cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဘူး/ဖရုံကျိုင်း (အနီ) Red Pumpkin Beetle ကာကွယ်နှိမ်နင်းနည်း

. Pests Management
ကျိုင်းကောင်ဖျက်စီးမှုကိုသိရှိရန် ကွင်းထဲသို့ တစ်ပတ်တစ်ကြိမ်လှည့်လည်ကြည့်ရှုရန်နှင့် အဝါရောင်ပိုးဖမ်း စတစ်ကာ များထောင်ထားရန်၊

လက်ခံပင်မရှိစေရန် ပေါင်းပင်များကို ဖျက်ဆီးရန်၊
  • ဖျက်ဆီးမှုလက္ခဏာများ

    ဘူး/ဖရုံမျိုးရင်းဝင်အပင်များတွင် ကျရောက်တက်တဲ့ ဘူး/ဖရုံကျိုင်း(အနီ)ဟာ အပင်၏ အရွက်၊ အပွင့်နှင့် အသီးများကိုဖျက်ဆီးတက်လေ့ရှိပြီး အရွက်ကြောများအကြားတွင် အပေါက်များဖြစ်နေတက်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ အပင်ဟာ ကြီးထွားမှုရပ်တံ့လာပြီး တဖြည်းဖြည်း သေသွားတက်ပါတယ်။ အပင်ငယ်စဉ်ကျရောက်ဖျက်စီးရင် အဲဒီအပင်ငယ်ဟာ အရွယ်ရောက်နှေးတက်ပါတယ်။ အပင်ရဲ့ အပွင့်များကို ဖျက်ဆီးလျှင် အသီးတင်နှုန်းကို ကျဆင်းစေပါ တယ်။ ကျိုင်းကောင်ရဲ့ သန္ဓေသားလောင်းများဟာ မြေကြီးထဲတွင် ရှိနေတက်ပြီးတော့ အပင်ရဲ့ အမြစ်နဲ့ မြေအောက်ပိုင်းရှိ ပင်စည်ကို ဖျက်စီးတက်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အမြစ်နဲ့ ပင်စည်ဟာ ညှိုးပြီး ပုပ်တဲ့အဆင့်ရောက်သွားပါတယ်။

    အပင်ပေါက်အဆင့်တွင် ကျရောက်ပါက ကြီးထားမှုရပ်တန့်ပြီး နောက်ဆုံအပင်ပေါက်ဟာ သေပြီး ကွင်းထဲကြည့် လိုက်ပါက အကွက်လိုက် အကွက်လိုက် အပင်သေတွေ တွေ့ရတက်ပါတယ်။ ကျိုင်းကောင်များအနေဖြင့် အပင်အိုများ၏ အရွက်များပေါ်တွင် တခါတရံ စုဝေးကိုက်ဖြတ်စားနေတာတွေ့ရတက်ပါတယ်။ အသီးကင်းများတွင် ကျရောက်ပါက အသီး၏ အောက်ခြေတွင် အမာရွက်ပုံဒဏ်ရာဖြစ်နေတက်ပြီး နောက်ဆုံးတွင် သီးပုပ်ဖြစ်တက်ပါတယ်။

    အော်ဂဲနစ် (ဇီဝ)နည်းဖြင့် နှိမ်နင်းနည်း

    ရေ ၄ လီတာတွင် ထုံးနှင့်ပြာရော၍ ရွက်ဖျန်းအနေဖြင့် ဖျန်းပေးပါ။ ဖျန်းပြီး နာရီအနည်းငယ်ကြာသည် အထိ ထားပေးပါ။ အဆိုပါရောစပ်ရေကို တကွင်းလုံးမဖြန်းမီ ဖျက်ပိုးကျရောက်ထားသည့် အပင်များတွင် စမ်းသပ်ပျက်ဖျန်း ပြီးမှသာ တကွင်းလုံးပြည့်အောင် ပတ်ဖျန်းသင့်ပါတယ်။ တမာကဲ့သို့သော အခြားအပင်ထွက်ပစ္စည်းများကိုလည်း ပတ်ဖျန်း နိုင်ပါတယ်။ မျိုးစေ့နဲ့ ပျိုးပင်အဆင့်တွင် Trichoderma ကို သုံးနိုင်ပါတယ်။

