cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

သရက် သီးထိုးယင် ကာကွယ်နှိမ်နင်းနည်း

. Pests Management
• တမာ၊ ဂန္ဓမာမျိုးရင်းဝင် pyrethrinsနှင့် spinosap အပင်များမှ ထုတ်လုပ်ထားတဲ့ အောက်ဂဲနစ် အင်းဆက်သက်ဆေးများအသုံးပြုခြင်း၊

• အော်ဂဲနစ်အက်ဆစ်များဖြစ်သည့် အဆီတစ်အက်ဆစ် (acetic acid)၊ ဆစ်ထရစ်အက်ဆစ် (citric acid)၊ ဗီနီကာရည် (vinegar)နဲ့ မဲလ်လစ်အက်ဆစ် (malic acid)များ အသုံးပြုခြင်း၊
  • သရက်တွင် ကျရောက်တက်သော ဖျက်ပိုးတွေထဲမှာ သီးထိုးရင်ဟာ အဓိကဖျက်ဆီးတဲ့ ဖျက်ပိုးဖြစ်ပါတယ်။ အကောင်ရဲ့ အရောင်ဟာ ဝါညိုရောင်ရှိပြီး အသီးထဲကို ဥတွေဥချပါတယ်။ ဥမှ ပေါက်လာတဲ့ အကောက်ပေါက် လေးတွေဟာ အသီးအတွင်းစားသောက်နေထိုင်ရာမှ အသီးဟာ ပျော့ပြီး အရောင်ပျက်လာကာ နောက်ဆုံးမှာ ကြွေကျပါတယ်။ အရွယ်ရောက် သီးထိုးယင်တွေဟာလည်း အသီးရဲ့အရည်ကိုစုပ်ယူပြီး ဖျက်ဆီးလေ့ရှိပါတယ်။ ဒါကြောင့်မို့ သီးထိုးယင်ပတ်သတ်လို့ ကြိုတင်နည်း၊ ကာကွယ်ကုသနည်းတွေကို တင်ပေးလိုက်ပါတယ် ခင်ဗျာ။

    ၁။ ကြိုတင်ကာကွယ်နည်း

    • နေစဉ်ကြွေကျတဲ့ သရက်သီးတွေကို ကောက်ယူစွန့်ပစ်ရန်၊

    • သရက်ခြံအတွင်း သို့မဟုတ် သရက်ခြံအနီးတွင် သီးထိုးယင်ဖျက်ဆီးကျရောက်တက်သော သီးနှံပင်များ စိုက်ပျိုးထားခြင်းကို ရှောင်ကြင်ရန်၊

    • အပင်အိုများ၊ အပင်ရိုင်းများကို ဖယ်ရှားရန်၊

    • အပင်ပတ်ပတ်လည် ပေါင်းများဖယ်ရှားရန်နှင့် ရှင်လင်းနေစေရန်၊

    • မြေဆီအလွှာအတွင်းခိုအောင်းနေသော ပိုးတုံးလုံးများ နေရောင်နှင့်ထိတွေ့ သေစေရန် အပေါ်ယံမြေ ၁၀ စင်မီတာအနက် ထွန်ယက်ပေးရန်၊

    • သက်တမ်းညီသော သရက်မျိုးများကို စိုက်ပျိုးပေးရန်၊

    • စောစောအသီးသီးအောင်ဆောင်ရွက်ခြင်းဖြင့် ကူးစက်မှုနည်းစေရန်၊

    ၂။ နှိမ်နင်းနည်း

    (က) ဇိဝနည်းဖြင့် နှိမ်နင်းနည်း

    • သီးထိုးယင်ရဲ့ ပိုးလောက်လမ်းတွေပေါ်မှာ နေထိုင်ပြီး ယင်းပိုးလောက်လမ်းတွေကို စားသောက်တက်တဲ့ ကပ်ပါးကောင်များဖြင့် နှိမ်နင်းခြင်း၊

    • ပျစားပိုး၊ နဂျီကဲ့သို့သော သဘာဝသားရဲကောင်များဖြင့်နှိမ်နင်းခြင်း၊

    • သီးထိုးယင်လာရောက်နားခို ကပ်တွဲနိုင်သော ထောက်ချောက်များဖြင့် နှိမ်နင်းခြင်း၊

    • ဂန်မာရောင်ခြည် (gamma radiation) ဖြင့် မျိုးပေါက်ဖွားမှုကို ကန့်သတ်ထားသော သီးထိုးယင်အထီးများကို ခြံအတွင်းလွှတ်ပေးခြင်း၊

    (ခ) အော်ဂဲနစ်နည်းဖြင့် နှိမ်နင်းနည်း

    • ဖီရိုမုန်းထောက်ချောက်များ အသုံးပြုခြင်း၊

    • သီးထိုးယင်ကြောက်သော အနံရိုင်းအပင်များ သီးညှပ်စိုက်ပျိုးခြင်း၊

    • တမာ၊ ဂန္ဓမာမျိုးရင်းဝင် pyrethrinsနှင့် spinosap အပင်များမှ ထုတ်လုပ်ထားတဲ့ အောက်ဂဲနစ် အင်းဆက်သက်ဆေးများအသုံးပြုခြင်း၊

    • အော်ဂဲနစ်အက်ဆစ်များဖြစ်သည့် အဆီတစ်အက်ဆစ် (acetic acid)၊ ဆစ်ထရစ်အက်ဆစ် (citric acid)၊ ဗီနီကာရည် (vinegar)နဲ့ မဲလ်လစ်အက်ဆစ် (malic acid)များ အသုံးပြုခြင်း၊

    • သဘာဝသားရဲ အင်းဆက်များဖြင့် မွေးမြူခြင်း၊

    (ဂ) ဓါတုနည်းဖြင့် နှိမ်နင်းနည်း

    • ဖိုရိုမုန်းဖြန်းခြင်း၊

    • မာလာသီယွန် (malathion)၊ မီသိုမိုင်းလ် (methomyl) နဲ့ ကာဗာရိုင်းလ် (carbaryl) ဖြန်ပေးခြင်း၊

    • ဘက်စုံပိုးမွှားနှိမ်နင်းရေးနည်းလမ်းများ၊

    • သီးထိုးယင်ရဲ့ အာရုံစနစ်ကိုဖျက်ဆီးပေးသည့် စပင်နိုစက်ဒ် (Spinosad) သုံးပေးခြင်း၊

    • ပင်လုံးပြန့် အင်မစ်ဒါကလိုပရစ် (Imidacloprid) သုံးပေးခြင်း၊

    • သီထိုးယင်ရဲ့ အစာခြေစနစ်ကို ဖျက်ဆီးတဲ့ ဘီတီ BT (Bacillus thuringiensis) သုံးပေးခြင်း၊

    • ဂန္ဓမာမျိုးရင်းဝင်အပင်များမှ ထုတ်လုပ်ထားသည့် ပိုင်ရီသရင်း (Pyrethrin) ဖျန်းပေးခြင်း၊

    ထွက်တိုး

    Source:https://www.agrifarming.in/key-rules-to-get-rid-of-fruit...

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes12comments0
views2900