ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် ငါးမွေးတောင်သူများအား အကြံပြုချက်
ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင်၊ ငပုတောမြို့နယ်
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့မှ (၁၈)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့နယ် ၂၀ တွင် မိုးရွာရန် ၁၀ ရာခိုင်နှုန်း အောက် သာရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။
🐟 ရာသီဥတုပူလာသဖြင့် အပူချိန်ရုတ်တရက်ပြောင်းလဲသွားခြင်း(Shock)မဖြစ်စေရန် ဂရုပြုရန်၊
🐟 ငါးရောဂါများ (ဥပမာ- ငါးအနီစက်ရောဂါ)ကျနိုင်သဖြင့် ဂရုစိုက်ရန်၊
🐟 ငါးသားဖောက်ကန်များ အစာကို အလေးထားကျွေးရန်၊
🐟 ရေချဉ်ဖန်နှုန်းစစ်ဆေးပေးရန်၊
🐟 အမိုးနီးယားပမာဏကို စစ်ဆေးပေးရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။