cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာနိုင်ငံတွင် လိုင်စင်ရပျားမွေးမြူသူ ၉၀၀ကျော်ရှိပြီးပျားအုံပေါင်း နှစ်သိန်းကျော်ဖြင့်ထုတ်လုပ်လျက်ရှိ

. All News
မြန်မာနိုင်ငံအတွင်း ထွက်ရှိသည့်ပျားရည်အမျိုးအစားထွက်ရှိမှုမှာ နှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည်၊ ဇီးပျားရည်၊ လိုင်ချီးပျားရည်၊ ရာဘာပျားရည်တို့မှာ လအလိုက်ထွက်ရှိလျက်ရှိသည်။ပျားမွေးမြူရေးအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများဆုံးမွေးမြူလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန၊ပျားမွေးမြူမှုဖွံ့ဖြိုးမှုဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးတင့်က ပြောသည်။
  • မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင်ဖြင့် ပျားမွေးမြူသူပေါင်း(၉၀၀)ကျော်ရှိပြီး ပျားအုံး ပေါင်း (၂၀၀ç၀၀၀)ဝန်းကျင်ခန့်ဖြင့်ထုတ်လုပ်လျက်ရှိသည်။

    ထိုသို့လိုင်စင်ရယူလုပ်ကိုင်လိုသူများအနေဖြင့် နှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးပျား လုပ်ငန်းဦးစီးဌာနများတွင် ပျားမွေးမြူရေးလုပ်ငန်းလိုင်စင် လျှောက်ထားနိုင်ကြောင်း ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှတာဝန်ရှိသူတစ်ဦးကပြောသည်။

    မြန်မာနိုင်ငံအတွင်း ထွက်ရှိသည့်ပျားရည်အမျိုးအစားထွက်ရှိမှုမှာ နှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည်၊ ဇီးပျားရည်၊ လိုင်ချီးပျားရည်၊ ရာဘာပျားရည်တို့မှာ လအလိုက်ထွက်ရှိလျက်ရှိသည်။ပျားမွေးမြူရေးအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများဆုံးမွေးမြူလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန၊ပျားမွေးမြူမှုဖွံ့ဖြိုးမှုဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးတင့်က ပြောသည်။

    `` လိုင်စင်ရပျားမွေးမြူသူပေါင်း ၉၀၀ ကျော်ရှိပါတယ်။ အများစု ကတော့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကဖြစ်ပါတယ်။ အခြားနေရာတွေကတော့ ကချင်၊ကယား၊ကရင်၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်၊ပျားအုံပေါင်း၂၀၀၀၀၀ဝန်းကျင်ခန့်ရှိပါတယ်။ပျားရည် ထုတ်လုပ်ခြင်းလုပ်ငန်းနဲ့ဝတ်မှုန်ကူးခြင်းလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိပါတယ်။ ပျားလုပ်ငန်း ဆောင်ရွက်ချင်ရင် ဌာနက လိုင်စင်ထုတ်ပေးနေပါတယ်။ ပြည်နယ်တိုင်း ပျားလုပ်ငန်းဦးစီးဌာန တွေမှာ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ လိုင်စင်ရယူဖို့အတွက် ပျားမွေးမြူရေးသင်တန်း တက်ပြီး သူတွေ သင်တန်းဆင်းလက်မှတ်လိုပါတယ်။ သင်တန်းကလည်း သက်ဆိုင်ရာပြည်နယ်တိုင်းတွေမှာ အခြေခံသင်တန်းဖွင့်လှစ်ပေးနေပါတယ်။နောက်သက်ဆိုင်ရာ အိမ်ထောင်စုဇယား ၊ရပ်ကျေး ထောက်ခံစာ၊စသည့် အသေးစိပ်ကို စုံစမ်းသိရှိနိုင်ပါတယ်´´ ဟု ၎င်းကပြောသည်။

    ပျားမွေးမြူရေးလုပ်ငန်းမှာ ဒေသတွင်း စိုက်ခင်းများကို ပိုးမွှားကျရောက်မှုနှင့် အပင်ဝတ်မှုန်ကူးခြင်းလုပ်ငန်းများဖြင့် အပြန်အလှန်အကျိုးပြုသည့်လုပ်ငန်း တစ်ခုဖြစ်သည်။ ပျားရည်ထွက်ကုန်များကို ပြည်တွင်းစားသုံးမှုနှင့် တိုင်းရင်းဆေးထုတ်လုပ်ခြင်းများတွင် အများဆုံးအသုံးပြုသုံးစွဲလျက်ရှိသည်။

    မြန်မာနိုင်ငံမှ ထွက်ရှိသည့်ပျားရည်ကို ထိုင်းနိုင်ငံ၊ တရုတ်၊ ကိုရီးယားနိုင်ငံ၊ဂျပန်နိုင်ငံ စသည့် လနိုင်ငံများသို့ ပင်လယ်ရေးကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့လျက် ရှိကြောင်းသိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြအပ်ပါသည်။

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views1789