cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စံပယ်ပန်း စိုက်ပျိုးနည်း

. Cultivation Methods
တစ်ဧကစိုက်ရန် မျိုးကိုင်း ၄၀၀၀၀ ခန့် လိုအပ်သည်။
  • စိုက်ပျိုးသည့်ဒေသ

    ပူအိုက်သောဒေသများ၌သာ ဖြစ်ထွန်းသည်။ အာရှတိုက်တောင်ပိုင်းရှိ တိုင်းပြည် များ၌ အများဆုံးစိုက်ပျိုးသည်။ အိန္ဒိယနိုင်ငံနှင့် ပါရှားတိုး၌ အများဆုံးစိုက်သည်။ မြန်မာ ပြည် အပူပိုင်းဒေသတွေမှာလည်း စိုက်ပျိုးကြသည်။ ပူအိုက်စွတ်စိုသော ရာသီကို ကြိုက်နှစ်သက်ပြီး ဆောင်းရာသီနှင့် နွေရာသီတွင် လှိုင်လှိုင်ပွင့်သည်။

    မြေအမျိုးအစား

    စံပယ်ပင်သည် မြေမရွေး စိုက်ပျိုးဖြစ်ထွန်းသည်။ အကြမ်းခံပင်ဖြစ်သည်။ နုန်းဆန်သော မြေတွင် အထူးရှင်သန်ကောင်းမွန်ပြီး လေဝင်လေထွက်ကောင်း၍ ရေမဝပ်သည့် မြေ၊ မြေဆီ မခံရှိသော မြေများတွင်ပိုမို ဖြစ်ထွန်းသည်။ စိုက်ခင်း အကျယ်ကို ရေလောင်း ပေး မှု လွယ်ကူစေရန် ရရှိသည့် မြေကွက်အလျား အပေါ် မူတည်၍ ထားရသည်။ အများအားဖြင့် ၂၀ ပေ × ၃ပေ အလျား အနံထား၍ စိုက်ပျိုးကြသည်။ စိုက်ခင်းမြေ အား တစ်ပေခန့် ကျင်းနက်နက်တူး၍ လည်းကောင်း၊ တစ်ပေခန့် မြင့်သော ဘောင်တင် စိုက်ခြင်းလည်းကောင်း တစ်ပေခန့် မြင့်သော ဘောင်တင်စိုက်ပျိုးခြင်းဖြင့် လည်းကောင်း ပြုလုပ်စိုက်ပျိုကြသည်။ အပေါ်ယံမြေသား တစ်ဆ၊ သစ်ရွက်ဆွေး၊ မြေနှစ်ဆ နှင့် သဲကြမ်းတစ်ဆ ရောစပ်ထားသော မြေများအား ဘောင်အမြင့် တစ်ပေ တင်၍ လည်းကောင်း တစ်ပေနက်ကျင်းတွင် ထည့်၍လည်း ကောင်း ပြုလုပ်ပေးရသည်။

    တစ်ပင်နှင့် တစ်ပင်ခွာ၍လည်းကောင်း တစ်တန်းနှင့် တစ်တန်း တစ်ပေခွာ၍ လည်းကောင်း စိုက်ပျိုးသင့်သည်။ သို့မှသာ ပြုစုထိန်းသိမ်းမှုနှင့် ကိုင်းဖြတ်ရ လွယ်ကူ မည်။ ကိုင်းများအား အမြစ်မပါဘဲ မြေလုံးပါနေအောင် ရွှေ့ပြောင်း စိုက်ပျိုးသင့်သည်။ စိုက်ပြီးစ၌ နေရောင် အရိပ်ကျပါက ယာယီ အရိပ်ပြုလုပ်ပေးပြီး အရိပ်ကို တဖြည်းဖြည်း ရုပ်သိမ်းခြင်းလုပ်ပေးပါက ပို၍ သန်စွမ်းသည်။ ပန်းအိုးသို့ ပြောင်းရွှေ့စိုက်ပါက အထက်ပါအတိုင်း ရောစပ်ထားသော မြေသားများထည့်ပြီး ပြောင်းရွှေ့စိုက်ရသည်။ စိုက်ပြီးစအချိန်တွင် နွားချေးမြေသြဇာများ ကျွေးပေးရန်မလိုချေ။

