cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ စျေးကွက်သုံးသပ်ချက် (၁.၄.၂၀၂၄ မှ ၅.၄.၂၀၂၄)

. Market Analysis
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတွေ ပြန်မြင့်တက်လာပြီး သိန်း ၃၀ ကျော်အထိ ဈေး ပြန်ရောက်ရှိ လာပါတယ်။
  • မတ်ပဲ

     

    မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတွေ ပြန်မြင့်တက်လာပြီး သိန်း ၃၀ ကျော်အထိ ဈေး ပြန်ရောက်ရှိ လာပါတယ်။ ပိတ်ရက်နား နီးလာတာနဲ့အမျှ ဝယ်ယူမှုတွေ များလာလို့ ဈေးပြန်မြင့်တက်လာတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်း ရွှေဈေး ငွေလဲလှယ်နှုန်း ဈေးမြင့်တက်လာတာ တွေကလည်း ပဲဈေးကို မြင့်တက်လာတာလို့လည်း သိရပါတယ်။

     

    လက်ရှိပဲဈေး မြင့်တက်တာတွေက ပိတ်ရက်ကြောင့် ဖြစ်နိုင်သလို အခြားအကြောင်းတွေကြောင့်လည်း တက်လာတာဖြစ်လို့ ရေရှည်ဆက်ပြီး တက်ဖို့က ခန့်မှန်းရခက်တယ်လို့ ကုန်သည်ကြီး အချို့က ပြောပါတယ်။

     

    လက်ရှိမှာတော့ ပြည်တွင်း မတ်ပဲဈေး မြင့်တက်လာမှု နဲ့အတူ အိန္ဒိယနိုင်ငံမှာပါ မတ်ပဲ ဈေးတွေ မြင့်တက်လာပြီး ချန်နိုင်း ဈေးကွက်မှာ မြန်မာမတ်ပဲ တစ်တန်ကို ၉၅၇၅ ရူပီးထိ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ၁၇၅ ရူပီးလောက် မြင့်တက်လာခဲ့ပါတယ်။

     

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၁၂၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ယှဉ်ရင် တစ်တန်ကို ၁၅၀၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို   ၃၃၇၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၉၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၀၃၀  မှ ၅၀၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေး တက်လာပါတယ်။

     

    မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၂၈၀၀၀၀ မှ ၂၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

     

    ပဲစဥ်းငုံနီ

     

    ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးမြင့်တက်လာတာ ဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ဈေးမြင့်တက်လာလာပါတယ်။ မတ်ပဲဈေးမြင့်တက်တဲ့ အတွက် ပဲစင်းငုံနီဈေးပါ မြင့်တက်လာတာ ဖြစ်ပြီး နယ်ဈေးကွက်တွေမှာတော့ အရောင်းအဝယ် သိပ်မရှိဘူးလို့ သိရပါတယ်။ လှောင်လက် သမားတွေ လက်ထဲမှာ ရှိနေတာ ဖြစ်လို့ လက်ရှိ အတက်ဈေး နဲ့ ထုတ်ရောင်းတာတွေ ရှိပေမယ့် လက်ကျန်နည်းလို့ အများကြီး ထုတ်ရောင်းတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

     

    ပဲစင်းငုံနီက ပြည်တွင်း ဈေးကွက်မှာလည်း မြင့်တက်နေသလို အိန္ဒိယ ချန်နိုင်ဈေးကွက်မှာလည်း မြင့်တက်ပါတယ်။ မြန်မာ ပဲစင်းငုံ တစ်တန်ကို ၁၀၅၂၅ ရူပီးပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၄၂၅ ရူပီးလောက် ဈေးမြင့်တက်လာပါတယ်။

     

    အိန္ဒိယနိင်ငံ ရဲ့ ရွေးကောက်ပွဲ မကြာခင် စတော့မှာဖြစ်လို့ ပဲဈေးကျဆင်းဖို့ အတွက် အိန္ဒိယအစိုးရ အဖက်ဖက်ကနေ အရေးယူတာမျိုး အခြားနိုင်ငံတကာကနေ ပဲ တင်သွင်းတာမျိုး တောင်သူတွေ ဆီကနေ ပဲကို သတ်မှတ်ဈေးထက် ကျော်လွန် ဝယ်ယူတာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အိန္ဒိယ ကို အဓိက ထား တင်ပို့နေတဲ့ မြန်မာ့ ပဲ တွေကတော့ အများကြီး တက်နိုင်ခြေ မရှိလောက်ဘူးလို့ သုံးသပ်ရပါတယ်။

     

    ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၉၂၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ် သောကြာနေ့ နဲ့ ယှဉ်ရင် တစ်တန်ကို ၂၂၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ လာမယ့် ပိတ်ရက် အတွင်း တစ်တန်ကို သိန်း ၄၀ ကျော် နိုင်တယ်လို့ ခန့်မှန်းပေမယ့် ပိတ်ရက်အတွင်း ဈေးအေးသွားနိုင်လို့ ကျဆင်းသွားနိုင်ခြေလည်း ရှိတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

     

    အလားတူ မန္တလေး စျေးကွက်မှာလည်း  ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၇၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

     

    ငရုတ်

     

    ငရုတ်ကတော့ ပြည်ပတင်ပို့မှုလည်း မရှိသေးတဲ့အပြင် ပြည်တွင်းမှာလည်း ရောင်းအားလျော့နည်းတဲ့ အတွက် ဈေးတွေက ဆက်တိုက် ကျဆင်းပါတယ်။ ငရုတ်အသစ်တွေကလည်း နယ်စုံကနေ အဝင်ရှိနေတယ်လို့သိရပါတယ်။

     

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ငရုတ်ဆင်ဖြူကျွန်းက တစ်ပိဿာကို ၉၀၀၀ မှ ၉၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ ငရုတ် ပန်းရဲ ကတော့ ၄၈၀၀ မှ ၅၂၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ် ၊ ငရုတ် မြှားနီကတော့ တစ်ပိဿာကို ၄၈၀၀ မှ ၅၂၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။

     

    အာလူး

     

    ဈေးတွေ ဆက်တိုက်ကျဆင်းခဲ့တဲ့အာလူးက တစ်ပတ်အတွင်း ဈေးပြန်မြင့်တက်လာပါတယ်။ စျေးကွက်ထဲ အာလူးအဝင်နည်းလာပြီး အဝယ်များလာတဲ့အတွက် ဈေးမြင့်တက်လာတာလို့ သိရပါတယ်။

     

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ အာလူး(ဟဲဟိုး) တစ်ပိဿာကို ၁၆၀၀ ကနေ ၂၁၀၀ ကြားရှိပြီး တစ်ပိဿာကို ၄၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

    AMIA


  • article
likes7comments0
views2192