cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ စျေးကွက်သုံးသပ်ချက် (၁၈.၃.၂၀၂၄ မှ ၂၂.၃.၂၀၂၄)

. Market Analysis
ပဲစင်းငုံနီကလည်း ၂ ပတ်ဆက်တိုက်ဈေးကျဆင်းပါတယ်။ အရောင်းအဝယ်တွေ ပြန်ကောင်းလာနိုင် မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပေမယ့် အိန္ဒိယနိုင်ငံက ဈေးမြင့်တက်နေတဲ့ မြန်မာပဲစင်းငုံနီကို ဝယ်ယူမယ့်အစား ဒေသတွင်း ပဲစင်းငုံနီကိုပိုမို ဝယ်ယူနေတာကြောင့် ဝယ်လိုအားနည်းပြီး ဈေးကျဆင်းသွားတာလည်း ဖြစ်ပါတယ်။
  • မတ်ပဲ

    မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကျဆင်းနေခဲ့တာ ဖြစ်ပြီး တစ်ပတ်အတွင်း မှာလည်း ဈေးအတက်အကျ တည်ငြိမ်မှု မရှိပါဘူး။ စီးပွားကူးသန်းရဲ့ အရေးယူမယ့် ထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲကြောင့် ဈေးကျဆင်းနေတာလို့ ကုန်သည်အချို့က ဆိုပါတယ်။

    မတ်ပဲက အိန္ဒိယရဲ့ ဝယ်လိုအားလည်း ရှိပြီး မကြာခင် အိန္ဒိယနိုင်ငံမှာ ပွဲတော်ကာလ ရောက်ရှိတော့မှာ ဖြစ်လို့ ဈေးက တက်မယ်လို့ သုံးသပ်တာတွေ ရှိပေမယ့် လက်ရှိမှာတော့ ပဲမျိုးစုံဈေးကျဆင်းနေတာ ဖြစ်လို့ သိန်း ၃၀ ပတ်ချာလည်မှာပဲ ဈေးက တန့်နေဦးမှာလို့ ကုန်သည်အချို့က ခန့်မှန်းထားပါတယ်။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၉၂၃၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ယှဉ်ရင် တစ်တန်ကို ၈၅၀၀၀လောက်ဈေးကျဆင်းပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၁၆၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၇၁၅ မှ ၄၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၅ ကျပ်ဈေး ကျဆင်းပါတယ်။

    မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

    ပဲစင်းငုံနီ

    ပဲစင်းငုံနီကလည်း ၂ ပတ်ဆက်တိုက်ဈေးကျဆင်းပါတယ်။ အရောင်းအဝယ်တွေ ပြန်ကောင်းလာနိုင် မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပေမယ့် အိန္ဒိယနိုင်ငံက ဈေးမြင့်တက်နေတဲ့ မြန်မာပဲစင်းငုံနီကို ဝယ်ယူမယ့်အစား ဒေသတွင်း ပဲစင်းငုံနီကိုပိုမို ဝယ်ယူနေတာကြောင့် ဝယ်လိုအားနည်းပြီး ဈေးကျဆင်းသွားတာလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ပဲစင်းငုံနီကို မြန်မာ အပြင် အခြား နိုင်ငံတွေကပါ ဝယ်ယူနေတာဖြစ်တဲ့အတွက် ဈေးအဆမတန် မြင့်တက်နေတဲ့ မြန်မာ့ပဲစင်းငုံနီကတော့ လတ်တလော အခြေအနေအရ အတက်ဈေးကို ရောက်ရှိနိုင်သေးမှာ မဟုတ်ပါဘူး။

    ပြည်တွင်း မှာလည်း ပြောင်းလဲနေတဲ့ မူဝါဒတွေ ငွေကြေးဈေးအခြေအနေတွေ နဲ့ အစိုးရရဲ့ ထုတ်ပြန် ကြေညာချက်တွေကြောင့် ဈေးစောင့်ကြည့်ပြီး အရောင်းအဝယ်ပြုလုပ်နေကြတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။လက်ရှိမှာတော့ ပဲစင်းငုံနီက လှောင်လက်တွေ လက်ထဲမှာသာ ရှိတယ်လို့လည်း သိရပါတယ်။

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၆၈၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ် သောကြာနေ့ နဲ့ ယှဉ်ရင် တစ်တန်ကို ၁၇၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

    အလားတူ မန္တလေး စျေးကွက်မှာလည်း ပဲစဥ်းငုံ နီ တစ်အိတ်ကို ၃၅၀၀၀၀ ကနေ ၃၅၂၀၀၀ ကျပ်

    ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို ၁၄၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

