးသင့်ပါတယ်။

    ၄။ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုပါတယ်

    ကျွန်တော်တို့ဟာ အသက်အရွယ်ရလာတဲ့အမျှ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ ကျဆင်းလာတက်ပါတယ်။ ငါးစားသုံးခြင်းဖြင့် အယ်လ်ဇိုင်းမားဖြစ်နှုန်းကို လျော့ချပေးပါတယ်။

    ၅။ စိတ်ကျခြင်းကို ကာကွယ်ကုသပေးပါတယ်

    ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းရာမှာ စိတ်ဓါတ်ကျတာတွေဖြစ်တက်ပါတယ်။ တစ်ခုခုကို အာရုံစိုက်မရတော့ခြင်း၊ ဝမ်းနည်းလွယ်ခြင်း၊ စွမ်းဆောင်ရည်ကျဆင်းခြင်းနဲ့ စိတ်ဝင်စားမှုလျော့ကျသွားခြင်းတွေကို ငါးစားသုံးခြင်းဖြင့် ကာကွယ် ကုသနိုင်ပါတယ်။

    ၆။ ဗိုက်တာမင်ဒီကြွယ်ဝခြင်း

    ဆော်လ်မွန်ငါး (salmon fish) ကဲ့သို့သော အဆီများသည့် ငါးများတွင် ဗိုက်တာမင်ဒီကြွယ်ဝစွာပါသဖြင့် ကျန်းမာရေးအတွက်လွန်စွာအထေက်အကူပြုပါတယ်။

    ၇။ အော်တိုအင်မြူး (autoimmune)ရောဂါအား လျော့ချပေးခြင်း

    ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ဟာ တစ်ခါတစ်ရံ ကိုယ်တွင်းရှိ ကျန်းမာသန်စွမ်းတဲ့ တစ်ရှူးတွေကို မှားယွင်းစွာ တိုက်ခိုက်တက်ပါတယ်။ ဒါကို အော်တိုအင်မြူရောဂါလို့ခေါ်ပါတယ်။ ငါးမှာပါဝင်တဲ့ အိုမီဂါ-၃ နှင့် ဗိုက်တာမင်ဒီဓါတ်သည် ယင်းသို့ တိုက်ခိုက်ခြင်းကို ကာကွယ်ပေးပါတယ်။

    ၈။ ကလေးတွေမှာ ဖြစ်တက်တဲ့ ပန်းနာရင်ကြပ်ကို ကာကွယ်ပေးပါတယ်

    ငါးစားသုံးခြင်းဖြင့် ကလေးများ ပန်းနာရင်ကြပ်ဖြစ်နိုင်ခြေကို ၂၄ ရာခိုင်နှုန်းထိ လျော့ချပေးနိုင်ပါတယ်။

    ၉။ အသက်အရွယ်ကြီးရင့်လာချိန်တွင် အမြင်အာရုံချို့တဲ့ခြင်းမှ ကာကွယ်ပေးပါတယ်

    ငါးစားသုံးခြင်းဖြင့် အသက်အရွယ်ကြီးရင့်ချိန် ကြွက်သားစွမ်းဆောင်ရည်လျော့ချခြင်းကို ကာကွယ်ပေးပါတယ်။

    ၁၀။ ကောင်းကောင်းအိပ်ပျော်စေခြင်း

    ငါးစားသုံးခြင်းဖြင့် ညညအိပ်မပျော်ခြင်းကို လျော့ချပေးနိုင်ပါတယ်။ ဆယ်လ်မွန်ငါးကို တစ်ပတ် ၃ ကြိမ်စားခြင်းဖြင့် ကောင်းကောင်းအိပ်ပျော်စေရန် အကူအညီပေးပါတယ်။

    ၁၁။ အရသာရှိပြီး ပြန်ဆင်ရန်လွယ်ကူပါတယ်

    ငါးစားသုံးခြင်းရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ အခြားဟင်းလာတွေနဲ့ယှဉ်ရင် အရသာရှိပြီး ချက်ပြုတ် ပြင်ဆင်ရတာလွယ်ကူတဲ့အတွက်ကြောင့် ငါးကို ပိုမိုစားသုံးကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ် ခင်ဗျာ။

    Source: https://www.healthline.com/.../11-health-benefits-of-fish...

    -------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
14
comments
1
views
2196