cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့ပဲမျိုးစုံ ဈေးသက်သာတာကြောင့် ဂျပန် တိုးမြှင့်ဝယ်ယူ

. Market News
ဂျပန်နိုင်ငံက လာရောက်အသိပညာပေးတဲ့အတိုင်း ပြည်တွင်းမှာ ပဲမျိုးစုံစိုက်ပျိုး၊ ထုတ်လုပ်၊ သိုလှောင်၊ တင်ပို့ စတဲ့ လုပ်ငန်းစဉ်အဆင့်တိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ပြီး ဂျပန်အပြင် တခြားပြည်ပနိုင်ငံတွေဆီလည်း အရည်အသွေးမြင့်ပဲတွေ ထုတ်လုပ်တင်ပို့နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
  • ကမ္ဘာ့ဈေးကွက်မှာ မြန်မာပဲမျိုးစုံက ဈေးနှုန်းအရ အနည်းငယ်သက်သာမှုရှိတာကြောင့် ဂျပန်နိုင်ငံက တိုးမြှင့်ဝယ်ယူလိုကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားလာပါတယ်။

    “ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပြင် တခြားနိုင်ငံတွေကလည်း ပဲမျိုးစုံ တင်ပို့နေတာရှိတယ်။ ဒါပေမယ့် မြန်မာ့ပဲမျိုးစုံက ဈေးအနည်းငယ် သက်သာတာကြောင့် ဂျပန်နိုင်ငံက ပိုပြီးတော့ ဝယ်ယူလိုတယ်”လို့ ဆိုပါတယ်။

    ဒါ့ကြောင့်ပဲ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို တင်ပို့တဲ့ ပဲမျိုးစုံကို သူတို့ရဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီစေဖို့ လာရောက်ပြီး အသိပညာပေးတာတွေ ရှိနေပါတယ်။

    ဂျပန်နိုင်ငံက လာရောက်အသိပညာပေးတဲ့အတိုင်း ပြည်တွင်းမှာ ပဲမျိုးစုံစိုက်ပျိုး၊ ထုတ်လုပ်၊ သိုလှောင်၊ တင်ပို့ စတဲ့ လုပ်ငန်းစဉ်အဆင့်တိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ပြီး ဂျပန်အပြင် တခြားပြည်ပနိုင်ငံတွေဆီလည်း အရည်အသွေးမြင့်ပဲတွေ ထုတ်လုပ်တင်ပို့နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

    “ယခုဘဏ္ဍာနှစ်မှာ လက်ရှိအချိန်ထိ ဂျပန်နိုင်ငံကို ပဲမျိုးစုံတန်ချိန် ၂၀၀၀၀ နီးပါး တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်”လို့ စားသုံးသူရေးရာ တာဝန်ရှိသူက ပြောပါတယ်။

    မြန်မာနိုင်ငံကနေ ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ အီးယူနဲ့ အခြားသော ဝယ်လက်နိုင်ငံတွေထံ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ တင်ပို့လျက်ရှိပါတယ်။

    လက်ရှိမှာ စုစုပေါင်း ကမ္ဘာ့ပဲမျိုးစုံ တင်ပို့မှုရဲ့ ၁၂ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံကနေ တင်ပို့ခွင့်ရရှိထားပါတယ်။

    စီးပွား/ကူးသန်းရဲ့ စာရင်းတွေအရ ယခုဘဏ္ဍာနှစ်မှာ ပြည်ပနိုင်ငံတွေထံ ပဲမျိုးစုံတန်ချိန်တစ်သန်းခန့် တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် ရရှိထားကြောင်း သိရှိရပါတယ်။

    BETV Business မှ ကူးယူဖော်ပြပါသည်။

    -------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes8comments0
views1251