cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဂျုံစိုက်ပျိုးနည်းစနစ်

. Cultivation Methods
- အနှံအားလုံး (၈၀%) ရင့်မှည့်ချိန်၊ ဂျုံပင်၏ ရိုးတံနှင့် အနှံများ အဝါရောင်ပြောင်းချိန် (သို့မဟုတ်) စိုက်ပြီး (၉၀-၁၁၅) ရက်သားခန့်ရောက်လျှင် ရိတ်သိမ်းရမည်။
  • ဂျုံသီးနှံတစ်ဧကအထွက်နှုန်း တိုးတက်ရရှိစေရေးအတွက် အထောက်အကူပြုပေးနိုင်သည့် အောက်ဖော်ပြပါစိုက်ပျိုးနည်းစနစ်များအတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

    စိုက်ပျိုးနည်းစနစ်

    - ဆောင်းရာသီတွင် မြေတွင်းအစိုဓာတ် (သဘာဝမိုးရေ) ဖြင့် စိုက်ပျိုးသော ဧရိယာများ၌ တစ်ဧကရှိအနှံပါပင်ပွား (၇၀၀၀၀၀) ရရှိရန် တန်းကြား (၈) လက်မ၊ မျိုးစေ့လက်ဖြူးချ စိုက်ပျိုးနည်း၊ ရေသွင်းစိုက်ပျိုးသောဧရိယာများတွင် တစ်ဧကရှိအနှံပါပင်ပွား (၁၀၀၀၀၀၀) ရရှိရန် တန်းကြား (၆) လက်မ၊ မျိုးစေ့လက်ဖြူးချစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရမည်။

    - တစ်ဧကမျိုးစေ့နှုန်းထားအနေဖြင့် မြေတွင်းအစိုဓာတ်ဖြင့်စိုက်ပါက (၁.၅) တင်း အသုံးပြုပြီး ရေသွင်းစိုက်ပျိုးပါက (၂) တင်းအထိ အသုံးပြုရမည်။

    - ဂျုံမစိုက်ပျိုးမီ ရက်သတ္တပတ် (၄)ပတ်မှ (၆) ပတ်ခန့်ကတည်းက ကြိုတင်၍ သဘာဝမြေဩဇာ ရနိုင်သမျှထည့်သွင်းရမည်။

    - အထွက်နှုန်းပိုမိုရရှိရန် ယူရီးယား (၅၆) ပေါင်၊ တီစူပါ (၁၁၂)ပေါင်၊ ပိုတက်ရှ် (၅၆) ပေါင်နှုန်းကို မြေပြင်စဉ်တွင် ထည့်ရန်လိုအပ်ပြီး ပထမဆုံးအကြိမ်ရေသွင်းချိန်၌ ယူရီးယား (၅၆) ပေါင် ထည့်သွင်းရမည်။

    မြေအမျိုးအစား

    - မြေဩဇာထက်သန်သောနုံးမြေ၊ နုံးမြေစေး၊ သဲနုံးမြေများတွင် စိုက်ပျိုးသင့်ပါသည်။ နုံးမြေ အမျိုးအစားသည် ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံးဖြစ်ပါသည်။

    - မြေချဉ်ငံဓာတ် (၅.၅) မှ (၇.၅) အတွင်း စိုက်ပျိုးနိုင်ပြီး မြေချဉ်ငံဓာတ် (၆.၄) သည် အသင့် တော်ဆုံးဖြစ်ပါသည်။

    စိုက်ပျိုးချိန်

    - ဂျုံစိုက်ပျိုးရန်အတွက် အသင့်တော်ဆုံးကာလမှာ အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလ အစောပိုင်းဖြစ်ပါသည်။

    - မိုးရေ၏ အစိုဓာတ်ကို အမိအရစိုက်ပျိုးပါက အောက်တိုဘာ (၁၅) မှ (၃၀) ရက်အတွင်း စိုက်ပျိုး နိုင်ပါသည်။

    - ရေသွင်းစိုက်ပျိုးပါက နိုဝင်ဘာ (၁) မှ (၁၅) ရက်အတွင်း စိုက်ပျိုးနိုင်ပါသည်။

    မျိုး

    - ရှမ်းပြည်နယ်တွင် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့်ရေဆင်း-၉၊ ရေဆင်း-၁၀၊ မက္ကဆီပက်နှင့် ရင့်ကျီ-၄၃၇ မျိုးများကို အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပါသည်။

    - စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး ဈေးကွက်ဝင်သည့် မုံရွာဂျုံဖြူမျိုး အများဆုံးစိုက်ပျိုးပြီး ဇလုပ်ဂျုံဖြူ၊ V-၁၂၈၇ မျိုးများကို အများဆုံး စိုက်ပျိုးထုတ်လုပ်ကြပါ သည်။

    - ရေသွင်းဂျုံများတွင် ကျရောက်တတ်သော ဂျုံသံချေးရောဂါဒဏ်ခံနိုင်ရည်ရှိသော ဇလုပ်ဖြူ-၁၊ ရေဆင်း-၉၊ ရေဆင်း-၁၀ မျိုးများ ရွေးချယ်စိုက်ပျိုးရမည်။

    သက်တမ်းအလိုက် အပင်ပြုစုစောင့်ရှောက်ခြင်း

    - စိုက်ပျိုးပြီး (၂၅)ရက်သားနှင့် (၄၅) ရက်သားတို့တွင် ပေါင်းမြက်ကင်းရှင်းစေရန်အတွက် ကြားပေါင်းလိုက်ရမည်။

    - ရေသွင်းစိုက်ဧရိယာများတွင် စိုက်ပြီး (၂၅) ရက်သားတွင် တစ်ကြိမ်၊ (၄၅) ရက်သားတွင် တစ်ကြိမ်၊ (၆၀) ရက်သားတွင် တစ်ကြိမ် ရေသွင်းပေးရမည်။

    - ပထမဆုံးအကြိမ်ရေသွင်းချိန်၌ ယူရီးယား (၅၆) ပေါင်ထည့်သွင်းရမည်။

    - ပင်ပွားစည်ချိန်နှင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တို့တွင် ပင်ခြေရေမဝပ်စေပဲ ဂရုတစိုက်ရေသွင်းရမည်။

    - အနှံထွက်ပြီးနောက်ပိုင်း ဂျုံနနွင်းရောဂါနှင့် ကြွက်ဖျက်ဆီးမှုရှိတတ်သဖြင့် အခင်းဝန်းကျင် တွင် သန့်ရှင်းရပါမည်။ ကြွက်ဆေးချရန် လိုအပ်ပါသည်။

    ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ

    - အနှံအားလုံး (၈၀%) ရင့်မှည့်ချိန်၊ ဂျုံပင်၏ ရိုးတံနှင့် အနှံများ အဝါရောင်ပြောင်းချိန် (သို့မဟုတ်) စိုက်ပြီး (၉၀-၁၁၅) ရက်သားခန့်ရောက်လျှင် ရိတ်သိမ်းရမည်။

    - တန်ဘိုးမြှင့်ထုတ်ကုန်များ

    - ဂျုံသီးနှံကို ဘီစကစ်၊ ပလာတာ၊ ထပ်တစ်ရာ၊ စမူဆာ၊ ခေါက်ဆွဲခြောက်အမျိုးမျိုး၊ ပေါင်မုန့်၊ ပေါက်စီ၊ အသားပေါင်းအမျိုးမျိုးစသည်ဖြင့် တန်ဘိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပါသည်။

    စိုက်ပျိုးရေးဦးစီးဌာန

    ✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes8comments0
views2473