    ဓါတုဆေးဖြင့် နှိမ်နင်းနည်း

    ဇီဝပိုးသတ်ဆေးတွေအပါအဝင် ဘက်စုံနှိမ်နင်းနည်းတွေသုံးရင် ပိုကောင်းပါတယ်။ ပျိုးပင်အဆင့်တွင် အပင် ၁၀ ပင်တွင် အကောင်တစ်ကောင်စတင်တွေ့ရှိရင် Deltamethrin ကို တစ်ဧက ၂၅၀ မီလီ လီတာ (250 ml) နှုန်းဖြင့် ဖြန်းပေးပါ။ pyrthroids ကိုသုံးပေးလည်းရပါတယ်။ ဒါပေမယ့်ဒါတွေဟာ ဘူး/ဖရုံကျိုင်းအပြင် အခြားအင်းဆက်များကိုလည်း သေစေ နိုင်တာမို့ မသုံးစေချင်ပါဘူး။ ထောက်ချောက်သီးနှံများနဲ့ အင်းဆက်သတ်ဆေးတွေရောသုံးပြီး ကျိုင်းကောင်တွေကို လာအောင်စွဲဆောင်အသုံးပြုခြင်းဖြင့်လည်းနှိမ်နင်းနိုင်ပါတယ်။ ပိုးစတင်ကျရောက်ချိန်မှစပြီး fenitrothion ကို ၁၅ ရက် ခြား ဖျန်းပေးနိုင်ရင်ကောင်းပါတယ်။

    ကြိုတင်ကာကွယ်ခြင်း

    ကြီးထွားနှုန်းမြန်သည့် မျိုးကိုရွေးချယ်စိုက်ပါ။ အနီးအနားမှာ ထောက်ချောက်သီးနှံတွေကို စိုက်ရန်၊

    ရောဂါကျပြီးအခင်းတွင် အလားတူသီးနှံများထပ်မံ မစိုက်မိစေရန်၊

    ဖျက်ပိုးကျရောက်ပြီးအပင်တွင် အစားထိုးစိုက်ရန် စတင်စိုက်ပျိုးချိန်တွင် မျိုးစေ့ထပ်ဆောင်း၍ ထည့်စိုက်ပါရန်၊

    အပင်ပေါက်များကို ပိုလီသရင်းအိတ်များ (Polythene bags) ဖြင့် ဖုံးအုပ်ထားရန်၊

    အာဟာရထည့်သွင်းပေးခြင်း၊ သဘာဝမြေဩဇာများထည့်ပေးခြင်းနှင့် မြောင်းစနစ်ဖြင့်ရေပေးခြင်းများ ဆောင် ရွက်ရန်၊

    ကျိုင်းကောင်ဖျက်စီးမှုကိုသိရှိရန် ကွင်းထဲသို့ တစ်ပတ်တစ်ကြိမ်လှည့်လည်ကြည့်ရှုရန်နှင့် အဝါရောင်ပိုးဖမ်း စတစ်ကာ များထောင်ထားရန်၊

    လက်ခံပင်မရှိစေရန် ပေါင်းပင်များကို ဖျက်ဆီးရန်၊

    အမှိုက်သရိုက်များကို စုံပုံ မီးရှို့ရန်၊

    ကျိုင်းကောင်များ အသွားလာနှေးသည့် မနက်ခင်းအချိန်များတွင် အကောင်များကို လက်ဖြင့်ကောက်ယူရန်၊

    မြေတွင်း ဆောင်းခိုနေမည့် ဖျက်ပိုးဘဝစက်ဝန်းကို ဖျက်ဆီးနိုင်ရန် နွေရာသီတွင် ထည်ရေးနက်နက်ထိုးရန်၊

    သဘာဝသားရဲပိုးကောင်များနှင့် ကပ်ပါးမျိုးနွယ် အကောင်များကို ထိန်းသိမ်းရန် တိုက်တွန်း အကြံပြုလိုပါတယ် ခင်ဗျာ။

    ထွက်တိုး

    Source: Red Pumpkin Beetle | Pests & Diseases (plantix.net)

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
likes13comments0
views2254