cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အသားတိုးကြက်ခြံဖမ်းစျေးကျပေမယ့် အသားစျေးအတက်မှာပဲရှိနေ

. Market News
အသားတိုးကြက်ခြံဖမ်းစျေးကျဆင်းပေမယ့် အသားစျေးကွက်မှာတော့ ကြက်သားစျေးက ကျရိပ်မပြဘဲ အတက်စျေးတန်းမှာရှိနေသေးကြောင်း အသားတစ်ပိဿာကို ၁၅၀၀၀ ကျပ်အထိရှိနေသလို မွေးမြူရေးအစာစျေးကလည်းသိသိသာသာကျဆင်းခြင်းမရှိဘူးလို့သိရပါတယ်။
  • အသားတိုး ကြက် ခြံဖမ်း ပြန်လည် စျေး ကျဆင်းနေပေမယ့် ကြက်သားစျေး ကတော့ ကျရိပ်မပြဘဲ အတက်စျေးမှာပဲ ငြိမ်နေတယ်လို့မွေးမြူရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

    အသားတိုးကြက်ခြံဖမ်းစျေးက ပြီးခဲ့တဲ့ မတ်လ ပထမပတ်တုန်းက ရန်ကုန်စျေးကွက်မှာ ခြံဖမ်းစျေးတစ်ပိဿာကို ၈၀၀၀ ကျပ်အထိရှိခဲ့ပေမယ့် လက်ရှိဧပြီလမှာ တစ်ပိဿာကို ၅၄၀၀ ကျပ်သာအများဆုံးရှိနေလို့ တစ်ပိဿာကို ၂၆၀၀ ကျပ်လောက်စျေးကျသွားတယ်လို့သိရပါတယ်။

    ရန်ကုန်နည်းတူ အခြားသော တိုင်းနဲ့ပြည်နယ်တွေမှာလည်း အသားတိုးကြက်ခြံဖမ်းစျေးက တစ်ပိဿာကို ၁၅၀၀ ကနေ ၂၂၀၀ လောက်အထိစျေးကျသွားတာတွေ့ရပါတယ်။

    ” အသားတိုးကြက်စျေးကတော့ အရင် မတ်လ တတိယပတ်လောက်တုန်းက ပြန်တက်လာသေးတယ်။အခုက တအိအိနဲ့ ပြန်ကျလာနေတာပေါ့။စျေးကွက်မငြိမ်ဘဲဖြစ်နေတဲ့သဘောပေါ့ ” လို့ ကြက်မွေးမြူရေးလုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

    အသားတိုးကြက်ခြံဖမ်းစျေးကျဆင်းပေမယ့် အသားစျေးကွက်မှာတော့ ကြက်သားစျေးက ကျရိပ်မပြဘဲ အတက်စျေးတန်းမှာရှိနေသေးကြောင်း အသားတစ်ပိဿာကို ၁၅၀၀၀ ကျပ်အထိရှိနေသလို မွေးမြူရေးအစာစျေးကလည်းသိသိသာသာကျဆင်းခြင်းမရှိဘူးလို့သိရပါတယ်။

    အလားတူ အသားတိုးကြက် ခြံဖမ်းစျေးမတက်လို့ ဗမာကြက်ခြံဖမ်းစျေး ကလည်း တစ်ပိဿာကို ၁၁၀၀၀ ကျပ်သာရှိပြီး အသားစျေးကွက်မှာတော့ ဗမာကြက်သားတစ်ပိဿာကို ၂၅၀၀၀ ကျပ်အထိ စျေးတန်းရှိနေတယ်လို့သိရပါတယ်။

    အသားတိုးကြက်က ပြည်တွင်းမှာ အခြေခံလူတန်းစား စားကုန်ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံတဝန်း ကြက်သားစားသုံးမှုနှုန်းက လည်း တရက်ကို ပျမ်းမျှ ကြက်သားပိသာချိန် ၆ သိန်းခန့် ရှိတယ်လို့ စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။

    ပြည်တွင်း မွေးမြူမှုပုံစံက ကြက်မွေးမြူရေးခြံ သီးသန့်ထက် ကြက်နဲ့ ငါးကန်တွဲဖက်မွေးမြူတဲ့ စနစ်နဲ့ မွေးမြူထုတ်လုပ်ကြတာဖြစ်ပါတယ်။

    ချစ်ခွန်းချို(AMIA)

    AMIA မှ ကူးယူဖော်ပြအပ်ပါသည်။

    --------

    မွေးမြူရေး နှင့် သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသော သတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views2048