cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးစာဖိုး သက်သာစေဖို့ ယင်မဲပိုးလောက်လမ်း (Black Soldier Fly Larvae)ကျွေးကြပါစို့

. Plant Nutrition
အင်းဆက်တွေဟာ ပရိုတင်းကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဒါတွေထဲမှ ယင်မဲဟာ ယနေ့ခေတ်မှာ နာမည် ကြီးလာတဲ့အတွက် ယင်မဲနဲ့ပတ်သက်တဲ့အကြောင်းလေး ရေးသားလိုက်ပါတယ် ခင်ဗျာ။
  • ငါး/ပုဇွန်မွေးမြူရေးတွင် ငါးစာလိုအပ်ချက်သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျှက်ရှိပါတယ်။ ယနေ့ခေတ်မှာ ငါးစာဈေးနှုန်းများမြင့်မားလျှက်ရှိရာ အစားထိုးအစာများ အသုံးပြုလာကြပါတယ်။ အစားထိုးအစာများတွင် အင်းဆက် များမှရရှိသော အစားအစာများသည် တစ်ခုအပါအဝင်ဖြစ်လာပါတယ်။

    အင်းဆက်တွေဟာ ပရိုတင်းကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဒါတွေထဲမှ ယင်မဲဟာ ယနေ့ခေတ်မှာ နာမည် ကြီးလာတဲ့အတွက် ယင်မဲနဲ့ပတ်သက်တဲ့အကြောင်းလေး ရေးသားလိုက်ပါတယ် ခင်ဗျာ။

    ယင်မဲကောင်တွေဟာ သဘာဝအလျှောက်နေထိုင်နိုင်ပြီး ပရိုတင်း ၁၅ ရာခိုင်နှုန်းနဲ့ အဆီ ၅.၈ ရာခိုင်နှုန်းပါဝင်ပြီး ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်း ရနိုင်ပါတယ်-

    တိရစ္ဆာန်အစားအစာလိုအပ်ချက်ကို လျှော့ချနိုင်ခြင်း

    စက်ရုံထွက်အမှုန့်များကို မှီခိုရန်မလိုခြင်း

    အော်ဂဲနစ်အလေအလွင့်များ အသုံးပြု မွေးမြူနိုင်ခြင်း

    တီကောင်အုပ်စုထက် အော်ဂဲနစ်အလေအလွင့်များကို ဆွေးမြေ့မှုမြန်စေခြင်း

    တိရစ္ဆာန်များ၏ အစာစားချင်စိတ်ကို မြှင့်တင်ပေးခြင်း၊

    အော်ဂဲနစ်စိုက်ပျိုးရေး ရေရှည်တည်တံ့စေခြင်း၊

    ယင်မဲမွေးမြူခြင်း

    ယင်မဲမွေးမြူရာမှာ အောက်ပါအတိုင်း အဆင့်ဆင့်မွေးမြူရပါတယ်_

    အဆင့် (၁) မျိုးဥဝယ်ယူခြင်း

    အဆင့် (၂) မျိုဥဖောက်ခြင်းနှင့် အစာကျွေးခြင်း

    အဆင့် (၃) ပိုးလောက်လမ်းအရွယ်အစားအား စစ်ဆေးခြင်း

    အဆင့် (၄) ပိုးလောက်လမ်းမွေးမြူခြင်း

    အဆင့် (၅) ပိုးလောက်လမ်းစားမည့် အစာအား စစ်ဆေးပေးခြင်း

    အဆင့် (၆) ပိုးလောက်လမ်းအား ကောက်ယူခြင်း

    အဆင့် (၇) တိရစ္ဆာန်များအား ကျွေးခြင်း

    အဆင့် (၈) ပိုးလောက်လမ်းစားပြီး အစာများအား စနစ်တကျကိုင်တွယ်ခြင်း

    ၁။ ပလပ်စတစ်ဘေစင်ဖြင့် မွေးမြူခြင်း (Using Plastic Basin)

    လုပ်ငန်းစတင်စမှာ ကုန်ကျစရိတ်သက်သာချင်တယ်၊ ဒီစနစ်ကိုစတင်စမ်းသပ်ချင်တယ်ဆိုရင်တော့ အသုံးပြု သင့်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ကုန်ကျစရိတ်သက်သာပြီး နေရာလည်း မယူသလို လက်တွေ့အသုံး ချရတာလည်း လွယ်ပါတယ်။

    ၂။ ဇီဝအရည်ဖြင့် မွေးမြူခြင်း

    ယင်မဲပိုးလောက်လမ်းတွေဟာ ကျွေးလိုက်တဲ့ အလေအလွင့်အစားအစာတွေကိုစားပြီး အင်ဇိုင်းတွေ ထုတ်လေ့ ရှိပါတယ်။ ပြီးတော့ ဒီယင်မဲတွေရဲ့ ပိုးလောက်လမ်းဟာ အဏုဇီဝပိုးတွေကိုတောင် စားနိုင်ပါတယ်ခင်ဗျာ။

    ဇီဝအရည်ဆိုတာ အကျိုးပြုအဏုဇီဝတွေ၊ တင်လဲရည်တွေနဲ့ အခြားအရည်တွေ ပေါင်းစပ်ထားတဲ့ အရည်ကို ဆိုလိုပါတယ်။ ဒီအရည်တွေထဲကို ယင်မဲရဲ့ ပိုးလောက်လမ်းကို ထည့်ပြီး မွေးမြူရမှာဖြစ်ပါတယ်။ ဒီနည်းရဲ့ ကောင်း ကျိုးကတော့ ခဏခဏ အစာကျွေးစရာမလိုခြင်း၊ ဖြည့်စွက်စာရှာစရာမလိုခြင်း၊ အနံဆိုးထွက်နည်းခြင်း၊ လုပ်ဆောင်ရန် ရိုးရှင်းခြင်း၊ ပိုးလောက်လမ်းတွေကို ကောက်ယူရလွယ်ကူခြင်း စတဲ့ အားသာချက်တွေရှိပါတယ်။

    အားနည်းချက်အနေနဲ့ကတော့ နည်းပညာလိုအပ်ခြင်း၊ အဏုဇီဝပစ္စည်းတွေ ရှာဖွေရခြင်း၊ အော်ဂဲနစ်အလေ အလွင့်များကျွေး၍ မရခြင်း၊ ပိုလောက်လမ်းများအဆီတက်၍ လှုပ်ရှားမှုနည်းခြင်းတွေ ဖြစ်နိုင်ပါတယ်။

    ကျွန်တော်အနေနဲ့ အကြံပြုလိုတာကတော့ ယင်မဲပိုးလောက်လမ်းကို ဇီဝအရည်ဖြင့် မွေးမြူခြင်းထက် အော်ဂဲနစ်အလေအလွင့်များကို ကျွေးလို့ရတဲ့ ဘေစင်နဲ့ မွေးတဲ့နည်းကို အကြံပြုလိုပါတယ် ခင်ဗျာ။

    Source: REARING METHODS FOR THE BLACK SOLDIER FLY (bsfsmartfarm.com)

    -------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ - https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes9comments0
views1857