cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တနိုင်တပိုင် ရေချိုပုဇွန်မွေးမြူနည်းအဆင့်ဆင့်

. Fish Articles
ကိုယ့်ရဲ့ခြံဝန်းလေးထဲမှာ တနိုင်တပိုင် ပုဇွန်မွေးမယ်ဆိုရင် ပထမဆုံးအနေနဲ့ ကန်ပြင်တာက စရမှာဖြစ်ပြီး ကျန်တဲ့အဆင့်တွေကို အောက်ပါအတိုင်း စရမှာဖြစ်ပါတယ်-
  • ပုဇွန်မွေးမြူတာဟာ စီးပွားရေးအရတွက်ခြေကိုက်ပြီး ကမ္ဘာအနှံ့မွေးမြူသူ များလာပါတယ်။ ကိုယ့်ရဲ့ခြံဝန်းလေးထဲမှာ တနိုင်တပိုင် ပုဇွန်မွေးမယ်ဆိုရင် ပထမဆုံးအနေနဲ့ ကန်ပြင်တာက စရမှာဖြစ်ပြီး ကျန်တဲ့အဆင့်တွေကို အောက်ပါအတိုင်း စရမှာဖြစ်ပါတယ်-

    အဆင့် (၁) မြေနေရာရွေးချယ်ပြင်ဆင်ခြင်း

    ပုဇွန်မွေးမြူမယ့်မြေနေရာဟာ ရေလွှမ်းနိုင်တဲ့နေရာ၊ ပိုးသတ်ဆေးသုံးထားတဲ့ နေရာတွေနဲ့ ဝေးရပါမယ်။ ကန်ရဲ့အနက်ဟာ ၂ ပေမှ ၅ ပေအထိ နက်ရပါမယ်။ မွေးမယ့်ကန်ထဲကို ရေညှိကဲ့သို့သော သဘာဝအစားအစာများ ပေါများအောင် ဆောင်ရွက်သင့်ပြီး အနိမ့်ဆုံးအပူချိန်ဟာ ၂၁ ဒီဂရီစင်တီဂရိတ် ရှိသင့်ပါတယ်။ ရေချဉ်ဖန်နှုန်းအနေနဲ့ ကတော့ ၆.၅ မှ ၉.၅ အထိဟာ အကောင်းဆုံးဖြစ်ပါတယ်။

    အဆင့် (၂) ဇီဝလုပ်ခြုံမှုကို မြှင့်တင်ပေးခြင်း

    မိမိရဲ့ ကန်ကို အနီးနားရောဂါတွေ မဝင်အောင်နဲ့ ရောဂါမကျရောက်အောင် အောက်ပါအချက်တွေကို လုပ်ဆောင်ပေး သင့်ပါတယ်-

    ကန်ထဲရှိရေနှင့်မြေသားတိုက်ရိုက်ထိပြီး ပျော်ဝင်မသွားစေရန် ကြားခံတစ်ခုခုထားပေးခြင်း၊

    ဝင်ရောက်လေ့လာသူများ သန့်ရှင်းရေးဆောင်ရွက်ထားပေးခြင်း၊

    ပုဇွန်စာများနှင့် probiotics များကို စနစ်တကျသိမ်းဆည်းခြင်း၊

    ရေအရည်သွေးနဲ့ ရောဂါကို စစ်ဆေးမည့် နေရာသတ်မှတ်ထားခြင်း။

    အဆင့် (၃) လေဝင်လေထွက်ကောင်းအောင်ဆောင်ရွက်ပေးမည့်အရာများ တပ်ဆင်ခြင်း

    ပုဇွန်ကန်အတွင်း လေဝင်လေထွက်ကောင်းစေရန် ဒလတ်ကဲ့သို့သော အရာများတပ်ဆင်ပေးသင့်ပါတယ်။

    အဆင့် (၄) ပုဇွန်သားပေါက်ဝယ်ယူခြင်း

    ပုဇွန်သားပေါက်ဝယ်ယူရာတွင် မျိုးအလိုက် ဥမှဖောက်ထားသော သားပေါက်ကို ဝယ်ယူသင့်ပါတယ်။

    အဆင့် (၅) ပုဇွန်ပေါက်ဖွားကြီးပြင်းရာ ဖန်တီးပေးခြင်း

    ပုဇွန်သားပေါက်များကို မွေးမြူနေရာတွင် အသားကျစေရန် ထားရှိပြီး အသာကျလာတဲ့နောက် ရေကို ထုတ်ပြစ်လိုက်တာကောင်းပါတယ်။

