cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးကန်တွေမှာ ဆားကို ဘာကြောင့်သုံးလဲ?

. Fish Articles
နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ဆားထည့်ပေးခြင်း ဖြင့် ငါးရဲ့အပေါ်ယံအကျိအချွဲလွှာကို ပိုထူစေပါတယ်။
  • ငါးကန်တွေမှာ ဆားကိုထည့်ပေးတာဟာ အောက်ပါကောင်းကျိုးတွေရှိပါတယ်-

    ငါးမျိုးစိတ်များအပေါ် ထိခိုက်မှုမရှိခြင်း

    ရောဂါကျနေသော ငါးတွေကို ကုသနိုင်ခြင်း

    ကပ်ပါးရောဂါများကို နှိမ်နင်းနိုင်ခြင်း

    နိုက်ထရိုက် အဆိပ်အတောက် ဖြစ်ခြင်းကို လျော့ချပေးခြင်း

    အကျိအချွဲအလွှာဖြစ်ပေါ်စေခြင်း

    ရေတွင်အချိန်အတော်ကြာအာနိသင်ရှိနေခြင်း

    အကုန်ကျသက်သာ၍ ရေရှည်သုံးနိုင်ခြင်း

    ငါးကန်ဇကာကို ထိခိုက်မှုမရှိခြင်း

    ငါးကန်အတွင်း ဆားကိုထည့်တာဟာ အန္တရာယ်ကင်းပါတယ်။ ကန်အတွင်းရှိ ငါးမျိုးစိတ်တွေကလည်း ဆားငန်ရေကို ခံနိုင်တဲ့အတွက် အခြားကပ်ပါးပိုးတွေကိုနှိမ်နင်းရာမှာ ထိရောက်မှုရှိပါတယ်။ ပြီးတော့ ကန်အတွင်းရှိတဲ့ သိပ်လှုပ်ရှား မှုမရှိတဲ့ ကျန်းမာရေးမကောင်းတဲ့ ငါးတွေကိုလည်း ပြန်လည်ကျန်းမာလာစေပါတယ်။ ဆားထည့်ပေးခြင်းဟာ အောက်ပါ ကပ်ပါးတွေကို ထိရောက်စွာ နိုင်နင်းနိုင်ပါတယ်-

    Chilodinella

    Costia

    Ichthyophthirius (Ick, White Spot disease)

    Epistylis

    Glossatella

    Scyphidia

    Trichodina

    တစ်ဆက်တည်းမှာဘဲ ငါးကန်အတွင်း နိုက်ထရိုက်ပမာဏများနေခြင်းဟာ ရေအရည်အသွေးကျဆင်းလာခြင်းကို ပြသလို အမိုးနီးယားပမာဏကိုလည်း တက်လာစေပါတယ်။ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ဆားထည့်ပေးခြင်း ဖြင့် ငါးရဲ့အပေါ်ယံအကျိအချွဲလွှာကို ပိုထူစေပါတယ်။ အဲလိုထူလာစေတာကောင်းပါတယ်။ ကပ်ပါးနဲ့ ဘက်တီးရီးယား တွေကို ချက်ချင်းဝင်မလာနိုင်အောင် ကာကွယ်ပေးပါတယ်။ ဆားဟာ ကန်ထဲမှာ အချိန်အကြာကြီး ပျော်ဝင်နေနိုင်ပြီး အကုန်အကျလည်းသက်သာပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေကို သေစေနိုင်ခြင်းမရှိဘဲ အခြားငါးရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို နိမ်နင်း ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ ပမာဏကိုသာထည့်ပြီး အလွန်အကျွံ ထည့်သွင်းခြင်း မဖြစ် စေရန် အကြံပြုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

    ထွက်တိုး

    Source: Pond Salt - Uses and Benefits - Hydrosphere Water Gardens (pondexperts.ca)

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ - https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes6comments0
views3422