cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စပါးရွက်ဖုံးခြောက်ရောဂါ 🌾🌾

. Diseases
Rice Sheath Blight (Rhizotonia solani)
  • ရောဂါလက္ခဏာနှင့်ပျံ့နှံပုံ

    ပင်ပွားထွက်ချိန်မှအနှံထွက်ချိန်အထိ ကျရောက်နိုင်သည်။ ကနဦးရောဂါလက္ခဏာအား ရေမျက်နှာပြင်နှင့် ထိစပ်နေ သော ရွက်ဖုံးပေါ်တွင် စတင်တွေ့ရှိနိုင်သည်။ ရွက်ဖုံးပေါ်တွင် ဘဲဥပုံမှရှည်မျောသော မီးခိုးရောင်ရေစိုနာကွက် ဖြစ်ပေါ်စေ သည်။ ၄င်းရေစိုနာကွက်သည် ကျယ်ပြန့်လာပါက အလယ်ဗဟိုသည် မီးခိုးဖျော့ရောင်သို့ပြောင်းလာပြီး မညီညာသော အညို ရင့်ရောင်ဖြင့်အနားသတ်ထားသည်။ ရောဂါပြင်းထန်ပါက အတွင်းရွက်ဖုံးများအထိ ရောဂါကူးစက်ပျံ့နှံ့နိုင်ပြီး နောက်ဆုံး တွင် အပင်တစ်ပင်လုံးအား သေစေသည်အထိဖြစ်နိုင်သည်။ အနှံမထွက်မီအစောပိုင်းနှင့် အဆန်တည်စချိန်တွင် ဆိုးဝါးစွာ တိုက်ခိုက်ခံရပါက အစေ့အဆန်တည်မှုနည်းပါးခြင်းကို ဖြစ်စေနိုင်သည်။ ထို့ပြင် စပါးပင်၏အလံရွက်အား တိုက်ခိုက်ခံရ ပါက အထွက်နှုန်း (၂၀%)ထိ ဆုံးရှုံးနိုင်ကြောင်း လေ့လာတွေ့ရှိမှုများရှိခဲ့သည်။

    ၄င်းရောဂါသည် မြေဆောင်ရောဂါဖြစ်သည်။ ရောဂါဖြစ်စေသောသက်ရှိသည် ခြောက်သွေ့သောမြေတွင် (၂)နှစ်ခန့် နှင့် စိုစွတ်သောမြေတွင် (၅-၈) လခန့် နားနေအဆင့်မှိုအစုအဝေး (sclerotia) အဖြစ် ရှင်သန်ခိုအောင်းနေနိုင်သည်။ ထို့နောက် ၄င်းမှိုမျှင်အစုအဝေးသည် သွင်းရေမှတဆင့် ကူးစက်ပျံ့နှံ့သည်။

    ၄င်းရွက်ဖုံးခြောက်ရောဂါဖြစ်ပေါ်မှုကိုအားပေးသောအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    ၁။ စိုထိုင်းဆ (၉၆ - ၁၀၀%) ရှိခြင်း။

    ၂။ အပူချိန် (၂၈ - ၃၂) ဒီဂရီစင်တီဂရိတ်။

    ၃။ နိုက်ထရိုဂျင်မြေဩဇာလွန်ကဲစွာသုံးခြင်း။

    ၄။ မျိုးစေ့နှုန်းထားများခြင်း။

    ၅။ အပင်စိပ်လွန်းခြင်း။

    ၆။ မိုးအဆက်မပြတ်ရွာသွန်းခြင်း။

    ကာကွယ်နှိမ်နင်းနည်းများ

    ၁။ မြေဩဇာအလွန်အကျွံကျွေးခြင်းကိုရှောင်ကြဥ်ပါ။

    ၂။ အပင်ဦးရေစိပ်စိပ်စိုက်ခြင်းကိုရှောင်ကြဉ်ပါ။

    ၃။ ပေါင်းမြက်များအား ရှင်းလင်းပါ။

    ၄။ ရောဂါရစိုက်ခင်းမှနေ၍ ကျန်းမာသန်စွမ်းသောစိုက်ခင်းများဆီသို့ ရေဖြတ်သွင်းခြင်းကိုရှောင်ကြဉ်ပါ။

    ၅။ နွေထယ်ရေးခံပါ။

    ၆။ ရိုးပြတ်များကို မီးရှို့ပါ။

    ၆။ ရောဂါပြင်းထန်စွာကျရောက်ပါက စျေးကွက်တွင် ထုတ်လုပ်ရောင်းချနေသော ပင်လုံးပြန့်မှိုသတ်ဆေးတစ်မျိုးမျိုးအား ဆေးဘူးပါအညွှန်းအတိုင်း စနစ်တကျလိုက်နာ၍ ပက်ဖျန်းအသုံးပြုပါ။

    ထွက်တိုး

    References: http://www.agritech.tnau.ac.in/.../cpdissheathblight.html

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
likes12comments0
views1524