    ၁။ တစ်ဧကမျိုးနှုန်း

    တစ်ဧကစိုက်ရန် မျိုးကိုင်း ၄၀၀၀၀ ခန့် လိုအပ်သည်။

    ၂။ စိုက်ပျိုးချိန်

    မိုးဦး ဇွန်လ၊ ဇူလိုင်လ သည် အကောင်းဆုံး စိုက်ချိန်ဖြစ်သည်။ မြေသြဇာ ကျွေးခြင်းကို တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်ပေးရသည်။ မိုးဦး ဇွန်လ၊ ဇူလိုင်လတွင် တစ်ကြိမ်ကျွေးပြီး မိုးနှောင်း စက်တင်ဘာလနှင့် အောက်တိုဘာလတွင် တစ်ကြိမ် ကျွေးပေးရသည်။ မိုးဦးတွင် ယူရီးယားတစ်ဆနှင့် တီစူပါ တစ်ဆ အရောအား တစ်ပင် လျှင် ရှစ်အောင်စ ကျွေးပေးရသည်။ မိုးနှောင်းတွင် အပွင့်များ လှိုင်လှိုင်ထွက်ရန် ယူရီးယားတစ်ဆနှင့် တီစူပါနှစ်ဆခန့် ရောစပ်၍ တစ်ပင်လျှင် ရှစ်အောင်စနှုန်း ကျွေးပါက အပင်များ ပိုသန်ပြီး ပန်းများလည်း ဖြိုင်ဖြိုင်ပွင့်မည် ဖြစ်သည်။ မြေသြဇာ ကျွေးရာတွင် ပင်ရင်းနား ကပ်မကျွေးပဲ အပင်အရွယ်အစားပေါ် မူတည်၍ အပင်နှင့် တစ်ပေမှ တစ်ပေခွဲခွာ၍ ကျွေးရမည်။

    မြေသြဇာကျွေးခြင်းနှင့်အတူ ပေါင်းသင်မြေဆွပေးရမည်။ စံပယ်သည် ကိုင်းဖြတ် ခြင်းပြုလုပ်ပြီး ထွက်လာသည့် ကိုင်းသစ်ထိပ်မှသာ အများအပြားပွင့်ရာ ၎င်းအား ဆောင်းဦးဝင်စအချိန်တွင် ကိုင်းများ ဖြတ်တောက် ပြုပြင်ပေးရသည်။ ဤသို့ ကိုင်းဖြတ် ၍ မြေသြဇာကျွေးထားလျှင် ပန်းပွင့်များစွာ ဖြိုင်ဖြိုင်ပွင့်လာမည် ဖြစ်သည်။

    နွေရာသီ ပန်းပွင့်ချိန် ရေမှန်မှန်လောင်းပေးခြင်းဖြင့် အပွင့်များများပွင့်သည်။

    စံပယ်ကို မျိုးပွားရာတွင် -

    ၁။ အကိုင်းကို မြေမြှုပ်၍ ကူးခြင်း။

    ၂။ အပင်ခြေမှပေါက်သော ပင်ပွားကို အမြစ်နှင့်တကွ ခွဲ၍ စိုက်ပျိုးခြင်း။

    ၃။ အကိုင်းဖြတ်၍ စိုက်ခြင်း။

    ၎င်းသုံးနည်းအနက် အလွယ်ကူဆုံးနှင့် စီးပွားဖြစ် စိုက်ပျိုးသူများ အများဆုံး အသုံးပြုသည့်နည်းမှာ ကိုင်းဖြတ်စိုက်ပျိုးနည်း ဖြစ်သည်။

    အထွက်နှုန်း

    စံပယ်တစ်ပင်လျှင် အပွင့်တစ်ရာနှုန်းဖြင့် ထွက်ပါက တစ်ဧကတွင် အပင်လေးသောင်းနှုန်း စိုက်မည်ဆိုပါလျှင် အပွင့်ပေါင်း သိန်းလေးဆယ် ထွက်မည် ဖြစ်ပါသည်။ ပထမနှစ်၌သာ သေချာပြုစုထိန်းသိမ်းခများ ကုန်ကျမည်ဖြစ်ပြီး ဒုတိယနှစ်နှင့် တတိယနှစ်များတွင် ငွေကုန်ကြေးကျ အနည်းငယ်သာ ရှိတော့သည်။ ဝင်ငွေကောင်းသောကြောင့် စံပယ်ခြံများကို စိုက်ပျိုးသင့်ပါသည်။

    ကိုးကား - ကိုရဲ (စိုက်ပျိုးရေး)

    [ကိုရဲ (စိုက်ပျိုးရေး) ရေးသားသည့် ပန်းမန် အခြေခံစိုက်ပျိုးနည်းစာအုပ်မှ ထုတ်နုတ် ဖော်ပြသည်]

    ----

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
15
comments
0
views
4803