cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မှိုစားခြင်းမှ ရရှိနိုင်တဲ့ ကောင်းကျိုး (၇)ဖြာ အကြောင်း

. Health Articles
မှိုစားခြင်းဖြင့် နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးပါတယ်။ အမဲသား၊ သိုးသားနဲ့ အခြားအနီရောင်ရှိတဲ့ အသားတွေအစား မှိုကိုစားသုံးသင့်ပါတယ်။
  • ကျွန်တော်တို့ စားသုံးနေတဲ့မှိုမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဆီလီနီယမ်ဓါတ်၊ ဗိုက်တာမင် ဘီဆစ်၊ ရစ်ဘိုဖလဘင်၊ နိုင်အာဆင်၊ ပန်တိုသန်းနစ်အက်ဆစ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့ မှိုကို စားခြင်းဖြင့် အောက်ပါ ကောင်းကျိုးတွေရရှိမှာ ဖြစ်ပါတယ်-

    ၁။ ကိုယ်ခံအားကောင်းစေခြင်း

    နာတာရှည်ယောင်ရမ်းတာဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ အခြားရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ကျွန်တော်တို့ စားသုံးနေတဲ့ မှိုတွင် ပါဝင်တဲ့ ဆန့်ကျင်ဓါတ်တိုးပစ္စည်းတွေဟာ စိတ်ဖိစီးခြင်းနဲ့ ဆဲတွေပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ခုခံအားစနစ်ကို ကောင်းစေပြီး ကင်ဆာဆဲလ်တွေ ပေါက်ဖွားမလာအောင်လည်း တာဆီးပေးပါတယ်။ ဒါကြောင့် မှိုများများစားသုံးခြင်းဖြင့် ရင်သားကင်ဆာဖြစ်နှုန်းကို လျော့ချပေးတယ်လို့ဆိုပါတယ်။

    ၂။ သွေးဖိအားကိုလျော့ကျစေခြင်း

    မှိုထဲမှာပါတဲ့ ပိုတက်စီယမ်ဟာ သွေးဖိအားကို လျော့ကျစေတဲ့အတွက် သွေးတိုးရောဂါကို လျော့ကျစေပါတယ်။ ပြီးတော့ နှလုံးသွေးကြောကျဉ်းတာကိုလည်း လျော့နည်းစေပါတယ်။

    ၃။ ကိုယ်အလေးချိန်ကျစေခြင်း

    မှိုစားခြင်းက ကိုယ်အလေးချိန်ကျစေပါတယ်။ အသားစားခြင်းရဲ့ ၂၀ ရာခိုင်နှုန်းကို အသားအစား မှိုကိုအစားထိုးစားမယ်ဆိုရင် ကိုယ်အလေးချိန်ကျလာမှာ သေချာပါတယ်။

    ၄။ ဗိုက်တာမင်ဒီဓါတ်ရခြင်း

    ကျွန်တော်တို့ရဲ့ အရိုးကျန်းမာရေးအတွက် ဗိုက်တာမင်ဒီဟာ အဓိကလိုအပ်ပါတယ်။ မှိုတဲ့မှာပါတဲ့ အာဂိုစတီရော ဓါတ် (ergosterol) ဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ ဗိုက်တာမင်ဒီဓါတ်ပြောင်းသွားလို့ ကျွန်တော်တို့ရဲ့ အရိုးကျန်းမာရေးကို လွန်စွာအထောက်အကူပြုပါတယ်။

    ၅။ ဦးနှောက်ကျန်းမာရေးကို ကောင်းစေခြင်း

    မှိုတွင် ပိုလီဖီနော(polyphenol)နဲ့ အခြားဆန့်ကျင်ဓါတ်တိုးပစ္စည်းတွေပါဝင်ပါတယ်။ ဒါတွေက မှတ်ဉာဏ်ချွတ် ယွင်းခြင်းနဲ့ အာရုံကြောအားနည်းခြင်းရဲ့ရလဒ်ဖြစ်တဲ့ ခြေလက်တုန်တာတွေကို ကာကွယ်ပေးပါတယ်။

    ၆။ နှလုံးအားကောင်းစေခြင်း

    မှိုစားခြင်းဖြင့် နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးပါတယ်။ အမဲသား၊ သိုးသားနဲ့ အခြားအနီရောင်ရှိတဲ့ အသားတွေအစား မှိုကိုစားသုံးသင့်ပါတယ်။

    ၇။ အူလမ်းကြောင်းကိုကောင်းစေခြင်း

    မှိုစားခြင်းဖြင့် ကျွန်တော်တို့ရဲ့ အူလမ်းကြောင်းမှာရှိတဲ့ အစာခြေစနစ်ကိုအထောက်အကူပြုပြီး အကျိုးပြု ဘက်တီးရီးယားတွေပေါက်ဖွားတာကို အားပေးပါကြောင်း ဆွေးနွေးလိုက်ရပါတယ်ခင်ဗျာ။

    ထွက်တိုး

    Source: Health Benefits of Mushrooms (clevelandclinic.org)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes13comments0
views1655