သင်္ကြန်ထမင်း (မွန်ရိုးရာ သင်္ကြန်ထမင်း)
သင်္ကြန်နားနီးပြီဆိုတော့ ဖယောင်းနံသင်းသင်းလေးနဲ့သင်္ကြန်ထမင်းချက်နည်းလေး မျှဝေပေးလိုက်ပါတယ်နော်
အရင်ဆုံးသင်္ကြန်ထမင်းရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ဖယောင်ရည်လုပ်ရပါမယ်
၁။ဖယောင်းရည်လုပ်ဖို့အတွက် ခွက်အသေးတစ်လုံးထဲကို မီးစာထုတ်ထားပြီးသာဖယောင်တိုင်တစ်တိုင်နဲ့ မီိးကြည်ခဲအနည်းငယ်ကို ရောထည့်ပြီး ဒန်အိုးအလွတ်ထဲထည့်ပြီးအဖုံးဖုံးထားလိုက်ပါမယ်၊ခနစောင့်ပြီး ဖယောင်းတွေ အရည်ပျော်လောက်ပြီဆိုရင် ဒန်အိုးထဲ ခွက်အသေးကို ထုတ်ပြီးမှ ရေသန့် ၁လီတာ လောင်းထည်ပြီး အဖုံးပြန်ဖုံးထားလိုက်ရင် ဖယောင်းရည်ရပါပြီ (ဖယောင်းရည်ကို ဒန်အိုးထဲမထားပဲ ရေသန့်ဗူးထဲ ပြန်ထည့်ထားလို့လည်းရပါတယ်)
၂။ထမင်းအတွက်ကတော့ ပုံမှန်အတိုင်းချက်ထားတဲ့ ထမင်းကို အိုးထဲကထုတ်ပြီ ဇကားပေါ်မှာ ဖြန်ခင်းလိုက်ပါမယ် ပြီးရင် ရေနဲ့တစ်ခါလောက်ဆေးလိုက်ပါ (ထမင်းစီးခဲမနေအောင်ပါ) အေးအေးလေးစားရအောင် ထမင်းကို ရေခဲရေနဲ့စိမ်ထားလိုက်ပါမယ်
၃။တွဲစားဖို့ သရက်သီးကြော်ကြော်ပါမယ် သရက်သီးနဲ့ရောကြော်ဖို့ ငါးခြောက်တစ်ကောင်လောက်ကို အပိုင်းလေးတွေခုတ်ပြီး နာရီဝက်လောက်ရေစိမ်ပြီးရင် ပြုတ်ထားလိုက်ပါမယ်၊ကြက်သွန်နီ ၇/၈လုံးလောက်ကိုလည်း အခွံခွာပြီးလေးစိပ် စိပ်ထားပါမယ်၊သရက်သီး မချစ်စု အနေတော်၂လုံးကို အခွံခွာပြီး အခြာင်းလေးတွေရအောင် ခြစ်ပါမယ် ပြီးရင် သရက်သီးကို ဆား၊အရသာမှုန့်နဲ့ နယ်ပြီးခနနှပ်ထားတုန်း ပြုတ်ထားတဲ့ ငါးခြောက်ကို ညက်အောင် ထောင်းပါမယ် (ငါးခြောက်မကြိုက်ရင် ပုဇွန်ခြောက်နဲ့လဲရပါတယ်နော်)
၄။သရက်သီးကြော်ဖို့အတွက် အိုးထဲကို ဆီထည့်ပါမယ် ဆီဆူလာရင် ဆနွင်းမှုန့်နည်းနည်းထည့်ပါမယ် ပြီးရင် လေးစိပ်စိပ်ထားတဲ့ ကြက်သွန်နီတွေထည့်ပြီး ဆီသတ်ပါမယ် နယ်ထားတဲ့ သရက်သီးထည့်ပါမယ် ငပိနည်းနည်းထည့်ပြီး သမအောင်မွှေပါမယ် သရက်သီးတွေ နွမ်းလာရင် ထောင်းထားတဲ့ငါခြောက်ကို ထည့်မွှေပါမယ် အိုးမကပ်အောင် မပျက်မွှေပေးပါရေနည်းနည်းထပ်ထည့်ပြီး ဆာ၊အရသာမှုန့်ထည့်ပါမယ် သရက်သီးတွေနူးပြဲပြီး ငါခြောက်ထောင်းနဲ့ရောသွားပြီး အရောင်ပြောင်တဲ့အထိ ချက်ပေးလိုက်ပါမယ် အရသာမြည်းကြည့်ပြီး အရသာအဆင်ပြေပြီဆိုရင်ကြက်သွန်နီကြော်ထားတဲ့အဖတ်လေးတွေထည့်လိုက်ရင် သင်္ကြန်သရက်သီးကြော်ရပါပြီ။
ထမင်းအေးအေးကို ဖယောင်ရည်လေးစမ်းပြီးသရက်သီးကြော်ချဉ်ချဉ်လေးနဲ့ ငရုတ်သီးလှော်လေးကိုတွဲစားလိုက်မှ သင်္ကြန်က ပြည့်စုံသွားမှာပါ။
မူရင်း Han blog