cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

သရက်ဖြုတ်ပိုးကာကွယ်နှိမ်နင်းနည်း

. Pests Management
သရက်ဖြုတ်ပိုးသည် သစ်ရည်ကို စုပ်စားသော အင်းဆက်ပိုးဖြစ်၍ ပင်လုံးပြန့် အာနိသင်ရှိသော ပိုးသတ်ဆေးများ အသုံးပြု ပက်ဖျန်းရမည်။ သရက်ဖြုတ်ပိုးကြောင့် ကြပ်ခိုးမှို ဖားဥမှိုရောဂါ ထပ်ဆင့် ကျရောက်တတ်သည်။
  • စိုက်ပျိုးနည်းစနစ်များ အသုံးပြု၍ ကာကွယ်နှိမ်နှင်းခြင်း

    • သရက်ခြံကို သန့်ရှင်းအောင်ထားခြင်း၊ ပုံမှန်ထယ်ထိုးခြင်း၊ ပေါင်းရှင်းခြင်းနှင့် ကျပ်ညပ်ပြီး ထပ်နေသော ကိုင်းများကို ဒီဇင်ဘာလတွင် ခုတ်ပစ်ခြင်းကဲ့သို့သော ကောင်းမွန်သော သရက်ခြံထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ခြင်းသည် သရက်ဖြုတ်ပိုး အကောင်အရေအတွက်ကို လျော့ကျစေပါသည်။

    • သရက်ပင်များအား နေရောင်ရရှိစေရန်နှင့် လေဝင်လေထွက် ပိုမိုကောင်းစေရန် အပင်ကို ချိုင်ပေးပါ။

    • အပင်ချိုင်ခြင်းကို ၁နှစ်လျှင် ၂ကြိမ် လုပ်သင့်ပါသည်။ စက်တင်ဘာလတွင် အသီးခူးပြီးချိန်နှင့် ဒီဇင်ဘာလ/ဇန်နဝါရီလ ပန်းပွင့်ချိန်တို့ ဖြစ်ပါသည်။

    • မည်သည့် အပင်အစိတ်အပိုင်း သို့မဟုတ် သရက်ကိုင်းများသည် ဘေးနားရှိအပင်နှင့် ထိစပ်ခြင်း မရှိသင့်ပါ။

    ဘက်စုံကာကွယ်နှိမ်နှင်းခြင်း နည်းစနစ်များ

    • အလင်းရောင်ကျရောက်မှု ပိုမိုကောင်းမွန်ရန် ပူးကပ်ကာ စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ပါ။

    • ပုံမှန် ထယ်ထိုးခြင်းနှင့် ပေါင်းရှင်းခြင်းတို့ဖြင့် သရက်ခြံကို သန့်ရှင်းအောင် ထားပါ။

    • ပိုးကျသော အပင်များကို စုစည်းပြီး ဖျက်ဆီးပါ။

    • မီးခိုးမှိုင်းတိုက်ခြင်းအားဖြင့် သရက်ပင်တွင် ကျရောက်သော ဖြုတ်ပိုးများ ထွက်ပြေးစေသဖြင့် ဖြုတ်ပိုးများရန်ကို ကာကွယ်ပေးနိူင်ပါသည်။

    ဓာတုနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း

    သရက်ဖြုတ်ပိုးသည် သစ်ရည်ကို စုပ်စားသော အင်းဆက်ပိုးဖြစ်၍ ပင်လုံးပြန့် အာနိသင်ရှိသော ပိုးသတ်ဆေးများ အသုံးပြု ပက်ဖျန်းရမည်။ သရက်ဖြုတ်ပိုးကြောင့် ကြပ်ခိုးမှို ဖားဥမှိုရောဂါ ထပ်ဆင့် ကျရောက်တတ်သည်။ သရက်စိုက်ခင်းတွင် သရက်ဖြုတ်ပိုး ကျရောက် ဖျက်ဆီးမှုမှရန်မှ ကာကွယ်ရန် စိုက်ပျိုးရေး- မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထောက်ခံထားသော ပိုးသတ်ဆေးများကို ဈေးကွက်တွင် လွယ်ကူစွာ ဝယ်ယူ၍ အသုံးပြုနိုင်ပါသည်။

    ရေ၄ဂါလန်နှင့် အဆီတာမီပရစ် (Acetamiprid) + လမ်ဒါဆိုင် ဟေလိုသရင် (Lambda-cyhalothrin) စားပွဲတင်ဇွန်း ၁ဇွန်းမှ၂ ဇွန်း(သို့မဟုတ်)

    ရေ၄ဂါလန်နှင့်အဆီဖိတ် (Acephate 75%SP) စားပွဲတင်ဇွန်း ၄ဇွန်းမှ၆ဇွန်း(သို့မဟုတ်)

    ရေ၄ဂါလန်နှင့်အဆီတာမီပရစ် (Acetamiprid) စားပွဲတင်ဇွန်း ၂ဇွန်းမှ၄ဇွန်း အသုံးပြုနိူင်ပါသည်။

    အညွှန်းစာတွင် ပါဝင်သော လမ်းညွှန်ချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်ပါ။

    အထက်တွင် ဖော်ပြထားသော ပိုးသတ်ဆေးများမှ သင့်တော်ရာ အသုံးပြုနိူင်ပါသည် (သို့မဟုတ်) နီးစပ်ရာ စိုက်ပျိုးရေးဝန်ထမ်းများ၏ အကြံပြုချက်များအား ရယူ၍ ပိုးသတ်ဆေးများအား စနစ်တကျ သုံးစွဲပါ။ မြန်မာစာ အညွှန်းအား သေချာဖတ်၍ စနစ်တကျ လိုက်နာကျင့်သုံးပါ။

    ဆေးဖျန်းရာတွင် အကာအကွယ် အဝတ်အစားများ နှာခေါင်းစွပ် လက်အိတ် ခြေအိတ် ပါးစပ်အုပ် စသည်များဖြင့် ဝတ်စုံပြည့် ကာကွယ်ဝတ်ဆင်ပါ။ ဆေးပုလင်း အခွံများအား လုံးဝပြန်လည် အသုံးမပြုပါနှင့်။ မြစ်ချောင်းများထဲသို့ မစွန့်ပစ်ပါနှင့်။ စနစ်တကျ မြေမြှပ်ဖျက်ဆီးပါ။ ကလေးများနှင့်ဝေးရာ လက်လှမ်းမမှီသည့်နေရာတွင် သိမ်းဆည်းထားပါ။

    ထွက်တိုး

    ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes9comments0
views2028