cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အာလူးစိုက်ပျိုးမည့်မြေအတွက် ရှိသင့်သည့် အာဟာရဓာတ်နှင့် မြေအမျိုးအစားများ (အနှစ်ချုပ်) (WUR Guideline)

. Soil Management
ရွှံ့စေး အရွယ်အစား - 0.002 mm အောက်

နှုန်း အရွယ်အစား - 0.002 mm – 0.05 mm ကြား

သဲ အရွယ်အစား - 0.05 – 2 mm ကြား
  • မြေ၏ သွင်ပြင်လက္ခဏာ

    စိုက်ပျိုးသည့် မြေအမျိုးအစားသည် အမျိုးမျိုးရှိနေသော်လည်း မြေကြီးတည်ဆောက်ပုံမှာ ယေဘုယျအားဖြင့် ရွှံ့စေး၊ နုန်းနှင့်သဲတို့ဖြင့် ဖွဲ့စည်းထားသည်။

    ရွှံ့စေး အရွယ်အစား - 0.002 mm အောက်

    နှုန်း အရွယ်အစား - 0.002 mm – 0.05 mm ကြား

    သဲ အရွယ်အစား - 0.05 – 2 mm ကြား

    ကျောက် - 2 mm အထက်

    ရွှံ့စေးမြေ

    ရွှံ့စေးပါဝင်မှု 25% အထက် ပါဝင်ဖွဲ့စည်းထားသည်။

    အာဟာရဓာတ် ထိန်းသိမ်းမှုနှုန်း မြင့်မားသည်။

    ရွှံ့စေးအရွယ်အစား သေးငယ်လွန်းသောကြောင့် ရေထိန်းသိမ်းမှုနှုန်း လွန်စွာ မြင့်မားသည်။

    သဲမြေ

    သဲပါဝင်မှုနှုန်း လွန်စွာမြင့်မား၍ ရွှံ့စေးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ အရွယ်အစား ကြီးမားသောကြောင့် မိုးရေနှင့် ရေသွင်းသည့်အခါတွင် လျှင်မြန်စွာ စိမ့်ဝင်နိုင်သည်။

    လျှင်မြန်စွာ ခြောက်သွေ့လွယ်ခြင်း၊ မိုးရေကြောင့် အာဟာရဓာတ်များ ပါရှိမှုနှုန်း မြင့်မားခြင်းကြောင့် အပင်အတွက် အရေးပါသောဓာတ်များ တည်ရှိမှု၊ ထိန်းသိမ်းနိုင်စွမ်း လွန်စွာနည်းပါးသည်။

    နုန်းမြေ

    ရွှံ့စေး၊ သဲနှင့် နုန်းပါဝင်မှု အချိုးမျှတစွာ ပါဝင်ဖွဲ့စည်းထားသဖြင့် မြေဆီသြဇာထက်သန်ခြင်း၊ လေဝင်လေထွက်၊ အာဟာရ ထိန်းသိမ်းနိုင်စွမ်း၊ ရေထိန်းသိမ်းမှုနုန်းများ ကောင်းမွန်ပါသည်။

    တည်ဆောက်ပုံ အခြေအနေပေါ်မူတည်၍ နုန်းမြေစေး( clay-loam) နှင့် သဲဆန်သောနုန်းမြေ (sandy loam) ဟူ၍ သတ်မှတ်ကြသည်။

    Source: Fresh Studio Myanmar EAT/VEG

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes10comments0
views2302