cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဗီတာမင်ကြွယ်ဝသော နာနတ်သီး၏အသုံးဝင်ပုံ

. Health Articles
နာနတ်သီးကို တာရှည်ခံအောင်ပြုလုပ်ပြီး စည်သွပ်ဘူးအနေဖြင့်ထုတ်လုပ်ကာ ဟင်းလျာများထဲတွင်လည်းထည့်ကာ သုံးဆောင်နိုင်ပါသည်။
  • နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ်များစွာပါဝင်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည့်ဖြင့် နှစ်သက်သည့်အတိုင်းစားသုံးကြပါသည်။ ထို့ပြင် နာနတ်သီးကို တာရှည်ခံအောင်ပြုလုပ်ပြီး စည်သွပ်ဘူးအနေဖြင့်ထုတ်လုပ်ကာ ဟင်းလျာများထဲတွင်လည်းထည့်ကာ သုံးဆောင်နိုင်ပါသည်။

      နာနတ်သီးတွင် ဗီတာမင်များစွာပါဝင်သည့်အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်မည်ဖြစ်ပါသည်။ နာနတ်သီးစားသုံးခြင်းဖြင့် ကိုယ်ခံအားကိုမြင့်မားစေပြီး ရောဂါဝင်ရောက်မှုကိုကာကွယ်ပေးနိုင်ခြင်း၊ နာနတ်သီးတွင်ပါဝင်သော သကြားဓာတ်ကြောင့် ပင်ပန်းနွမ်းနယ်မှုကိုသက်သာစေ၍ အအေးမိတုပ်ကွေးဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားကောင်းစေခြင်း၊ နာနတ်သီးစားသုံးခြင်းဖြင့် အရိုးများကိုသန်မာစေသည့်အပြင် အရိုးပွခြင်းကိုပါကာကွယ်ပေးနိုင်သော  maganese များစွာပါဝင်ခြင်းကြောင့် အရိုးအဆစ်များကိုသန်မာစေခြင်း၊ နာနတ်သီးကို ပုံမှန်စားသုံးလျှင် အမြင်အာရုံချို့ယွင်းမှုကိုကာကွယ်ပေးနိုင်ခြင်းကြောင့် အမြင်အာရုံကောင်းစေပါသည်။ နာနတ်သီးတွင် အမျှင်ဓာတ်များစွာပါဝင်ပါသည်။ ထို့ကြောင့် အစာအိမ်အူလမ်းကြောင်းကျန်းမာရေးကိုကောင်း မွန်စေကာ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးသောကြောင့် ကိုယ်အလေးချိန်လျော့ချနိုင်ရန်အတွက်လည်း အထောက်အကူဖြစ်စေပါသည်။ ထို့ပြင် နှလုံးသွေးကြောပိတ်ခြင်းနှင့် ကင်ဆာရောဂါများကိုလည်းကာကွယ်ပေးနိုင်ပါသည်။

      နာနတ်သီးသည် ကျန်းမာရေးအတွက် အသုံးဝင်သော်လည်း နာနတ်သီးကို စားသုံးရာတွင် သတိပြုရမည့်အချက်များလည်းရှိပါသည်။ နာနတ်သီးကို များစွာစားသုံးလျှင် "တန်ဆေး လွန်ဘေး" ဆိုသကဲ့သို့ ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အရေပြားပေါ်တွင် အနီကွက်များထွက်ပေါ်၍ ယားယံခြင်းဖြစ်ပေါ်တတ်ခြင်း စသည့်အချက်များကို သတိပြုစားသုံးရမည်ဖြစ်ပါကြောင်း ကျန်းမာရေး အသိပညာများဝေမျှလိုက်ရပါသည်။

    DOCA(ရှမ်း)


  • article
likes11comments0
views1695