cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပိုးစေးနှဲ အလွယ်နှိပ်နင်းနည်း ၇ သွယ်

. Pests Management
ပန်းကန်ဆေးဆပ်ပြာဆီနဲ့ရေနဲ့ ရောဖျန်းတဲ့နည်းဖြစ်ပါတယ်။ ရေတစ်ဂါလံမှာ ဆပ်ပြာဆီ တစ်ဇွန်း ထည့်ရောပြီး အရွက်အောက်ပါမကျန် တစ်ပင်လုံးကို ဖျန်းပေးရပါမယ်။
  • ကျွန်တော်တို့ ထွက်တိုးအနေနဲ့ သီးနှံပင်တွေမှာ ကျတက်တဲ့ ပိုးစေးနှဲအကြောင်း ရေးသားပြီးဖြစ်လို့ ပိုးစေးနှဲ အကြောင်းကို အကျယ်တဝင့် မရေးသားတော့ပါဘူး။ သိုပေမယ့် ပိုးစေးနှဲကို နိမ်နင်းရာမှာ အသုံးဝင်မယ့် နည်းလမ်း ၇ သွယ်ကို အတိုချုံး ရေးသားလိုက်ပါတယ်။

    နည်းလမ်း (၁) ရေနဲ့ဆေးခြင်း

    ဒီနည်းကတော့ အလွယ်ဆုံးနည်းဖြစ်ပြီး အကောင်အရေအတွက် မများဘဲ စကျခါစမှာ လုပ်လို့ရတာပါ။ မီးဖိုချောင်ဘေစင်၊ ရေချိုးခန်းပိုက်ခေါင်းနဲ့ ရေပန်းတွေမှာ ဆေးလို့ရပါတယ်။ ဒါပေမယ့် ကျိုးလွယ်ပဲ့လွယ်တဲ့ အပင်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။

    နည်းလမ်း (၂) ဝါဂွမ်းလုံးနဲ့ အရက်ပျံစိမ်၍တို့ခြင်း

    ဒီနည်းလုပ်မယ်ဆိုရင်တော့ အရင်ဆုံး တစ်ပင်လုံးမလုပ်ခင် အရွက်တစ်ရွက်ကို စမ်းတုံ့ပြီး စိတ်ချရမှ တစ်ပင်လုံးကို သုတ်လိမ်းသင့်တဲ့နည်း ဖြစ်ပါတယ်။ ဝါဂွမ်းလုံးနဲ့ အရက်ပျံကိုတုံ့ပြီး ပိုစေးနှဲရှိတဲ့နေရာကို သုတ်လိမ်းဖယ်ရှားလို့ရပါတယ်။

    နည်းလမ်း (၃) ဆပ်ပြာနဲ့ဖျန်းခြင်း

    ဒီနည်းကတော့ ပန်းကန်ဆေးဆပ်ပြာဆီနဲ့ရေနဲ့ ရောဖျန်းတဲ့နည်းဖြစ်ပါတယ်။ ရေတစ်ဂါလံမှာ ဆပ်ပြာဆီ တစ်ဇွန်း ထည့်ရောပြီး အရွက်အောက်ပါမကျန် တစ်ပင်လုံးကို ဖျန်းပေးရပါမယ်။

    နည်းလမ်း (၄) တမာဆီနဲ့ဖျန်းခြင်း

    ဒီနည်းမှာ တမာဆီ တစ်ဇွန်း သို့မဟုတ် နှစ်ဇွန်း၊ ပန်းကန်ဆေးဆပ်ပြာဆီ တစ်ဇွန်း သို့မဟုတ် နှစ်ဇွန်းနဲ့ ရေခပ်နွေးနွေး တစ်ဂါလံကို ရောစပ်ပြီး ဖျန်းရတာပါ။ မနက်ပိုင်းနဲ့ ညနေပိုင်း ဖျန်းရင် ပိုကောင်းပါတယ်။

    နည်းလမ်း (၅) သဘာဝ အင်းဆက်ဖြင့် နှိမ်နင်းခြင်း

    နဂျီကဲ့သို့သော သဘာဝ အင်းဆက်များထည့်ထားပေးခြင်းဖြင့် ပိုးစေးနှဲအကောင်များကို နှိမ်နင်းနိုင်ပါတယ်။

    နည်းလမ်း (၆) မီးဖိုချောင်သုံးပစ္စည်းများဖြင့် နှိမ်နင်းခြင်း

    မီးဖိုချောင်မှာ ရနိုင်တဲ့ပစ္စည်းတွေနဲ့ လုပ်တဲ့နည်းဖြစ်ပါတယ်။ ကြက်သွန်ဖြူ တစ်လုံး၊ ကြက်သွန်နီတစ်လုံး၊ ငရုတ်ကောင်းမှုန့်တစ်ဇွန်းကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။ ရလာတဲ့ ကြိတ်သားကို ရေတစ်လီတာခန့်တွင် ရောမွှေ၍ တစ်နာရီခန့် နှပ်ထားပါ။ ပြီးလျှင် အဝတ်စတစ်ခုနဲ့ စစ်ပြီး ပန်းကန်ဆေးဆပ်ပြာနဲ့ရောဖြန်းလို့ရပါတယ်။

    နည်းလမ်း (၇) ပိုးသက်ဆေးဖျန်းခြင်း

    ဒီနည်းကတော့ ပိုးစေးနှဲနှိမ်နင်းနိုင်မယ့် ဆေးတစ်မျိုးမျိုးကို နီးစပ်ရာပိုးသက်ဆေးဆိုင်မှာဝယ်ပြီးဖျန်းလို့ရပါတယ်။

    ထွက်တိုး

    Source: How to Get Rid of Mealybugs: 7 Easy Methods (thespruce.com)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
likes16comments0
views2228