cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

လာမည့်ဘဏ္ဍာနှစ် ပြည်ပသို့ ရော်ဘာ တိုးမြှင့်တင်ပို့ရန် မျှော်မှန်း

. Market News
“လာမယ့် ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၃ သိန်းခွဲလောက်အထိ ပြည်ပကို တင်ပို့နိုင်ဖို့ ခန့်မှန်းထားပါတယ်”လို့ တာဝန်ရှိသူက ဆိုပါတယ်။
  • လာမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပနိုင်ငံတွေထံ ရော်ဘာတန်ချိန် တိုးမြှင့်တင်ပို့သွားဖို့ မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူက ပြောကြားလာပါတယ်။

    “လာမယ့် ဘဏ္ဍာနှစ်မှာတော့ တန်ချိန် ၃ သိန်းခွဲလောက်အထိ ပြည်ပကို တင်ပို့နိုင်ဖို့ ခန့်မှန်းထားပါတယ်”လို့ တာဝန်ရှိသူက ဆိုပါတယ်။

    ပြည်တွင်းက ထွက်ရှိတဲ့ ရော်ဘာတွေကို နှစ်စဉ် တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနဲ့ ဗီယက်နမ်အစရှိတဲ့ နိုင်ငံတွေကို ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ တင်ပို့နေတာပါ။

    “ဒီဘဏ္ဍာနှစ်စကနေ လက်ရှိအချိန်ထိ ပြည်ပကို မြန်မာ့ရော်ဘာတန်ချိန် ၁ သိန်းခွဲကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ တင်ပို့မှုတွေထဲမှာ တရုတ်နိုင်ငံကို ၇၅ ရာခိုင်နှုန်းလောက် တင်ပို့ထားပါတယ်”လို့ တာဝန်ရှိသူက ဆိုပါတယ်။

    လက်ရှိ ပြည်တွင်းမှာ အရည်အသွေးပြည့်မီတဲ့ ရော်ဘာတွေ ထုတ်လုပ်ပြီး ပြည်ပကို တင်ပို့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံအတွင်းက ရော်ဘာလုပ်ငန်းရှင်တွေကို နစကမှ ချေးငွေထုတ်ပေးလျက်ရှိပါတယ်။

    အထူးသဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးထားတဲ့ ရော်ဘာမှိုင်းရုံလုပ်ငန်းရှင်တွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကနေ သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ထုတ်ပေးထားတယ်လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။

    နိုင်ငံလုံးအတိုင်းအတာအရ ရော်ဘာစိုက်ပျိုးဧက ၁ သန်း ၅ သိန်း ၄ သောင်း ရှိပြီး ထုတ်လုပ်မှုဧက ၉ သိန်းခွဲခန့် ရှိပါတယ်။

    ရော်ဘာကို မွန်ပြည်နယ်မှာ အများဆုံး ထုတ်လုပ်ပြီး တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့လည်း ထုတ်လုပ်မှု များပြားပါတယ်။

    BETV Business မှ ကူးယူဖော်ပြအပ်ပါသည်။

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes8comments0
views928