ကြက်သွန်ဈေး များ ကျဆင်းလာ
လက်ရှိ နွေ ကြက်သွန်နီများ စျေးကွက်သို့ ဝင်ရောက်မှုများ လာသည့် အတွက် ကြက်သွန်စျေး ကျ ဆင်းနေကြောင်း ကြက်သွန် ကုန်သည်များထံမှ သိရသည်။
ကြက်သွန်နီကို ၁၁လပိုင်း နှင့် ၁၂လ ပိုင်းမှာ စတင်စိုက်ပျိုးကြပြီး ၄လပိုင်း တွင် နွေကြက်သွန်များ ပေါ်လေ့ရှိ ကြောင်း သိရသည်။
“ အခု ချိန်က ကြက်သွန်နီ လှိုင်တဲ့ အချိန် ပြီးတော့ ကြက်သွန်ဖြူ၊ ငရုတ် အစုံ ပဲ လှိုင်တဲ့အချိန်စျေးတွေ ကျလာတယ်။ ဒါကြောင့် စျေးကွက် ကို အဝင်များ ပြီး စျေး တွေ ပြန်ကျ သွားတဲ့ သဘောပါ။ အခု ဘုရင့်နောင် ကုန်စည်ဒိုင် မှာလည်းကြက်သွန်တွေ အဝင်များ နေတယ် ။ “ ဘုရင့် နောင် ကုန်စည်ဒိုင်မှ စားဖိုဆောင် သီးနှံ ကုန်သည်တစ်ဦး ကပြောသည်။
ယခင်က ဆိပ်ဖြူ တစ်ပိဿာလျှင် ၂၈၀၀အထိ ရှိ ခဲ့ ပြီး မြစ်သား တစ်ပိဿာလျှင် ၃၅၀၀အထိ အမြင့်စျေး တွင်ရှိ ခဲ့ ကြောင်းသိရသည်။
သို့သော် လက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဆိပ်ဖြူ တစ်ပိဿာလျှင် ၁၆၀၀ ကျပ် မှ ၂၁၀၀ ကျပ် သာရှိပြီး မြစ်သား တစ်ပိဿာလျှင် ၂၃၀၀ ကျပ်မှ ၃၀၀၀ ကျပ် သာ ပေါက်စျေးရှိကြောင်း သိရသည်။
လက်ရှိ စျေးကွက် တွင် စျေးကျ နေသည့် အတွက် လှောင်ရန် ဝယ်ယူ မည့် ကုန်သည်များ ရှိနေသည့် အတွက် အရောင်းအဝယ် ကောင်းနေ ပြီး စျေး နှိမ်ဝယ်ယူ မှုများ လည်း ရှိကြောင်း တောင်သူ တစ်ချို့ကပြောသည်။
“ ကြက်သွန်စျေး လေး တက်နေလို့ပျော်နေတာ အခု ကိုယ်တွေ ကြက်သွန်ပေါ် မှာ စျေးကျ သွားတယ် ။ အခုက အကျ စျေး နဲ့ အရောင်းဝယ် ဖြစ်နေတယ်။ ကြက်သွန်နီ တွေကို ပွဲရုံ တွေကတစ်ဆင့် ရန်ကုန်၊ ပြည်၊ အောင်လံမြို့များသို့ တင်ပို့ရောင်းချ နေကြတယ် “ ဟု ရေနံချောင်း မှ ကြက်သွန်စိုက်တောင်သူများ ထံမှသိရသည်။
အချို့နယ် ဒေသများ တွင် တောစျေး ကြက်သွန် တစ်ပိဿာလျှင် ၁၀၀၀ မှ၁၅၀၀အတွင်း ရောင်းချမှုများလည်းရှိကြောင်းသိရသည်။
လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့်သွင်းအားစုများ စျေးကြီးနေသောကြောင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခြားအခက်ခဲများစွာရှိ ကြောင်း သိရသည်။
ယခင် ရာသီဥတု အခြေအနေများ ကြောင့်အိန္ဒိယနိုင်ငံ မှ မှီခိုဝယ်နေသည့် နိုင်ငံများ မှ မြန်မာနိုင်ငံဘက် သို့ ပြောင်းလဲဝယ်ယူ မူများရှိခဲ့သည့် အတွက် စျေးတန်းတခု သို့ရောက်ရှိခဲ့ ပြီး လက်ရှိ ကြက်သွန်အသစ်များ ပေါ်တော့မည်ဖြစ်၍ စျေးကျ ခြင်းလည်းဖြစ်ကြောင်း သုံးသပ်ကြသည်။
ဖိုးချဲ (AMIA)
Exclusive Content for Htwet Toe
-------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


NewsFeed
Communities
Explore
Inbox
Me
Market Price