cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဆောင်းနှမ်းလက်ကျန်နည်းနေပြီး နွေနှမ်းစိုက်ချိန် ဖြစ်၍ နှမ်းစျေးအမြင့်စျေးဖြင့် ငြိမ်နေ

. Market News
နှမ်း တစ်တန်လျှင် FOB စျေး အရ 1650မှ1700ဒေါ်လာ ပေါက်စျေးရှိကြောင်း သိရသည်။
  • ဆောင်းနှမ်းလက်ကျန်နည်းနေပြီး နွေနှမ်းစိုက်ချိန် ဖြစ်၍ နှမ်းစျေး အမြင့် စျေးဖြင့် ငြိမ်နေကြောင်း ကုန်စည်ဒိုင်များထံမှ သိရသည်။

    နှမ်း လက်ကျန်နည်းနေသော်လည်း တရုတ်ဘက်မှ အဝယ်ပုံမှန် မရှိသည့်အတွက် စျေးငြိမ်နေခြင်း ဖြစ် ကြောင်း ကုန်သည်များက ဆိုသည်။

    အောင်လံကုန်စည်ဒိုင် ဧပြီ၉ ရက်နေ့ ဈေးကွက် ပေါက်ဈေးအရ နှမ်းနက် စမှုံ ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ် ၃၅၀၀၀၀ကနေ ၃၈၀၀၀၀ ကြားထိ ပေါက်ဈေးရှိပြီး၊ နှမ်းဖြူမှာ ၃၅၀၀၀၀ကျပ် ၊ နှမ်းညိုမှာ ၃၄၀၀၀၀ ကျပ်ထိ အမြင့်စျေးတွင် ငြိမ်နေကြောင်းသိရပါသည်။

    ထို့အပြင် မန္တလေး ကုန်စည်ဒိုင်မှာ နှမ်းနက် စမှုံ ၄၅ ပိဿာဝင် တစ်အိတ်ကို ငွေကျပ် ၃၅၅၀၀၀ကနေ ၄၀၀၀၀၀ ကြား ထိ ပေါက်ဈေးရှိပြီးနှမ်းဖြူ (ဂျပန်) က ၄၀၀၀၀၀မှ ၄၀၅၀၀၀ ကျပ်၊ နှမ်းဖြူ ခြုံကျော် ၂၉၅၀၀၀မှ ၃၉၀၀၀၀ ကျပ် အထိပေါက်စျေးရှိကြောင်း သိရသည်။

    “စျေးကွက်မှာ ဆောင်းနှမ်းလက်ကျန်နည်းနေတယ်။ အခုကနွေနှမ်းစိုက်ချိန် ပစ္စည်းကလဲ သိပ်မရှိဘူး။ တရုတ်ဝယ်လက် တစ်ခုပဲရှိတယ်။ ဒီစျေးမှာ တက်ပြီးကတည်းက တန့်နေတာ ကြာပြီ ။ ကျလဲ နည်းနည်းပဲ ” ဟု အောင်လံမြို့မှ နှမ်းကုန်သည် တစ်ဦးကပြောသည်။

    နှမ်းစျေးကွက်မှာ အရည်အသွေးရှိသည့် အက်စစ်အောင်သည့် နှမ်းများကိုသာ အဓိကထား အရောင်းဝယ် လုပ်ကြကြောင်းသိရသည်။

    လက်ရှိ နှမ်းဖြူမှာ တရုတ်ဝယ်လက်နှင့် လုပ်ငန်းရှင်များ အဝယ်နည်းနေသည့် အတွက် စျေးငြိမ်ပြီး နှမ်းနက် နှင့် နှမ်းညိုကတော့ ဆီစက်သမားများ အဝယ်ရှိကြောင်းသိရသည်။

    “အခုက နှမ်းက စျေးကွက်ထဲ သိပ်မရှိတော့ဘူး။ လှောင်သမားနဲ့ လုပ်ငန်းသမားတွေ အဝယ်နည်းလို့ စျေးငြိမ်နေတယ် အက်စစ်အောင်တဲ့ နှမ်းကလဲ မရှိသလောက်ရှားသွားပြီ ဒါကြောင့်လဲ အေးနေတာ။” ဟု မန္တလေးမြို့ မှ နှမ်းကုန်သည်တစ်ဦးကပြောသည်။

    ယခင်က မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး လက်ရှိတရုတ်နိုင်ငံ တစ်ခုတည်းကသာ အဝယ်အနည်းငယ်ရှိကြောင်း သိရသည်။

    ပြည်တွင်းနှမ်း များကို တစ်နှစ်လျှင် တရုတ်ဘက်သို့ တန်ချိန် ၃သိန်းခန့် တင်ပို့လျှက်ပြီး လက်ရှိ တင်ပို့မူ လျော့ကျနေကြောင်းသိရသည်။

    နှမ်း တစ်တန်လျှင် FOB စျေး အရ 1650မှ1700ဒေါ်လာ ပေါက်စျေးရှိကြောင်း သိရသည်။

    နှမ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် နှမ်းညို၊ နှမ်းဖြူ၊ နှမ်းနက်မျိုးများကိုသာ အများဆုံး စိုက်ပျိုးကြပြီး ယခုအချိန်တွင် ရေပေးဝေမှု စောသောကြောင့် နွေနှမ်းများကို အစောဆုံး စိုက်ပျိုး ကြ‌ပြီး နွေနှမ်းစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း ၃၅၀,၀၀၀ ကျပ် ကုန်ကျကြောင်း၊ ယခင်နှစ် နွေနှမ်းအထွက်နှုန်းများအနေဖြင့် တစ်ဧက လျှင် ၈ တင်းခန့်ထွက်ရှိကြောင်းလည်း သိရသည်။

    လက်ရှိဘဏ္ဍာနှစ် ၈ လအတွင်း ပြည်ပသို့ နှမ်းတင်ပို့မှုမှ ဒေါ်လာ ၅၅ သန်းကျော်သာရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းကျော် လျော့ကျကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ သိရသည်။

    ဖိုးချဲ(AMIA)

    -------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes1comments0
views1370