cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ကျပ် ၁၄၀ ဘီလီယံ အသုံးပြုပြီး မိုးစပါးဧက ၇ သိန်းခန့်ကို စိုက်ပျိုးဖို့ စီစဉ်ထား

. All News
မိုးစပါးဧက ၇ သိန်းခန့်ကို လာမယ့် ၂၀၂၄ - ၂၅ ဘဏ္ဍာနှစ်ထဲမှာ စိုက်ပျိုးသွားဖို့စီစဉ်ထားတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုး ပညာပေးရေးဌာနခွဲထံမှ သိရပါတယ်။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ ကျပ် ၁၄၀ ဘီလီယံအသုံးပြုပြီး မိုးစပါးဧက ၇ သိန်းခန့်ကို လာမယ့် ၂၀၂၄ - ၂၅ ဘဏ္ဍာနှစ်ထဲမှာ စိုက်ပျိုးသွားဖို့စီစဉ်ထားတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုး ပညာပေးရေးဌာနခွဲထံမှ သိရပါတယ်။

    အဆိုပါ မိုးစပါးများ စိုက်ပျိုးနိုင်ဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ကာ ၎င်းတို့ရဲ့ ဆောင်ရွက်နိုင်မှုအပေါ် မူတည်ပြီး မိုးစပါးစိုက်ဧကများကို လျာထားဆောင်ရွက်သွားမှာဖြစ်သလို တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနဲ့ ညီမျှတဲ့ သွင်းအားစုများ ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ အထက်ပါ ဌာနခွဲထံမှ သိရပါတယ်။

    "လာမယ့်ဘဏ္ဍာနှစ်အတွက် မိုးစပါးစိုက် တောင်သူများလိုအပ်တဲ့ သွင်းအားစုတွေကို ပံ့ပိုးပေးသွားမယ်။ သွင်းအားစု ရောင်းချမယ့် ကုမ္ပဏီတွေ၊ အစုအဖွဲ့တွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်ရေး ကော်မတီတွေ ပူးပေါင်းပြီး ညှိနှိုင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း သွင်းအားစု တင်သွင်းထုတ်လုပ် ဖြန့်ဖြူးခြင်းဆိုင်ရာများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မြေဩဇာ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များနဲ့လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်"လို့ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုး ပညာပေးရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ယခု ၂၀၂၃ -၂၄ ဘဏ္ဍာနှစ်အတွင်းမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ဧက ပေါင်း ၆၇၁,၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

    Myanmar Future News မှ ကူးယူဖော်ပြအပ်ပါသည်။

    -------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views1356