cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် ပဲတီစိမ်း စျေးကျဆင်းနေ

. All News
“ ဖေဖော်ဝါရီလ ဆန်းပိုင်းလောက်နဲ့ယှဉ်ရင် ၈၀၀၀ ကနေ ၁၀၀၀၀ ကြားထိ ကျသွားတယ် ။ ပဲ အထွက်လည်းများပြီး အဓိက တရုတ်ကပဲ ပဲတီစိမ်းကို ဝယ်တာဆိုတော့ လက်ရှိ လမ်းပိုင်းအပြင် တခြား အခက်အခဲတွေကြောင့် တရုတ်ဘက်က အဝယ်နည်းသွားလို့ စျေးကျသွားတာ။ ပင်လယ်ရေကြောင်း ကတင်ပို့ရင်လည်း စရိတ် များလို့ အဆင်မပြေပြန်ဘူး” ဟု အောင်လံ မှ ပဲကုန်သည်တစ်ဦးပြောသည်။
  • တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် ယခင်လများ ထပ်ယှဉ်လျှင် ပဲတီစိမ်း စျေးကျဆင်းလာကြောင်း စျေးကွက်အရသိရပါသည်။

    လက်ရှိပဲတီစိမ်း အထွက်နှုန်းများနေပြီး မြန်မာ–တရုတ်နယ်စပ် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာလည်း ရက်ရှည်ကြာ ပိတ်ထားခြင်းကြောင့် အရောင်းအဝယ်မသွက်ဘဲ ဈေးနှုန်းကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

    “ လက်ရှိ တရုတ်ကို ပို့ဖို့ လမ်းခရီးတွေ အဆင်မပြေဘူး ။ပုံမှန်ပို့တဲ့ လမ်းက ပိတ်ထားတော့ တင်ပို့တဲ့ ကုန်စည်အကုန်လုံး မိုင်းလားဘက်က သွားကြရတယ် ။ အဲ့လမ်းပိုင်းမှာ ပြုံပြီး ကားတွေပိတ် ပုံမှန်ထပ် လမ်းခရီးမှာ ကြန့်ကြာမှုတွေရှိပြီး အရောင်းဝယ်တွေကျ မြင့်နေတဲ့ စျေးကကျလာတာ” ဟု ပဲ ကုန်သည်တစ်ဦး ကပြောသည်။

    မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ ပဲတီစိမ်းစျေးဟာ ဖေဖော်ဝါရီ လ ၁၂ရက်နေ့က ပဲတီစိမ်း ပိဿာ၂၀ တစ်အိတ်လျှင် ၇၇၀၀၀ ကျော် အထိ ရှိ ခဲ့ ပြီးမတ် လ ၁၂ ရက် စျေးနှုန်းအရ ပဲတီးစိမ်းပိဿာ၂၀ တစ်အိတ်လျှင် ၆၈၀၀၀ ကျပ်ထိ ကျဆင်း သွား ကြောင်း သိရသည်။

    လက်ရှိ FOB ရန်ကုန်ပေါက်စျေး အနေဖြင့် FAQ အညာ တစ်တန်လျှင် ၇၃၀ မှ ၇၅၀ ဒေါ်လာ ထိ ရှိ ပြီး

    ရွှေဝါအကြီး လျှင် ၈၃၀ မှ ၈၆၀ အထိ ပေါက်စျေး ရှိ ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

    “ ဖေဖော်ဝါရီလ ဆန်းပိုင်းလောက်နဲ့ယှဉ်ရင် ၈၀၀၀ ကနေ ၁၀၀၀၀ ကြားထိ ကျသွားတယ် ။ ပဲ အထွက်လည်းများပြီး အဓိက တရုတ်ကပဲ ပဲတီစိမ်းကို ဝယ်တာဆိုတော့ လက်ရှိ လမ်းပိုင်းအပြင် တခြား အခက်အခဲတွေကြောင့် တရုတ်ဘက်က အဝယ်နည်းသွားလို့ စျေးကျသွားတာ။ ပင်လယ်ရေကြောင်း ကတင်ပို့ရင်လည်း စရိတ် များလို့ အဆင်မပြေပြန်ဘူး” ဟု အောင်လံ မှ ပဲကုန်သည်တစ်ဦးပြောသည်။

    လက်ရှိ လတ်တလော တောင်သူများထံ ဈေးနှိမ်ဝယ်ယူမှုများရှိနေပြီး တချို့ မရောင်း ပဲစျေးကွက် စောင့်ကြည့်နေသည့် အနေအထားများလည်း ရှိကြောင်းသိရသည်။

    အချို့ နယ်ဘက်များရှိ တောင်သူများအဖို့ ပိဿာ၂၀ လျှင် ခြောက်သောင်း ကျပ်ဖြင့်လည်းရောင်း ချ ပေးနေရကြောင်းလည်း သိရသည်။

    လက်ရှိ ရာသီဥတုကောင်းမွန်မှုကြောင့် ပဲထွက်နှုန်းလည်း များလာပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပဲတီစိမ်းဈေးနှုန်း ထပ်မံကျဆင်းမည်ကို ပဲစိုက်တောင်သူများ စိုးရိမ်နေကြကြောင်း လည်း စုံစမ်းသိရှိရသည်။

    မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက် ဧက ၁၁ သန်းကျော်ရှိပြီးပဲတီစိမ်း ၂၆ ရာခိုင် နှုန်း ခန့် စိုက်ပျိုး ထုတ်လုပ် လျက်ရှိ ကြောင်းသိရသည်။

    ပဲတီစိမ်းကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်းနှုန်းအထိ အဓိက ဝယ်ယူလျှက်ရှိပြီး ၁၀ ရာခိုင်းနှုန်းမှာ ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ ဝယ်ယူလျှက်ရှိကြောင်း သိရသည်။

    ပဲတီစိမ်းကို မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ အဓိကစိုက်ပျိုးကြ ကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive Content for Htwet Toe

    ----------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes9comments0
views1253