    ၂ ပတ်အတွင်း ပဲစင်းငုံနီက တစ်တန်ကို ၃ သိန်းနီးပါးဈေးကျဆင်းသွားခဲ့တာပါ။

    ပြောင်းဆံ

    ပြောင်းကတော့ လက်ရှိ ဈေးကွက်အတွင်း အကျဈေးနဲ့ ငြိမ်နေပေမယ့် နယ် ဘက် ရောင်းဝယ်တွေ မှာတော့ ယခုထက် ဈေးပိုကျဆင်းနေတယ်လို့ တောင်သူတွေထံကနေသိရပါတယ်။

    ထိုင်းဘက်ကလည်း အိမ်နီချင်းနိုင်ငံတွေမှာ လယ်ယာမြေ မီးရှို့တာတွေကြောင့် မီးခိုးထူထပ်တဲ့ ပြဿာနာ ဖြစ်ပေါ်နေပြီး အဆိုပါ ပြဿာနာကို ဖြေရှင်းရန် မီးရှို့တဲ့ အိမ်နီးချင်းနိုင်ငံတွေထံကနေ ပြောင်းတင်သွင်းမှုကို ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ထိုင်းနိုင်ငံကို ပြောင်းတန်ချိန် နှစ်စဉ် တန်ချိန် ၇ သိန်းနီးပါး တင်ပို့တဲ့ မြန်မာနိုင်ငံအနေနဲ့ ထို ထုတ်ပြန်ချက်ဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်ပြီး အမှန်တကယ် တင်သွင်းခွင့် ပိတ်လိုက်ပါက ပြောင်း ဈေးဟာ ယခုထက်ပိုပြီးကျဆင်းသွားမှာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံကလည်း လမ်းခရီးအခြေအနေတွေကကြောင့် တင်ပို့မှု ဟာ အနည်းအကျဉ်းသာ ရှိနေ ပါသေး တယ်။

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၀၅၀ မှ ၁၀၇၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါ တယ်။

    မန္တလေးစျေးကွက်မှာလည်း ပြောင်း ( CP)တစ်အိတ်ကို ၅၀၀၀၀ ကနေ ၅၀၅၀၀ ကျပ်ရှိ၊ ပြောင်း (ဗမာ)တစ်အိတ်ကို ၄၉၀၀၀ ကျပ် မှ ၄၉၅၀၀ ကျပ် ၊ပြောင်း (ရှမ်း)တစ်အိတ်ကို ၅၀၀၀၀ မှ ၅၀၅၀၀ ကျပ် အသီးသီး ရှိပြီး ရာဂဏန်းလောက်သာ အတက်အကျ ရှိနေတာ ဖြစ်ပါတယ်။

    မုံရွာဈေးကွက်မှာတော့ ပြောင်း တစ်တင်းကို ၁၅၈၀၀ ရှိပြီး တစ်တင်းကို ၄၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

    ငရုတ်

    ငရုတ်ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဈေးကျဆင်းနေခဲ့တာဖြစ်ပြီး တစ်လကျော်ဈေး ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။လက်ရှိ ထိုင်းတင်ပို့မှုကလည်း နည်းနေပြီး ပြည်တွင်း အဝင်ကလည်း များနေတယ်လို့ ငရုတ်ကုန်သည်တွေထံကနေ သိရပါတယ်။သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှု တွေကြောင့် လက်ရှိပေါက်ဈေးနှုန်းနဲ့ အရှုံးပေါ်နေတဲ့ အခြေအနေ လို့လည်း ငရုတ်စိုက် တောင်သူတွေ က ပြောပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၁၀၀၀၀ မှ ၁၁၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ ငရုတ် ပန်းရဲ ကတော့ ၅၅၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် ၊ ငရုတ် မြှားနီကတော့ တစ်ပိဿာကို ၅၀၀၀ မှ ၅၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

    အာလူး

    အာလူးကလည်း ‌ဈေးကွက်ထဲ အဝင်များပြီး ဈေးက ဆက်တိုက်ကျဆင်းနေပါတယ်။ ရှမ်းအာလူးတွေ အပြင် အညာ ဘက်ကနေ လည်း အာလူးအသစ်တွေ ဈေးကွက်ထဲ အဝင်ရှိနေတာဖြစ်ပြီး လက်ရှိ လမ်းခရီး အခြေအနေ နဲ့ ပြည်တွင်း ဝယ်လိုအား လျော့နည်းနေတာတွေကြောင့် ဈေးက ဆက်တိုက် ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။နေ့စဉ် ဘုရင့်နောင်ဈေးကွက်ထဲကို အာလူးကားအစီးရေ ၈ စီး ပိဿာချိန် ၄၂၀၀၀ ခန့် အဝင်ရှိနေပါတယ်။

    ရန်ကုန်ဈေးကွက်မှာ အာလူး(ဟဲဟိုး)ကတော့ တစ်ပိဿာကို ၁၂၀၀ မှ ၁၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်၊ပခုက္ကူကတော့ တစ်ပိဿာကို ၁၅၀၀ ကျပ် ရှိပြီး တစ်ပိဿာကို ၈၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

    AMIA

    -------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views2435