cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စိုက်ပျိုးရေးမှာအသုံးပြုနေတဲ့ဓာတ်မြေဩဇာ၊သဘာဝမြေဩဇာ၊ဇီဝမြေဩဇာတို့အကြောင်း

. Plant Nutrition
ဓာတ်မြေဩဇာ၊သဘာဝမြေဩဇာ၊ဇီဝမြေဩဇာတို့အကြောင်း
  • #ဓာတ်မြေဩဇာ

    ယူရီးယား (Urea)

    တီစူပါ (TSP)

    ပိုတက်ရှ် (MOP)

    ကွန်ပေါင်းမြေသြဇာ အမျိုးမျိုး

    ရွက်ဖျန်းမြေဩဇာ အမျိုးမျိုး

    #သဘာဝမြေဩဇာ

    နွားချေး၊ကြက်ချေး

    လင်းနို့ချေး နှင့် အခြား တိရိစ္ဆာန် စွန့်ပစ်ပစ္စည်းများ

    ပဲဖတ်၊ နှမ်းဖတ်၊ သစ်ရွက်ဆွေး မြေဩဇာ၊

    ကြံမြုပ်ချေး

    #ဇီဝမြေဩဇာ

    အီးအမ် (EM)

    ပဲမြစ်ဖုမြေဩဇာ (rhizobium)

    ထရိုင်ကိုဒါးမား (Trichoderma spp;)

    ရေကျောက်ခတ် (Azolla)

    ဓာတ်မြေဩဇာ

    - အာဟာရပါဝင်မှု မြင့်မားသည်။

    - ဈေးနှုန်းမြင့်မားသည်။

    - အသုံးပြုမှု ကြာမြင့်လာပါက မြေဆီလွှာ နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မြင့်မားသည်။

    - ထို့ကြောင့် ဓာတ်မြေဩဇာအား အပင်ကြီးထွားမှု အဆင့်အပေါ် မူတည်၍ အမှန်တကယ် လိုအပ်သည့် အမျိုးအစား နှင့် ပမာဏ တို့အား တွက်ချက်၍ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာတို့နှင့် တွဲဖက် သုံးစွဲရန် လိုအပ်ပါသည်။

    - ထိုသို့ သုံးစွဲခြင်းအားဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် (Sustainable Agriculture System) ဖြစ်ပေါ်စေရန် အထောက်အပံ့ ဖြစ်စေပါသည်။

    သဘာဝမြေဩဇာ

    - အပင်အတွက် လိုအပ်သည့် အာဟာရအစုံ ပါဝင်သော်လည်း ဓာတ်မြေဩဇာထက် အာဟာရပါဝင်မှု ရာခိုင်နှုန်း နည်းပါးသည်။

    - မြေကြီး၏ အစိုဓာတ် ထိန်းသိမ်းနိုင်စွမ်း မြင့်မားခြင်း၊ ရေဝင်ရေထွက်၊ လေဝင်လေထွက် ကောင်းမွန်ခြင်းတို့ကြောင့် အမြစ် ထိုးဖောက်နိုင်စွမ်း ကောင်းမွန်ခြင်းကြောင့် အပင်ကြီးထွားမှု ကောင်းမွန်ပါသည်။

    - အဏုဇီဝ သက်ရှိများ ကောင်းစွာ ရှင်သန်မှုကြောင့် မြေဆီလွှာ အရည်အသွေး တိုးတက် ကောင်းမွန်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်နိုင်သည်။

    - လယ်ယာနှင့် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများ ဖြစ်သောကြောင့် ငွေကုန်ကြေးကျ သက်သာပြီး ဓာတ်မြေဩဇာ အသုံးပြုမှုအား အထိုက်အလျောက် လျှော့ချနိုင်ပါသည်။

    ဇီဝမြေဩဇာ

    - အပင်နှင့် မြေဆီလွှာအတွက် အကျိုးပြုသော အဏုဇီဝ သက်ရှိများ ဖြစ်သည့် ဘက်တီးရီယား၊ မှို နှင့် အခြား သက်ရှိများ ပါဝင်ပါသည်။

    - မြေကြီးနှင့် လေထုအတွင်းရှိ အပင် မစားသုံးနိုင်သော အာဟာရများအား အပင်စားသုံးနိုင် သည့် ပုံစံ ရရှိအောင် ပြောင်းလဲပေးနိုင်သည်။

    - ရောဂါပိုးများအား တိုက်ရိုက်ဖျက်ဆီးနိုင်စွမ်း၊ ဟန့်တားနိုင်စွမ်းရှိသည်။

    - မြေဆီလွှာတွင်းရှိ ပိုးသတ်ဆေးနှင့် အခြားဓာတုဓာတ်ကြွင်းများအား လျော့နည်းသွားအောင် ချေဖျက်နိုင်စွမ်း ရှိသည်။

    - ဇီဝမြေသြဇာမှာ သက်ရှိများဖြစ်သည်နှင့်အညီ အဆိုပါ သက်ရှိများဆက်လက် အသက်ရှင်နေထိုင်ရန်အတွက် လိုအပ်သော အစိုဓာတ်၊ သြဂဲနစ်ပစ္စည်း (Organic matter) များ ရရှိနိုင်ရန် သဘာဝမြေသြဇာဖြင့် တွဲဖက်အသုံးပြုပေးရသည်။

    Source: Fresh Studio Myanmar EAT/VEG

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
likes
30
comments
0
views
3764