cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တရုတ်သို့ GACC နည်းလမ်းဖြင့် မွေးမြူရေးရေငန်ပုစွန်များ တင်ပို့လျက်ရှိ

. Fish News
အဆိုပါ မှတ်ပုံတင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီများထဲမှ ကမ္ပဏီတစ်ခုက မွေးမြူရေးရေထွက်ကုန်ဖြစ်တဲ့ ရေငန်ပုစွန်ကို GACC နည်းလမ်းဖြင့် စတင်တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။
  • မြန်မာနိုင်ငံမှ မွေးမြူရေးရေထွက်ကုန်ဖြစ်တဲ့ ရေငန်ပုစွန်များကို တရုတ်နိုင်ငံသို့ GACC နည်းလမ်း ဖြင့် တင်ပို့လျက် ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

    တရုတ်နိုင်ငံသို့ မွေးမြူရေးရေထွက်ကုန်တင်ပို့ခွင့်နှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ အ ကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့(GACC )နှင့် လက်မှတ်ရေးထိုးထားပြီးဖြစ်ကာ အဓိကအား ဖြင့် ရေငန်ပုစွန် ဖြူတင်ပို့ရန် ကုမ္ပဏီ ၆ ခုမှ တင်ပို့ခွင့်မှတ်ပုံတင်အောင်မြင်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

    အဆိုပါ မှတ်ပုံတင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီများထဲမှ ကမ္ပဏီတစ်ခုက မွေးမြူရေးရေထွက်ကုန်ဖြစ်တဲ့ ရေငန်ပုစွန်ကို GACC နည်းလမ်းဖြင့် စတင်တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။

    ထိုကဲ့သို့ မွေးမြူရေးရေထွက်ကုန် တင်ပို့ရေးလမ်းကြောင်းအနေဖြင့် ရေကြောင်းကုန်သွယ်မှုမှ ကွန် တိန်နာများနှင့် အေးခဲပုစွန်များကို တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။

    တရုတ်နိုင်ငံသို့ ပြည်တွင်းကနေထွက်ရှိတဲ့ သဘာဝရေထွက်ကုန်များကို တင်ပို့လျက်ရှိပြီး လက်ရှိမှာ ပြည်တွင်းက ရေထွက်ကုန်ရဲ့ ၃၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။

    အောင်အောင်

    Opinion Leaders ကူးယူဖော်ပြအပ်ပါသည်။

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes9comments0
views1810