cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

သကြားစျေးအမြင့်စျေးတွင်ရှိနေ 📈📈

. Market News
နှစ်စက ပြည်တွင်း၌ သကြားတစ်ပိဿာလျှင် ၃၈၀၀ ကျပ်သာ ရှိခဲ့ပြီး လက်ရှိ သကြားတစ်ပိဿာ ၄၂၀၀ အမြင့်စျေးထိ ပေါက်စျေး ရှိနေပါတယ်။
  • ထုတ်လုပ်မှု စရိတ်များနေခြင်း အပြင် အခြား အထွေထွေ အခက်အခဲများကြောင့် သကြားစျေးအမြင့် စျေးတွင်ရှိနေကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

    “ အခုက စက်တွေလည်တဲ့ အချိန်ပေါ့။ သင်္ကြန်ပြီးတဲ့ အထိ လည်နေကြဦးမယ်။ သကြားစျေးကတော့ အမြင့်ဆုံး ဖြစ်နေတယ်၊ စျေးမြင့် တဲ့ အကြောင်းအရင်းက ငွေစျေး အလိုက် ပေါ့ ။သွင်းအား စုတွေက လဲ စျေး မြင့်တယ် ၊ နောက်ပြီး သကြားထုတ်ဖို့ အသုံး ပြုရတဲ့ တချို့ ပစ္စည်းတွေ သွင်းခွင့်မပေးထား တဲ့ အတွက် ဝယ်ယူရတာ ရှားတယ်။ သကြားစက်တွေက မဖြစ်မနေ လည်မှာပဲ လေ ။တချို့ ဒေသတွေမှာ တိုက်ပွဲတွေကြောင့် ကြံခုတ် တဲ့ နေရာ တွေ ရပ်ထား ရတာတွေ ရှိတယ်။ သကြားစျေးမြင့် တက်ရတဲ့ အကြောင်းတွေ ကအများ ကြီးပဲ “ ဟု မြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်း မှတာဝန်ရှိသူတစ်ဦးကပြောသည်။

    နှစ်စက ပြည်တွင်း၌ သကြားတစ်ပိဿာလျှင် ၃၈၀၀ ကျပ်သာ ရှိခဲ့ပြီး လက်ရှိ သကြားတစ်ပိဿာ ၄၂၀၀ အမြင့်စျေးထိ ပေါက်စျေး ရှိနေပါတယ်။

    ပြည်တွင်းသကြားဈေး က ပြီးခဲ့သည့် နှစ်ကတည်းက အတက်စျေးတွင်ရှိနေခဲ့ပြီး သကြားစျေး အမြင့်ဆုံး စျေး တစ်ပိဿာလျှင် ၃၅၀၀ မှ ၃၆၀၀ ထိ ရှိခဲ့ကြောင်းသိရသည်။

    လက်ရှိစက်ရုံများ လည်ပတ်ရန် နှင့်သယ်ယူ ပို့ ဆောင်ရန် ဒီဇယ် ဆီ ဝယ်ယူရန် ခက်ခဲ့ ခြင်း ၊ ကြံခုတ်သည့် တောင်သူခေါ် ယူရန် ခက် ဲခြင်းများ ဖြင့်ကြုံနေရကြောင်း သိရသည်။ လက်ရှိ export အနေဖြင့် ဗီယမ်နမ် သို့ အား အများဆုံး တင်ပို့နေရ ကြောင်း သိရပြီး အီယူ နိုင်ငံ များသို့ လည်း အနည်းငယ် တင်ပို့ လျက်ရှိကြောင်း သိရသည်။

    “ငွေရည်ပုလဲက အနည်းအကျဉ်းပို့တယ် ။ ပြီးခဲ့တဲ့ နှစ်လောက် စာချုပ် မချုပ်ထားဘူးကြားတယ်။ စက်လည်တာ ပြီးရင်တော့ ပို့ကြလိမ့်မယ်။ ဗီယမ်နမ် အများဆုံးသွားတယ်။ ပြီးရင် export သေးသေးလေးတွေ အီးယူနိုင်ငံတွေကို ကွန်တိန်နာ တစ်လုံး၊ နှစ်လုံးလောက် ပို့တာတွေရှိမယ်။ ယခုနှစ် တင်ပို့ မှုက အများကြီး လျော့မယ်မထင်ဘူး ထိုက်သင့်သလောက်တော့ ပို့ မယ်။”ဟု သကြား ကုန်သည် တစ်ဦးက ပြောသည်။

    ပြီးခဲ့ သည့်နှစ်များက သကြားစျေးကွက်မှာ သကြားစျေးကွက် ပြန်လည်ကောင်းမွန်ခဲ့ သည့် အတွက် ကြံစိုက်ဧကများ ကို တိုးမြင့် စိုက်ပျိုးခဲ့ ခြင်း များလည်း ရှိခဲ့ ကြောင်း ကြံစိုက် တောင်သူများထံမှ သိရသည်။

    ပြည်တွင်း၌ နှစ်စဉ် သကြားတန် ၅သိန်ဝန်းကျင်း ထိထွက်ရှိ နေလျက်ရှိကြောင်း သိရသည်။

    ပြီးခဲ့ သည့်နှစ် က ပြည်ပ သို့ တန်ချိန် တစ်သိန်း သုံးသောင်း ခန့် အထိ တင်ပို့ နိုင်ခဲ့ ကြောင်း သိရသည်။

    မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင် စတင်ပြီး ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံး လေ့ရှိ ပြီး လက်ရှိ အချို့ သကြား စက်ရုံများ ကြံ ကြိတ် လျက်ရှိ နေဆဲ ဖြစ်ကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive Content for Htwet Toe

    -------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes9comments0
views2203