cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နေလှည့်စေ့များအရောင်းအဝယ်ဖြစ်နေ

. Market News
ယခုနှစ်တွင် နေလှည့်စေ့ တစ်ပိဿာလျှင် ကျပ် ၇၀၀၀ မှ ၇၂၀၀၊ ယခင်လစတင်ပေါ်ချိန်တွင် ကျပ် ၈၀၀၀ မှ ၈၂၀၀ ထိရရှိပြီး အရောင်းအဝယ်ကောင်း၊ ဈေးကောင်းရရှိသောကြောင့် ဒုတိယဝင်ငွေ အဖြစ် အကျိုးအမြတ်ရရှိကြောင်း ပေတောကျေးရွာနေတောင်သူများထံမှ သိရသည်။
  • မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိရွာများတွင် နေလှည့်စေ့များ ထွက်ပေါ်နေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်း ကျေးရွာများတွင် တောင်သူများမှ စိုက်ပျိုးခြင်း မဟုတ်ပဲ ဝါခင်း၊ နနွင်းခင်း၊ ငရုတ်ခင်း၊ ကြက်သွန်ခင်းများကြားနှင့် မြေလွတ်မြေရိုင်းများတွင် အလေ့ကျပေါက်ရောက်ကြောင်း သိရသည်။

    နေလှည့်စေ့များ အရောင်းအဝယ်ကောင်းမွန်လာသောကြောင့် စိုက်ခင်းများတွင် အလေ့ကျပေါက်နေသည့် နေလှည့်ပင်များကို သီးနှံခူးဆွတ်ပြီးလျှင် ရေသွင်း၍ ပြုစုထားခြင်းကြောင့် အထွက်နှုန်း ပိုမိုရရှိလာကြောင်း၊ ကျောက်ဆည်၊ ကူမဲ မြစ်သားပွဲရုံများနှင့် မန္တလေးပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မှုရှိကြောင်း မြစ်သားမြို့နယ်၊ ပေတောကျေးရွာ နေလှည့်စေ့ ရောင်းဝယ်နေသူများထံမှ သိရသည်။

    ယခုနှစ်တွင် နေလှည့်စေ့ တစ်ပိဿာလျှင် ကျပ် ၇၀၀၀ မှ ၇၂၀၀၊ ယခင်လစတင်ပေါ်ချိန်တွင် ကျပ် ၈၀၀၀ မှ ၈၂၀၀ ထိရရှိပြီး အရောင်းအဝယ်ကောင်း၊ ဈေးကောင်းရရှိသောကြောင့် ဒုတိယဝင်ငွေ အဖြစ် အကျိုးအမြတ်ရရှိကြောင်း ပေတောကျေးရွာနေတောင်သူများထံမှ သိရသည်။

    Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

    Source: https://myantrade.gov.mm/article/naypyitaw_29032024_402

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes8comments0
views983