    အဆင့် (၆) အစာကျွေးခြင်း

    အရွယ် ၅ ဂရမ်ရောက်လာချိန်မှစ၍ တစ်နေ့ ၂ ကြိမ် အစာကျွေးသင့်ပါတယ်။ ညအချိန်မှာ စားသောက်တက်တဲ့ အလေ့ရှိတာကြောင့် ညနေမှောင်လာချိန်မှစ၍ အစာတောင့်တွေ ကျွေးသင့်ပါတယ်။

    အဆင့် (၇) probiotics အဏုဇီဝများကျွေးခြင်း

    ရေအရည်အသွေးကောင်းစေရန်နဲ့ ပုဇွန်ငါးပေါက်များ အသားကျစေရန်အတွက် ကန်ထဲသို့ probiotics အဏုဇီဝများကျွေးသင့်ပါတယ်။

    အဆင့် (၈) ရောဂါကျရောက်ခြင်းရှိ/မရှိ စစ်ဆေးပေးခြင်း

    ကန်အတွင်းမွေးမြူထားသော ပုဇွန်များရောဂါကျရောက်ခြင်း ရှိ/မရှိကို တစ်ပတ် တစ်ကြိမ် စစ်ဆေးပေးသင့် ပါတယ်။ အဲလိုစစ်ဆေးရာမှာ ပုဇွန်ကောင်လေးများ ရေ ကူး/မကူး စစ်ဆေးပေးရန်၊ ဗိုက်များပြည့်/မပြည့်စစ်ပေးရန်၊ ပါးဟတ်များအနေဖြင့် အဖြူရောင် သို့မဟုတ် မီးခိုးရောင်ရှိမရှိ စစ်ဆေးရန်နဲ့ အသက်ရှူ/မရှူ စစ်ဆေးပေးရန်လိုပါတယ်။

    အဆင့် (၉) နမူနာကြည့်စစ်ဆေးခြင်း

    ကြီးထွားနှုန်းကို အခါအားလျော်စွာစစ်ဆေးရန် ၅ ရက် သို့မဟုတ် ၇ ရက်ခြား နမူနာအကောင်များယူ၍ ကြည့်ရှူပေးသင့်ပါတယ်။

    အဆင့် (၁၀) ပုံးဖြင့် နမူနာယူစစ်ဆေးခြင်း

    နမူနာယူစစ်ဆေးရန် အကောင်တစ်ရာ ဆန့် ပုံးကို ကန်အတွင်း ၂၄ နာရီထားခြင်းဖြင့် စမ်းသပ်နိုင်ပါတယ်။ အဆိုပါပုံးအား အောက်ခြေတွင် အပေါက်များထည့်၍ အပေါ်တွင် ပိုက်ဖြင့် ဖုံးအုပ်ထားသင့်ပါတယ်။

    အဆင့် (၁၁) ပုဇွန်အကြေးခွံလဲခြင်းကို စောင့်ကြည့်ပေးရန်

    ကန်ထဲရှိ ပုဇွန်များ အကြေးခွံလဲချိန်တွင် ဂရုတစိုက်စောင့်ကြည့် စစ်ဆေးပေးရန် လိုအပ်ပါတယ်။

    အဆင့် (၁၂) ကန်ဖော်ခြင်း

    ပုဇွန်ကန်ဖော်ရာတွင် သင့်တော်မည့်အချိန်၊ နည်းလမ်းများဖြင့် စနစ်တကျ ဆောင်ရွက်သင့်ပါတယ်။ ဈေးကွက်နဲ့ လိုအပ်ချက်ပေါ်မူတည်၍ ဆောင်ရွက်သင့်ပါတယ်။ အချုပ်အားဖြင့်ဆိုရင် ပုဇွန်မွေးမြူရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်ပါတယ်လို့ ဆွေးနွေးအကြံပြုလိုပါတယ် ခင်ဗျာ-

    - နေရာ

    - မြေအမျိုးအစား

    - ရေအရည်သွေး

    - ပုဇွန်သားပေါက်များရရှိနိုင်မည့်အရင်းအမြစ်

    - အစာအမျိုးအစား

    Source: Start Shrimp Farming in Your Backyard in 12 Steps – BackYardWay

    --------

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes10comments1
views3657