cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

လူသိနည်းတဲ့ ဘူးသီးရဲ့ကျန်းမာရေးအစွမ်း

. Health Articles
အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေ ပါတယ်။ ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီပါဝင်မှုနည်းပါတယ်။
  • မြန်မာလူမျိုးတွေရဲ့ မီးဖိုချောင်ထဲမှာ အတွေ့ရများတယ့် ဘူးသီးဟာ သွေးတိုးကျစေတယ့်အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတယ့် အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါးအဖြစ် ကျိုချက်သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီးတို့စားတာ၊ သုပ်စားတာမျိုးလည်း ပြုလုပ်ကြပါတယ်။ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေ ပါတယ်။ ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီပါဝင်မှုနည်းပါတယ်။ အမျှင်ဓါတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့် (သို့) သိုင်ယာမင်၊ သံဓါတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများပါတယ်။ ဒါကြောင့်အသည်းကို သန်ု့စင်စေတာ၊ ပြန်လည်ဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေးတာတို့ လုပ်ဆောင်ပေးပါတယ်။ ဆံပင်ဖြူတာကို လျော့ကျစေပါတယ်။

    ဘူးရွက်ကရတယ့်အရည်ဟာ အသားဝါတာကို သက်သာစေပြိး ဘူးသီးအရည်ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် နုံးချည့်ညောင်းညာမှုလျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတယ့်ရက်တွေမှာ လန်းဆန်းစေပါတယ်။ ဘူးသီးသည် အယ်လ်ကာလိုင်းဂုဏ်သတ္တိရှိသောကြောင့် အက်ဆစ်ဓါတ်လွန်ကဲမှု၊ အစာမကြေခြင်းနှင့် အစာအိမ်အနာတို့ကို သက်သာစေပါတယ်။ ဘူးသီးဟာ နာဗ့်ကြောတွေကို အားကောင်းစေတယ့်အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တယ့် စိတ်စွဲလွန်ဝေဒနာကို လျော့ကျစေ ပါတယ်။ ဘူးသီးမှာ ရေဓါတ် (၉၆) ရာခိုင်နှုန်းပါဝင်သောကြောင့် ဘူးသီး (၁၀၀) ဂရမ်စားတယ့်အခါ (၁၂) ကယ်လိုရီပဲ ရရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျော့ကျစေတယ့် အစားအစာတစ်မျိုးအဖြစ် အသိအမှတ်ပြုထားပါတယ်။ ထို့ပြင် ဘီတာကယ်ရိုတင်းဓါတ် ပမာဏများစွာပါဝင်တယ့်အတွက် မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။

    အစာအိမ် ဝေဒနာ၊ အစာအိမ်အူလမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်း စတာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးကို သန့်စေတယ့် အာနိသင်လည်းရှိတာကြောင့် ရောဂါအများစုကို တွန်းလှန်ပေးနိုင်ပါတယ်။ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက် ပါဝင်သောကြောင့် သွေးတွင်းသကြားဓါတ်ပမာဏကို လျော့ကျ စေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူများ အသင့်အတင့် စားနိုင်ပါတယ်။ သတိပြုရန်မှာ ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါ သည်။ အစိမ်းစားပါက အစာအိမ်နှင့်အူကို အန္တရယ်ဖြစ်စေနိုင်ပါသည်။

    Credit – Good Health

    ✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes13comments0
views1579